နောက်ဆုံးပေါ်စမ်းသပ်နည်းများဖြစ်သည့် Low Dose CT scan နှင့် EBUS တို့ဖြင့် အဆုတ်ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်ပါသည်။ - Vejthani Hospital | JCI Accredited International Hospital in Bangkok, Thailand.

ကျန်းမာရေးဆိုင်ရာ စာစောင်များ

နောက်ဆုံးပေါ်စမ်းသပ်နည်းများဖြစ်သည့် Low Dose CT scan နှင့် EBUS တို့ဖြင့် အဆုတ်ကင်ဆာကိုရှာဖွေစစ်ဆေးနိုင်ပါသည်။

Share:

အဆုတ်ကင်ဆာသည် ကမ္ဘာတစ်ဝှမ်းတွင် ကင်ဆာရောဂါနှင့် ဆက်နွှယ်သေဆုံးမှုများ၏ အဓိကအကြောင်းအရင်းဖြစ်ပြီး အချိန်နှောင်းသွားသည်အထိ တိတ်တဆိတ်ခြိမ်းခြောက်တတ်သော ရောဂါများထဲတွင် အပါအ၀င်ဖြစ်သည်။ 

အစောပိုင်းအဆင့် အဆုတ်ကင်ဆာသည် ရောဂါလက္ခဏာများကို နည်းပါးစေသော်လည်း ရောဂါရှာဖွေမှုနောက်ကျခြင်းကြောင့် နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါသည်။ စမ်းသပ်စစ်ဆေးမှုများသည် ကင်ဆာရောဂါမဖြစ်ပွားစေရန် ကူညီပေးနိုင်သည်။

နာတာရှည် ချောင်းဆိုးခြင်း သို့မဟုတ် သလိပ်ထွက်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အကြောင်းရင်းသေချာမရှိပဲ ကိုယ်အလေးချိန်ကျခြင်း၊ အသံသြခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းတို့သည် အဆုတ်ကင်ဆာ၏ လက္ခဏာများ ဖြစ်လေ့ရှိသည်။ ဤလက္ခဏာများသည် ရက်သတ္တပတ်များစွာကြာကြာ ဆက်လက်ရှိနေပါက ဆေးဝါးကုသမှုခံယူရန် ချက်ချင်းအကြံပြုလိုပါသည်။

Low-Dose CT SCAN သည် အဆုတ်ကင်ဆာကို အစောဆုံး၊ ကုသနိုင်သော အဆင့်များတွင် ရှာဖွေပေးနိုင်သည့် အစွမ်းထက်သော စစ်ဆေးရေးကိရိယာတစ်ခုဖြစ်သည်။ ၎င်းသည် ခွဲစိတ်ရခြင်းမျိုးမဟုတ်ပဲ၊ လျင်မြန်ပြီး ရလာဒ်ကိုပြသနိုင်သော ပုံရိပ်ဖော်စစ်ဆေးခြင်းတစ်ခုဖြစ်သည်—အထူးသဖြင့် အသက် 50 နှင့်အထက် ဆေးလိပ်သောက်ဖူးသူများ သို့မဟုတ် အန္တရာယ်ရှိသောလေထုညစ်ညမ်းမှုများဖြင့် အမြဲထိတွေ့နေရသူများအတွက် သင့်တော်ပါသည်။ 

သမားရိုးကျ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနှင့် မတူဘဲ Low-Dose CT Scan သည် လူနာများအား အောင်မြင်သော ကုသမှုနှင့် ကင်ဆာကြောင့် အသက်ရှင်သန်ရန် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကို ပေးစွမ်းနိုင်ပြီး အသေးငယ်ဆုံးသော အကျိတ်အဖုများရှိပါက သိရှိနိုင်သည်။

CT စကင်န်ရလဒ်များသည် နောက်ထပ်စုံစမ်းစစ်ဆေးမှုလိုအပ်သည့် မူမမှန်မှုများကို ဖော်ပြပါက၊ ဆရာဝန်သည် EBUS-TBNA (Endobronchial Ultrasound-Guided Transbronchial Needle Aspiration) ကို စဉ်းစားနိုင်သည်။ ၎င်းသည် ခွဲစိတ်ရန်မလိုအပ်ဘဲ ရင်ဘတ်အတွင်းရှိ lymph nodes သို့မဟုတ် ဒဏ်ရာများမှ တစ်ရှူးများကို တိကျသောအမြင်အာရုံနှင့် ပုံဖော်ပြသနိုင်စေမည့် အာထရာဆောင်းဖြင့်ပေါင်းစပ်ထားသော bronchoscopic နည်းပညာတစ်ခုဖြစ်သည်။
EBUS-TBNA သည် ဘေးကင်းသော၊ တိကျပြီး အမြန်ကုသမှုကိုရရှိအောင် ပေးစွမ်းနိုင်သောကြောင့် ရင်ဘတ်တွင် အဖုအကျိတ်ရှိသူများ သို့မဟုတ် အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိသူများ အတွက် သင့်လျော်ပါသည်။ သင် သို့မဟုတ် သင်နှင့် နီးစပ်သူတစ်ဦးဦးသည် ပုံမှန်မဟုတ်သော လက္ခဏာများ သို့မဟုတ် ရင်ဘတ်တွင် အဖုတစ်ခုတွေ့ရှိပါက၊ နှောင့်နှေးမနေပါနှင့် — မှန်ကန်သောအကဲဖြတ်ရန် သင့်ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ။

For more information, please contact

Life Cancer Center, Vejthani Hospital
Call: (+66)2-734-0000 Ext. 4500
English Hotline: (+66)85-223-8888

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating