Health Article

C spine အရိုးကျိုးခြင်းနှင့်ပက်သက်ပြီး ရှာဖွေကုသခြင်း

Share:

C spine အရိုးကျိုးခြင်းဟုလည်းသိကြသော ကျိုးခြင်းသည် ဦးခေါင်းခွံအောက်ရှိ ကျောရိုးကော်လံနေရာတွင် ပြင်းထန်သောဒဏ်ရာများဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။ မှန်ကန်စွာ မကုသပါက သေးငယ်သောအရိုးကျိုးခြင်းများသည်ပင် ပိုမိုပြင်းထန်သောအာရုံကြောဆိုင်ရာပြဿနာများ သို့မဟုတ် လေဖြတ်ခြင်းများပင်ဖြစ်စေနိုင်ပါသည်၊ ထို့ကြောင့် C spine အရိုးကျိုးခြင်းကို ကုသရန် အရည်အချင်းပြည့်မီပြီး အတွေ့အကြုံများသော အရိုးအထူးကုဆရာဝန်များကို ရွေးချယ်ရန် လိုအပ်ပါသည်။

C spine အရိုးကျိုးခြင်းဆိုတာဘာလဲ???

C spine ကျောရိုးကျိုးခြင်း ဆိုသည်မှာ ကျောရိုး၏ လည်ပင်းအပိုင်းကို ထောက်ပံ့ရန်ပေါင်းစပ်ထားသော အရိုးအတွင်း၌ အက်ကွဲခြင်း သို့မဟုတ် အရိုးပျက်ဆီးခြင်း ဖြစ်စဥ်များကို ဆိုလိုပါသည်။ လည်ပင်းသည် ကျောရိုးကော်လံ၏ ရွေ့လျားနိုင်သော အစိတ်အပိုင်းဖြစ်သောကြောင့် ဖြစ်သည်။ C spine အရိုးကျိုးခြင်းများပိုမိုဖြစ်ပေါ်တတ်ပါသည်။ ကျောအောက်ပိုင်းတွင် ရရှိခြင်းကြောင့် ဖြစ်သောဒဏ်ရာများသည် နေ့စဉ်လုပ်ငန်းဆောင်တာများ သို့မဟုတ် အလွန်အကျွံ အရိုးအဆစ်ကိုအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတတ်သည့် အဖြစ်အများဆုံးကျောရိုးဒဏ်ရာဖြစ်သော်လည်း၊ C spine အရိုးကျိုးခြင်းဖြစ်စေသော ဒ ဒဏ်ရာများသည် ပုံမှန်အားဖြင့် ကားတိုက်ခြင်း၊ ပြုတ်ကျခြင်း၊ သို့မဟုတ် တိုက်မိခြင်းကဲ့သို့သော ထိခိုက်မှုမြင့်မားသည့်ဖြစ်ရပ်မှ ဖြစ်ပွားလေ့ရှိပါသည်။

C spine အရိုးကျိုးခြင်း လက္ခဏာများ

C spine အရိုးကျိုးသည့်လူအများစုသည် မိမိတို့၏လည်ပင်းတွင် ပြင်းထန်သောနာကျင်မှုနဲ့ တောင့်တင်းမှုကို စတင်ခံစားရပါလိမ့်မယ်။ နာကျင်မှုသည်လည်း ထိလိုက်သည်နှင့် အလွန်နာကျင်ခြင်းများဖြစ်ပါသည်။ ထို့အပြင် လူနာများသည် အကြောတက်ခြင်း သို့မဟုတ် လှုပ်ရှားမှုအခြေအနေများ လျော့နည်းသွားခြင်းကိုလည်း ခံစားရနိုင်သည်။

မကြာခဏ ဤကျောရိုးအပေါ်ပိုင်းဒဏ်ရာ အမျိုးအစားများသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် အရွတ်များ တင်းမာခြင်းနှင့် ရောင်ရမ်းခြင်းတို့ဖြင့် တွဲနိုင်ပါသည်။ ၎င်းသည် အာရုံကြောများကို ဖိမိခြင်းများ ဖြစ်ပေါ်စေပြီး ခြေလက်များ ထုံကျင်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်း၊ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင် နာကျင်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

C spine ကျောရိုးကျိုးကုသမှု

C spine ကျောရိုးကျိုးခြင်းနှင့် ၎င်းတို့နှင့်ဆက်စပ်သော လက္ခဏာများစွာသည် အလွန်လျင်မြန်စွာ ပြင်းထန်နိုင်သည်။ ဤနေရာသည် ဦးနှောက်နှင့် နီးကပ်စွာ တည်ရှိနေသောကြောင့် ယခုလို ပြဿနာများဖြစ်လာပါက အမြန်မကုသလျှင် လေဖြတ်နိုင်ခြေရှိသည်။

အကယ်၍ သင်သည် ဤလက္ခဏာများထဲမှ တစ်ခုခုကို ခံစားရပါက ဆရာဝန်ထံမှ ကုသမှုကို အမြန်ဆုံး ရယူရန် အရေးကြီးပါသည်။ C spine ကျောရိုးကျိုးခြင်း၏ ပြင်းထန်မှုနှင့် တည်နေရာပေါ်မူတည်၍ ဆရာ၀န်မှ အန္တရာယ်ရှိသောနေရာတွင် ထိခိုက်မှုမျိုး မဟုတ်လျှင် မခွဲစိတ်ပဲ အခြားနည်းလမ်းဖြင့် ကုသနိုင်သလို အချို့အခြေအနေများတွင်လည်း ခွဲစိတ်မှုတစ်ခုတည်းကသာ ကုသမှုဖြစ်နိုင်ခြေများလည်း ရှိပါသည်။

မပြင်းထန်သော c spine ကျောရိုးကျိုးခြင်းအခြေအနေများရှိ ခွဲစိတ်ကုသခြင်းမဟုတ်သော ကုသမှုတွင် brace (orthotic) ကုသမှုနှင့် ဆေးဝါးများ ပါဝင်သည်။

ပြင်းထန်သော c spine ကျောရိုးကျိုးခြင်း ခွဲစိတ်ကုသမှုတွင် ကျောရိုးကို တည်ငြိမ်စေရန် posterior cervical fusion ပြုလုပ်ခြင်း နှင့် အခြားအသုံးပြုပစ္စည်းများ ပါဝင်လေ့ရှိပြီး အခြားရွေးချယ်ကုသမှုအနေဖြင့် anterior cervical fusion and decompression ဖြစ်သည်။ ပြင်းထန်ပြီး မတည်မငြိမ်ဖြစ်သော အရိုးကျိုးခြင်းရှိပါက၊ ၎င်းသည် တစ်ချိန်တည်းတွင် anterior နှင့် posterior cervical fusion နှစ်ခုလုံးပါ၀င်သော ခွဲစိတ်မှုလည်း ဖြစ်သွားနိုင်သည်။

ကုသမှု၏ အဓိကဦးတည်ချက်မှာ အသက်ကို ကယ်တင်ရန်နှင့် အာရုံကြောဆိုင်ရာ လုပ်ဆောင်မှုကို တိုးတက်စေရန်နှင့် နာကျင်မှုကို လျှော့ချရန်ဖြစ်သည်။

Vejthani ဆေးရုံရှိ ကျောရိုးစင်တာ

အကယ်၍ သင်သည် ကျောရိုးဒဏ်ရာ ခံစားနေရပါက Vejthani ဆေးရုံ၏ ကျောရိုးစင်တာတွင် ပိုမိုကောင်းမွန်သော ကုသမှုကို ရယူနိုင်ပါသည်။ “အရိုးဘုရင်” ဟူပြီး နာမည်ရထားသော Vejthani ဆေးရုံသည် ထိုင်းနိုင်ငံ၏ အကောင်းဆုံး အရိုးဆေးရုံဖြစ်ပြီး အရည်အသွေး ထိပ်တန်းအဆင့်မြင့် ကျောရိုးနှင့် အရိုးခွဲစိတ်မှု ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

ကျွန်ုပ်တို့၏ခွဲစိတ်ဆရာဝန်အဖွဲ့သည် O-Arm ဖြင့် ခွဲစိတ်မှုပုံရိပ်ဖော်စနစ်၊ ခွဲစိတ်လမ်းကြောင်းပြကိရိယာ၊ Intraoperative neuromonitoring system ကဲ့သို့သော နောက်ဆုံးပေါ်ဆေးဘက်ဆိုင်ရာနည်းပညာများအကူအညီဖြင့် သင်၏ c spine ကျောရိုးကျိုးခြင်းကို ကုသပေးမည့် အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်မီသော အရိုးအထူးကုဆရာဝန်ကြီးများဖြင့် ဖွဲ့စည်းထားပါသည်။ သင်သည် ကျောရိုးပြဿနာများ ကြုံတွေ့နေရပြီး အကောင်းဆုံးသော စောင့်ရှောက်မှုကို ရရှိလိုပါက ကျွန်တော်တို့ Vejthani ဆေးရုံ၏ ကျောရိုးစင်တာကို အမြန်ဆုံးဆက်သွယ်နိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating