Health Article

ရုတ်တရက်တက်ခြင်း။ အမြင်ချက်ချင်းမှောင်သွားခြင်းတို့သည် ကလေးများအတွက် တက်ခြင်း(၀◌က်ရူးပြန်ရောဂါ)လက္ခဏာများအဖြစ် သတ်မှတ်နိုင်ပါသည်။

Share:

ဝက်ရူးပြန်ရောဂါသည် ကလေးများတွင် အဖြစ်များသော အာရုံကြောဆိုင်ရာချို့ယွင်းချက်ဖြစ်ပြီး ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်စေကာ ကလေး၏ဖွံ့ဖြိုးမှု၊ လူမှုရေးဆက်ဆံမှုနှင့် သင်ယူမှုတို့ကို ယိုယွင်းလာနိုင်ပါသည်။ တက်ခြင်းများနှင့် အမြင်ရုတ်တရက်ပျောက်သွားခြင်းများသည် ကလေးငယ်အသိရှိနေစဥ◌်ဖြစ်စေ မရှိသည့်အချိန်တွင်ဖြစ်စေ ဖြစ်ပေါ်လာနိုင်ပြီး ထိုသို့ဖြစ်ပေါ်ခြင်းများ၏ အကြောင်းအရာများသည် ဦးနှောက်ပုံမှန်လုပ်ဆောင်မှုမရှိလာခြင်းကို ပြသခြင်းဟုလည်း ကောက်ချက်ချနိုင်ပါသည်။

Vejthani ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ Supachai Laohapongsomboon က ကလေးများတွင် ဝက်ရူးပြန်ရောဂါသည် ပုံမှန်မဟုတ်သော လျှပ်စစ်ဦးနှောက်လုပ်ဆောင်ချက်ကြောင့် ဖြစ်ပွားပြီး ယင်းက အတက် တက်ခြင်းကို ဖြစ်စေသည်ဟု ရှင်းပြထားပါသည်။ ဝက်ရူးပြန်ရောဂါ ဖြစ်နိုင်သည့်အကြောင်းများ အတိအကျရှိသော်လည်းတခါတရံတွင် အခြားသော မသိနိုင်သော အကြောင်းရင်းများကြောင့်လည်း ဖြစ်တတ်သည်။ လူသိများသော အကြောင်းရင်းများထဲမှ တစ်ခုသည် မွေးစဥ်အချိန်တွင် အောက်ဆီဂျင်ပြတ်လပ်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်း သို့မဟုတ် အာရုံကြောစနစ်အတွင်း ဗိုင်းရပ်စ်ပိုးဝင်ခြင်းကဲ့သို့သော အကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်မူမမှန်ခြင်းပင်ဖြစ်သည်။

ဝက်ရူးပြန်ရောဂါ၏ အကြောင်းရင်းများကို မမွေးဖွားမီ၊ အတွင်း သို့မဟုတ် ကလေးမွေးဖွားပြီးနောက်တွင် တွေ့ရှိနိုင်သည်။

  • ကလေးမမွေးဖွားမီ မိခင်သည် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့သော နာတာရှည်ရောဂါရှိသောအခါ အချင်း သန္ဓေတည်ခြင်း နှင့် အခြား ပုံမှန်မဟုတ်သောကိုယ်ဝန်ဆောင်အခြေအနေများနှင့်အတူ သားအိမ်အတွင်း အောက်ဆီဂျင်ပြတ်လပ်သွားနိုင်သည်။
  • ကလေးမွေးဖွားစဉ်တွင်၊ သန္ဓေသား၏လည်ပင်းတစ်ဝိုက်တွင် ချက်ကြိုး ပတ်နေခြင်း သို့မဟုတ် လမစေ့ဘဲမွေးဖွားခြင်းသည် အောက်ဆီဂျင်ထောက်ပံ့မှုကို ထိခိုက်စေနိုင်သည် ထိုအခါ ဦးနှောက်သို့ အောက်စီဂျင် ပြတ်တောက်မှုများဖြစ်စေနိုင်သည်။
  • ကလေးမွေးဖွားပြီးနောက်တွင် ရောဂါပိုးဝင်ခြင်း၊ ဦးခေါင်းဒဏ်ရာရခြင်းနှင့် အကျိတ်များအပါအဝင် ပုံမှန်မဟုတ်သော ဦးနှောက်တစ်သျှူးများ ကြီးထွားလာခြင်းသည်လည်း ဝက်ရူးပြန်ရောဂါကို ဖြစ်စေနိုင်သောအချက်များဖြစ်ပါသေးသည်။

တက်ခြင်းများသည် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်ပြီး၊ အမျိုးအစား နှစ်မျိုးဖြင့် ခွဲခြားနိုင်ပါသည်။ ထင်ရှားသော လက္ခဏာများပြသခြင်း ဖြစ်သည့် ကြွက်သားများ တဆတ်ဆတ်တုန်နေခြင်း နှင့် တခါတရံ ကလေးငယ်တက်နေမှန်းမသိပဲ  အချိန်မဟုတ်ပဲ မကြာခဏ အိပ်ငိုက်ခြင်း နှင့် သင်ယူနိုင်စွမ်း ကျဆင်းခြင်းစသည့် လက္ခဏာများ ပြသသည့်အခါ အဆိုပါရောဂါလက္ခဏာများကို သေချာစစ်ဆေးကြည့်ရန် အရေးကြီးပါသည်။

ဝက်ရူးပြန်ရောဂါလက္ခဏာများ၏ ခြောက်ဆယ်မှ ခုနစ်ဆယ်ရာခိုင်နှုန်းကို ဆေးဝါးများဖြင့် ကုသနိုင်သည်။ သို့သော်၊ တိကျသောရောဂါရှာဖွေခြင်းသည် အသင့်လျော်ဆုံးကုသမှုကို ဆုံးဖြတ်ရာတွင် လွန်စွာအရေးကြီးပါသည်။ ယနေ့ခေတ်တွင် ဝက်ရူးပြန်ရောဂါ ဆေးဝါးများ ကျယ်ပြန့်စွာ ရရှိနေပြီဖြစ်ပြီး ကုသမှုရွေးချယ်ရာတွင် ကလေး၏ အသက်နှင့် ဝက်ရူးပြန်ရောဂါကိုဖြစ်စေသော တိကျသော အကြောင်းရင်းပေါ်တွင် မူတည်ပါသည်။ အစားထိုးကုသမှုရွေးချယ်မှုများတွင် ketogenic အစားအသောက်များစားသုံးခြင်း၊ steroids နှင့် ဗီတာမင်ဆေးများ သောက်သုံးခြင်းတို့ပါဝင်သည်။ ဆေးယဥ◌်ပါးသော ကိစ္စများတွင်၊ vagus nerve stimulator (VNS) ဟုခေါ်သော အစားထိုးခြင်းနှင့် ဦးနှောက်ခွဲစိတ်မှုကဲ့သို့သော ခွဲစိတ်မှုဆိုင်ရာကုသမှုများကိုပါ ထည့်သွင်းစဉ်းစားရပါသည်။

အတက်တက်ခြင်းများ သိသားသောအချိန်ဖြစ်စေ မသိလိုက်သောအချိန်တွင်ဖြစ်စေ မူမမှန်သော လက္ခဏာများနှင့် ဖြစ်နိုင်ချေရှိသော ဝက်ရူးပြန်ရောဂါလက္ခဏာများကို ကလေးငယ်များတွင် စစ်ဆေးကြည့်ရှုရသည့်အခါတွင်  မိဘများသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းသည် ကလေး၏ကျန်းမာရေးအတွက် ကောင်းမွန်သောရလာဒ်တစ်ခုဖြစ်စေရန် အလွန်အရေးကြီးပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating