Health Article

ထိုင်းနိုင်ငံရှိ မျိုးပွားခြင်းဆိုင်ရာ ကုထုံး ICSI ၏ အောင်မြင်မှုအကြောင်းတစ်စေ့တစ်စောင်း

Share:

ယနေ့ခေတ်တွင် အသုံးပြုနေသော မျိုးပွားမှုဆိုင်ရာ နည်းလမ်းများစွာထဲတွင် ဆေးဝါးများ၊ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများ နှင့် သန္ဓေတည်ရာတွင် အထောက်အကူဖြစ်စေသော ကုထုံးများဆိုပြီး နည်းလမ်းများစွာရှိပါသည်။ ဆေးဝါးများနှင့် ခွဲစိတ်မှုများကို ယေဘူယျအားဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာရှိနေသည့် ကိုယ်ဝန်မဆောင်နိုင်သည့်အခါတွင်သာ အသုံးပြုလေ့ရှိသော်လည်း ပုံမှန်ကိုယ်၀န်မရသောအခြေအနေဖြစ်ပါက မိမိနှင့်အဆင်ပြေနိုင်သော ကုထုံးဖြင့် ဆရာ၀န်နှင့်သေချာတိုင်ပင်ရွေးချယ်နိုင်ပါသည်။

မျိုးမပွားနိုင်ခြင်းသည် ကိုယ်ဝန်ရရှိရန် ကြိုးစားနေသည့် စုံတွဲများအတွက် စိန်ခေါ်မှုခရီးတစ်ခုဖြစ်သည်။ မျိုးပွားမှုဆိုင်ရာနည်းပညာများတွင် Intracytoplasmic Sperm Injection (ICSI) သည် အထူးသဖြင့် အမျိုးသားမျိုးမပွားနိုင်မှုကိစ္စများအတွက် အသုံးပြုလာကြသောနည်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ ဤကုထုံးသည် သန္ဓေသားအောင်နိုင်ခြင်း (IVF) ကုသမှု၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ကိုယ်ဝန်ရရန်အခက်အခဲများရင်ဆိုင်နေရသော စုံတွဲများအတွက် အသစ်တဖန်မျှော်လင့်ချက်ကို ပေးဆောင်နိုင်ပြီဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ICSI ၏အောင်မြင်မှုနှုန်းသည် 70 နှင့် 75% အကြားတွင် သိသိသာသာမြင့်မားလျှက်ရှိပါသည်။

ICSI သည် ဘန်ကောက်ရှိ Vejthani ဆေးရုံ၏ V-သားဖွားမီးယပ်စင်တာတွင် သင်၏ IVF ကုသမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်သည်။ ICSI ကုထုံးများတွင် အတွေ့အကြုံ ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်သော ကျွန်တော်တို့ Vejthani ဆေးရုံကြီးမှ ကောင်းမွန်သောကုထုံးများကို ဖြည့်ဆည်းလျှက်ရှိပါသည်။

ICSI ဆိုတာဘာလဲ။

ICSI သည် အရွယ်ရောက်ပြီးသော မျိုးဥ၏ cytoplasm အတွင်းသို့ တိုက်ရိုက်ထည့်သွင်းခြင်းဖြင့် အမျိုးသားမျိုးမပွားနိုင်မှုကို ဖြေရှင်းပေးသည့် IVF ၏ အထူးပြုလုပ်ထားသောကုထုံးပုံစံတစ်ခုဖြစ်သည်။ သမားရိုးကျ IVF နှင့် မတူဘဲ၊ သုက်ပိုးနှင့် မျိုးဥများကို ဓာတ်ခွဲခန်းတစ်ခုတွင် ပေါင်းစပ်ကာ သဘာဝအတိုင်း မျိုးအောင်ရန် ဖန်တီးထားသည့် ICSI ကုထုံးဖြစ်ပါသည်။ ဤသို့တိကျစေသောကုထုံးနည်းလမ်းသည် အောင်မြင်သော မျိုးအောင်နိုင်သည့် အခွင့်အလမ်းကို သိသိသာသာ မြင့်တက်လာစေပြီး ၎င်းသည် အမျိုးသားမျိုးမပွားနိုင်ခြင်းပြဿနာများကို ကုသဖြေရှင်းရာတွင် စုံတွဲများအတွက် ဦးစားပေးရွေးချယ်မှုတစ်ခု ဖြစ်လာစေပါသည်။

ICSI လုပ်ထုံးလုပ်နည်း

ICSI လုပ်ထုံးလုပ်နည်းတွင် ကျွမ်းကျင်သော သားဖွားမီးယပ်အထူးကုဆရာဝန်များမှ သေချာဂရုစိုက်လုပ်ရသော အဓိကအဆင့်များစွာ ပါဝင်ပါသည်။ ပထမဦးစွာ အမျိုးသားနှင့် အမျိုးသမီး လက်တွဲဖော် နှစ်ဦးစလုံးသည် ၎င်းတို့၏ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး အလုံးစုံကို ကောင်းမွန်ခြင်းရှိမရှိအတွက် စတင်အသေးစိတ် စစ်ဆေးရသည်။ ICSI ဖြင့် IVF အတွက် သင့်လျော်သော အခြေအနေရောက်ပြီဟု စိတ်ချရသည်နှင့် တပြိုင်နက် အမျိုးသမီးထံမှ ကောင်းမွန်ကျန်းမာသော မမျိုးဥများ ထုတ်လုပ်ရန် သားအိမ် လှုံ့ဆော်မှုကိုစတင်သည်ဖြစ်ပါသည်။

မမျိုးဥများ ရင့်လာသည်နှင့်အမျှ ၎င်းတို့ကို သားဥအိမ်မှ ထုတ်ယူရန်အတွက် အသေးစား ခွဲစိတ်မှုတစ်ခု ပြုလုပ်ပါသည်။ တစ်ချိန်တည်းမှာပင်၊ အမျိုးသားထံမှ အရည်အသွေးမြင့် သုတ်ပိုးနမူနာကို ရယူသည်။ ဤသုတ်ပိုးနမူနာသည် အကောင်းမွန်ဆုံးသော သုက်ပိုးများကို ပြန်လည်ရရှိမှု သေချာစေရန် ဓာတ်ခွဲခန်းတွင် အသေးစိတ်ဂရုစိုက်စစ်ဆေးရပါသည်။

နောက်ဆုံးအဆင့်တွင်၊ နောက်ဆုံးပေါ် micromanipulation နည်းပညာကို အသုံးပြု၍ ရင့်ကျက်သောမျိုးဥတစ်ခုစီ၏ cytoplasm အတွင်းသို့ ဂရုတစိုက်ရွေးချယ်ထားသော သုတ်ပိုးတစ်ခုစီအား တိုက်ရိုက်ထည့်သွင်းပါသည်။ ဤတိကျသောနည်းလမ်းသည် သုက်ပိုးအရေအတွက်နည်းခြင်း သို့မဟုတ် သုက်ပိုးမရွေ့လျားခြင်းကဲ့သို့သော အမျိုးသားမျိုးမပွားနိုင်မှုအခြေအနေများတွင် မျိုးအောင်ခြင်းကို ဟန့်တားနိုင်သည့် ဖြစ်စဥ်ကို နည်းပါးသွားစေပါသည်။

ထိုင်းနိုင်ငံရှိ ICSI အောင်မြင်မှုနှုန်းများ

ထိုင်းနိုင်ငံသည် သားဖွားမီးယပ်ကုသမှုများတွင် ထင်ရှားသောအချက်အချာတစ်ခုအဖြစ် ပေါ်ထွက်လာပြီး နိုင်ငံတွင်း ICSI ၏ အောင်မြင်မှုနှုန်းများသည် အလွန်မြင့်တက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ မည်သည့်ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းမှ 100% အောင်မြင်မှုနှုန်းကို အာမခံနိုင်ခြင်းမရှိသော်လည်း ICSI သည် သမားရိုးကျ IVF ထက် မျိုးအောင်မှုနှုန်းသတ်မှတ်ချက်များတွင် အမြဲတစေ ပိုမိုကောင်းမွန်လာပါသည်။ ထိုင်းနိုင်ငံတွင် ICSI ကုထုံးတွင် မမျိုးဥများ၏ 70-75% ကို အောင်မြင်စွာ မျိုးအောင်နိုင်စေပြီဖြစ်ပါသည်။

ထိုင်းနိုင်ငံရှိ ICSI ၏ မြင့်မားသောအောင်မြင်မှုနှုန်းမှာ သားဖွားမီးယပ်အထူးကုဆရာဝန်များ၏ ကျွမ်းကျင်မှု၊ ခေတ်မီသော သားဖွားမီးယပ်ဆေးခန်းများနှင့် မျိုးပွားမှုဆိုင်ရာနည်းပညာများ တိုးတက်လာစေရန် နိုင်ငံ၏ ‌ေထာက်ပံ့မှုများနှင့်အတူတကွ ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ပါသည်။ ထိုင်းနိုင်ငံရှိ IVF ကုသမှုများကို ရှာဖွေနေသော စုံတွဲများသည် ICSI သည် ၎င်းတို့အတွက် အောင်မြင်သော ကိုယ်ဝန်ရနိုင်ခြေကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်ဟူသော အချက်ကြောင့် ရွေးချယ်မှုတွင် နံပါတ် တစ်ဖြစ်လာခြင်းဖြစ်ပါသည်။

ICSI ကို IVF ၏ ကုသမှုအစိတ်အပိုင်းအဖြစ် ထည့်သွင်းစဉ်းစားခြင်း

အထူးသဖြင့် အမျိုးသားမျိုးမပွားနိုင်ခြင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရသောအခါတွင် ICSI ကို IVF ကုသမှု၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရွေးချယ်မှုသည် စုံတွဲများအတွက် မရှိမဖြစ်လိုအပ်ပါသည်။ သမားရိုးကျ IVF သည် အလားအလာရှိသော ရွေးချယ်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ICSI သည် မျိုးအောင်ခြင်းကို အဟန့်အတားဖြစ်စေသော အခြားပြဿနာရပ်များကိုပါ ကျော်လွှားနိုင်ခြင်းကြောင့် အားသာချက်တစ်ခုဖြစ်လာပါသည်။ ICSI ၏ တိကျသောရလာဒ်ကြောင့် အမျိုးသားမျိုးပွားနိုင်မှုခက်ခဲချိန်မှာပင်လျှင် မိသားစု သားသမီးရတနာရရှိနိုင်ရင် မျှော်လင့်ချက်တစ်ခုဖြစ်စေပါသည်။

Intracytoplasmic Sperm Injection (ICSI) သည် မျိုးမပွားနိုင်ခြင်း၏ ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်နေရသော စုံတွဲများအတွက် မျှော်လင့်ချက် တစ်ခုအဖြစ်ဖန်တီးပေးပါသည်။ ICSI ၏ တိကျမှုသည် အောင်မြင်သော မျိုးအောင်ခြင်း၏ အခြေအနေရလာဒ်များကို သိသာထင်ရှားစွာ မြှင့်တင်ပေးကာသည်။ မျိုးပွားခြင်းဆိုင်ရာ ကုသမှုများသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသော ထိုင်းနိုင်ငံတွင် ICSI သည် အထောက်အကူပြု မျိုးပွားမှုဆိုင်ရာ နည်းပညာများ၏ အခြေခံအုတ်မြစ် တစ်ခုဖြစ်လာပါသည်။

သင်သည် ကိုယ်ဝန်ရရန် အခက်အခဲရှိနေပါက၊ အောင်မြင်သော IVF ကုသမှုကို တိုးမြှင့်ရန် ICSI ကုထုံးကို ရွေးချယ်ခြင်းကို စဉ်းစားနိုင်ပါသည်။ Vejthani’s V Fertility Center တွင် မျိုးမပွားနိုင်သော စုံတွဲများအတွက် မျိုးပွားခြင်းဆိုင်ရာပညာရပ်တွင် အထူးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန် ရက်ချိန်းယူနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating