Health Article

ပြင်းထန်ရောဂါကိုဖြစ်စေနိုင်သော ရိုတာဗိုင်းရပ်စ်ကိုသိထားခြင်းဖြင့် သင့်ကလေးကို ကောင်းမွန်စွာကာကွယ်ပါ

Share:

ရိုတာဗိုင်းရပ်စ်သည် မွေးကင်းစကလေးငယ်များနှင့် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေသော အဆိုးရွားဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်။ ရိုတာဗိုင်းရပ်စ် ကူးစက်ခံထားရသော ကလေးငယ်များသည် ရေဓာတ်ခမ်းခြောက်မှု အလွန်လျင်မြန်သောကြောင့် အနီးကပ် စောင့်ကြည့်ရန် လိုအပ်ပါသည်။ သင့်ကလေးသည် ရေဓာတ်ခမ်းခြောက်လာသောအခါ ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

Rotavirus က ဘယ်လိုပြန့်နှံ့သလဲ

ဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးရှိသော ကလေး၏ မစင်နှင့် ထိတွေ့ရာမှတဆင့် ကူးစက်သည်။ ၆လနှင့် ၂နှစ်ကြား ကလေးငယ်များသည် ရိုတာဗိုင်းရပ်ကူးစက်မှု ဖြစ်နိုင်ခြေ အကြီးမားဆုံးဖြစ်သည်။ မသန့်ရှင်းသောလက် သို့မဟုတ် ညစ်ညမ်းသောအရာ၊ အစားအစာ သို့မဟုတ် အရည်များကို ပါးစပ်ထဲသို့ မတော်တဆထည့်ခြင်းဖြင့် ရိုတာဗိုင်းရပ်စ်ကူးစက်နိုင်သည်။ ပိုးနှင့်ထိတွေ့ပြီး နောက် ၄၈ နာရီအကြာမှသာ ရောဂါလက္ခဏာပြတတ်ခြင်းများရှိသည်။ ဗိုင်းရပ်စ်သည် အပြင်မျက်နှာပြင်များပေါ်တွင် လပေါင်းများစွာ အသက်ရှင်နေနိုင်သည်။

ရိုတာဗိုင်းရပ်စ်ရောဂါ၏ အဖြစ်များသော လက္ခဏာများ

  • အဖျားကြီးခြင်း
  • မကြာခဏ အော့အန်ခြင်း။
  • ဝမ်းလျှောခြင်း သို့သော်သွေးမပါပါ
  • ကြာရှည်ဝမ်းလျှောခြင်းကို ၅-၇ ရက်လောက်ဖြစ်နိုင်ပါသည်။

rotavirus ကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျှောလို့ သံသယဖြစ်ပါက ဝမ်းနမူနာ ယူပြီး rotavirus antigen ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်သည့် စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ရောဂါရှာဖွေအတည်ပြုရန် ELISA နှင့် Latex Agglutinin နည်းလမ်းများကို အသုံးပြုနိုင်သည်။

ကလေးများတွင် ရိုတာဗိုင်းရပ်စ်ကို ကုသခြင်း။

ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ပါ- ပိုက်ဖြင့်တိုက်ခြင်းထက် ဇွန်းဖြင့် ရေဓာတ်ပြန်လည်ဖြည့်တင်းသော ဆားအရည် အပါအဝင် အရည်များစွာကိုတိုက်ကျွေးရန် အရေးကြီးပါသည်။ သို့သော်လည်း အရည်အလွန်အကျွံတိုက်ခြင်းသည် ကလေးများတွင် ပျို့အန်ခြင်းကို ဖြစ်စေနိုင်သည်။

အစာကျွေးခြင်း- ကာဗိုဟိုက်ဒရိတ်ကြွယ်ဝသော အစာများကျွေးခြင်းသည် ကလေး၏ အစာခြေစနစ်အတွက် ကောင်းမွန်စေပါသည်။

ဆေးဝါးများ- ဇင့်၊ Enkephalinase နှင့် Probiotics များသည် ရောဂါအခြေအနေကို သက်သာစေနိုင်သည်။

အခြားသူများသို့ ကူးစက်ရောဂါများစွာ မပြန့်ပွားစေရန် တစ်ကိုယ်ရေသန့်ရှင်းမှုသည် မရှိမဖြစ်လိုအပ်ကြောင်း သတိပြုရပါမည်။ ထို့အပြင် သင့်ကလေးအား ရိုတာဗိုင်းရပ်စ်ပိုးမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားခြင်း ဖြစ်သည်။ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိသော ကလေးအားလုံးနီးပါးသည် ပြင်းထန် ရိုတာဗိုင်းရပ်စ်ရောဂါမှ ကာကွယ်နိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts