Health Article

ဆီးကျိတ်ကြီးခြင်းကို ကုသသည် ရေနွေ့ငွေ့သုံးနည်းပညာ REZUME WATER VAPOR THERAPY

Share:

အမျိုးသားများတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆီးကျိတ်ကြီးခြင်းသည် ကင်ဆာအခြေအနေမဟုတ်သော်လည်း ဆီးနှင့်ဆိုင်သောပြဿနာများကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့မှာ ဆီးသွားရခက်ခဲခြင်း၊ ညဘက် ဆီးမကြာခဏသွာားခြင်း၊ ဆီးမထိန်းနိုင်ခြင်း စသည်တို့သည် နေ့စဥ်လူနေမှုဘ၀ကို အနှောက်အယှက်ဖြစ်စေပါသည်။

ယခုအခါ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်သော ခွဲစိတ်စရာမလိုသည့် ဆီးကျိတ်ကြီးခြင်းကို ကုသသည့်နည်းပညာတစ်ခုရှိနေပြီဖြစ်ပါသည်။ ၄င်းကို REZUME WATER VAPOR THERAPY ရေ‌နွေးငွေ့ဖြင့် ကုသခြင်းဟုလည်း ခေါ်ပါသည်။ ယင်းနည်းတွင်နောက်ဆုံးပေါ်နည်းပညာများအကူအညီသုံးကာ ရေနွေးငွေ့ကို သုံးခြင်းအားဖြင့် ဆီးကျိတ်ကြီးစေသည့် အပိုတစ်ရှူးများကို ဖျက်ဆီးပေးပါသည်။ 

ရေနွေးငွေ့သုံး ဆီးကျိတ်ကုသနည်း အကျိုးကျေးဇူးများကတော့

  • ခွဲစိတ်စရာမလိုသောကြောင့် ခွဲစိတ်ဒဏ်ရာမကျန်ခြင်း
  • မေ့ဆေးဒဏ်မခံရခြင်း
  • အချိန် 10-15 မိနစ်မျှသာ လိုအပ်ခြင်း
  • ဆေးရုံတက်ရန်မလိုခြင်း
  • ကုသပြီးခြင်း အနည်းဆုံး ၅နှစ်နှင့်အထက် ပြန်ဖြစ်နိုင်ခြေနည်းခြင်း
  • ကြာရှည်ဆေးများဆွဲသောက်ရခြင်းမှ ကင်း‌ေ၀းစေခြင်း
  • ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်တတ်သော လိင်မှုဆိုင်ရာကျန်းမာရေးပြဿနာများကိုပါ လျော့ကျစေခြင်းတို့ဖြစ်ပါသည်။

Rezum ရေငွေ့ ကုထုံးတွင် ဆရာဝန်သည် ဆီးလမ်းကြောင်းမှတဆင့် ကင်မရာဖြင့် သေးငယ်သော အပ်တစ်ချောင်းကို ဆီးကျိတ်ဂလင်းအတွင်းသို့ ထည့်ပြီး အပူချိန် 106 ဒီဂရီစင်တီဂရိတ်ရှိရေငွေ့ကို ခန့်မှန်းခြေအားဖြင့် 6-10 ကြိမ်၊ တစ်ကြိမ်လျှင် 9 စက္ကန့်ကြာအောင် ပြုလုပ်မည်ဖြစ်ပါသည်။ ရေနွေးငွေ့သည် ဆီးကျိတ်တစ်ဝိုက်ရှိ ဆဲလ်များကို ဖျက်ဆီးကာ ဆီးလမ်းကြောင်းအတွင်း ပိတ်ဆို့ခြင်းများကို ရှင်းလင်းစေသည်။ ထိုသို့ကုသရာတွင် ရေနွေးငွေ့ကို ဆီးကျိတ်အတွင်းသို့ အလွန်သေးငယ်သော အပ်လေးဖြင့်သာ ထိုးခြင်းဖြစ်သောကြောင့် လူအများစိုးရိမ်ကြသော အပူချိန် 106 ဒီဂရီစင်တီဂရိတ် ဖြစ်တာကြောင့် ရေနွေးပူလောင်နိုင်မည်များလည်း စိုးရိမ်စရာမလိုပါ။ ကုသပြီးနောက်ပိုင်း ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ဖြစ်စဥ်များမှ ယင်းဆဲလ်သေတွေကို အလိုအလျောက်ဖယ်ရှားပေးပါလိမ့်မယ်။ ရောဂါလက္ခဏာများသည်လည်း လုပ်ပြိး 4-6 ပတ်အတွင်းစတင်ကောင်းမွန်လာပါလိမ့်မည်။

  • Readers Rating
  • No Rating Yet!
  • Your Rating



Related Posts