သွေးကြောကျဉ်းရောဂါဖြစ်စေသော အဓိက အချက် ၅ ချက် အကြောင်း
နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးထောက်ပံ့မှု လျော့နည်းသွားသည့်အခါ

Vejthani ဆေးရုံမှ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန် ဒေါက်တာ Chawakorn Leampriboon က နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်သောနည်းလမ်းအမျိုးမျိုးကို ရှင်းပြထားပါသည်။ ကျဉ်းနေသောသွေးလွှတ်ကြောများကို ချဲ့ထွင်ရန်အတွက် ဆေး၀ါးများပေးကာ ကုသနေရခြင်းမှ balloon angioplasty စသည့် အသေးစားခွဲစိတ်မှုအထိပါ များစွာသော ကုသနည်းများရှိပါသည်။ သိသာထင်ရှားသော ပိတ်ဆို့ခြင်းမျိုးဖြစ်ပြီး ပိုမိုရှုပ်ထွေးသောကိစ္စများတွင် ဆရာဝန်မှ သွေးကြောဆိုင်ရာ သွေးလွှတ်ကြောဖြတ်တောက်ခြင်းခွဲစိတ်မှု (CABG) နည်းဖြင့် ကုသခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပြောကြားထားပါသည်။ ယခုနည်းတွင် နှလုံးသို့ကျန်းမာသောသွေးစီးဆင်းမှုကို ထိထိရောက်ရောက်ပြန်လည်ကောင်းမွန်လာစေရန် သွေးကြောအသစ်များဖြင့် ပိတ်ဆို့နေသောသွေးလွှတ်ကြောများတဝိုက်တွင် လမ်းကြောင်းအသစ်ဖန်တီးခြင်း ဖြစ်ပါသည်။
Off-Pump Coronary Artery Bypass Grafting (Off-Pump CABG) ဟုခေါ်သော ခွဲစိတ်မှုနည်းလမ်းသည် နှလုံးရောဂါကို ကုသရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ အဆိုပါနည်းပညာသည် ခွဲစိတ်ဆရာဝန်များအား လူနာနှလုံးခုန်နေသည့်အချိန်တွင်သာ တခါတည်း ခွဲစိတ်မှုပြုလုပ်နိုင်စေပြီး ပြင်ပမှအသုံးပြုရသော နှလုံးနှင့်အဆုတ် အလုပ်လုပ်စက်လိုအပ်မှုကို မလိုအပ်တော့ပါ။ ခွဲစိတ်ဆရာဝန်သည် အထူးကိရိယာများကို အသုံးပြု၍ နှလုံးကို တည်ငြိမ်စေပြီး ပိတ်ဆို့နေသော သွေးကြောများကို နှလုံးခုန်နေစဥ်အတွင်း ဖယ်ရှားပြုပြင်ကုသခြင်းဖြစ်ပါသည်။ ထို့ကြောင့် သမားရိုးကျနှလုံးခွဲစိတ်နည်းလမ်းများနှင့် နှိုင်းယှဉ်ပါက၊ Off-Pump CABG သည် အောက်ပါကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိစေပါသည်။
service@vejthani.com