Health Article

Hybrid OR ခွဲစိတ်ခြင်းနည်းပညာ၏အနာဂတ်ကိုထုတ်ဖော်ပြသခြင်း

Share:

Hybrid Operating Room (Hybrid OR) သည် ခွဲခန်းတစ်ခုထဲတွင် သမားရိုးကျ ခွဲစိတ်ခန်း (OR) ၏ အင်္ဂါရပ်များနှင့် နောက်ဆုံးပေါ် အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်နည်းပညာများဖြစ်သည့် Computed Tomography (CT)၊ fluoroscopy၊ Magnetic Resonance Imaging ( MRI)၊ အာထရာဆောင်းနှင့် C-arm၊ လူနာတစ်ဝိုက်ကို လှည့်နိုင်သော အိတ်ဆောင် X-ray စက်များဖြင့် ပေါင်းစပ်ထားသော ခွဲစိတ်ခန်းဖြစ်ပြီး ဤအဆင့်မြင့် ပုံရိပ်ဖော်နည်းပညာများသည် ခွဲစိတ်ဆရာဝန်များအား လူနာ၏ခန္ဓာဗေဒကို အချိန်နှင့်တပြေးညီ မြင်သာအောင်ပြသထားနိုင်ပြီး ခွဲစိတ်ဆရာဝန်များအား ပိုမိုတိကျသောခွဲစိတ်ကုသနည်းများကို ပိုမိုအဆင်ပြေလွယ်ကူစေပြီး ရလာဒ်ကောင်းများကို ရရှိစေပါသည်။

Hybrid OR များကို အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းအမျိုးမျိုးအတွက် အသုံးပြုကြသည်-

  • နှလုံးအဆို့ရှင် ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်း
  • Carotid endarterectomy (carotidသွေးလွှတ်ကြောမှ plaque များကိုဖယ်ရှားခြင်း)
  • ကင်ဆာအကျိတ်ဖယ်ရှားခြင်း။
  • ကျောရိုးခွဲစိတ်မှု
  • အသည်းခွဲစိတ်မှု
  • ကျောက်ကပ်ခွဲစိတ်မှု
  • သွေးကြောဆိုင်ရာခွဲစိတ်မှု

Hybrid ORs များသည် အသစ်အဆန်း နည်းပညာတစ်ခု ဖြစ်နေဆဲဖြစ်သော်လည်း အခုအချိန်တွင် ပိုမိုအသုံးပြုလာပါသည်။ ပုံမှန်သမရိုးကျ ခွဲခန်းများထက် အောက်ဖော်ပြပါ အားသာချက်များစွာကို ပေးစွမ်းနိုင်သောကြောင့်ဖြစ်ပါသည်။

  • ပိုမိုကောင်းမွန်သော အသေးစိတ်မှုနှင့် တိကျမှု- ခွဲစိတ်ခန်းအတွင်း အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာကို ပေါင်းစပ်ထားသည့်အတွက် ခွဲစိတ်ဆရာဝန်များသည် လူနာ၏အတွင်းပိုင်းခန္ဓာဗေဒကို ခွဲစိတ်နေချိန်အတွင်း အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေပြီး၊ ခွဲစိတ်မှုအဆင့်ဆင့်ကိုလည်း ပိုမိုတိကျစွာလုပ်ဆောင်နိုင်ရန် ပံ့ပိုးပေးသည်။ ထို့ကြောင့် လူနာများအတွက် ပိုမိုကောင်းမွန်သောရလဒ်များကို ဖြစ်ပေါ်စေနိုင်သည်။
  • နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း- Hybrid OR များတွင် ခွဲစိတ်ခြင်းဆိုင်ရာ နေရာပမာဏကို အနည်းဆုံး ဖြစ်စေသည့်နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုခြင်းကြောင့် ရောဂါကူးစက်မှုနှင့် သွေးထွက်လွန်နိုင်ခြေကို လျော့ပါးစေပြီး ပြန်လည်နာလန်ထချိန်ကို ပိုမိုမြန်ဆန်စေသည်။
  • လိုက်လျောညီထွေမှုတိုးတက်ပြောင်းလဲခြင်း- Hybrid OR များကို သမားရိုးကျ ခွဲခန်းခန်းများထက် ခွဲစိတ်ကုသခြင်းလုပ်ထုံးလုပ်နည်း မျိုးစုံကို လုပ်ဆောင်ရန် အသုံးပြုနိုင်သည်။ ရှုပ်ထွေးသောအခြေအနေရှိသည့် ခွဲစိတ်လူနာအခြေအနေ သို့မဟုတ် အထူးပြုစုစောင့်ရှောက်မှု လိုအပ်သော လူနာများအတွက် Hybrid OR  သည့် အလွန်အကျိုးရှိပါသည်။

Hybrid OR ၏ အဓိကအင်္ဂါရပ်များမှာ

  • နောက်ဆုံးပေါ် ပုံရိပ်ဖော်စက်များ – Hybrid OR တွင် ခွဲစိတ်မှုအတွင်း လူနာ၏ ခန္ဓာဗေဒဆိုင်ရာ အချိန်နှင့်တပြေးညီ ပုံများကို ပံ့ပိုးပေးသည့် အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ကိရိယာများ တပ်ဆင်ထားပြီး၊ ဆေးပညာရှင်အဖွဲ့သည် ခွဲစိတ်မှုပြုလုပ်နေစဥ◌်တစ်လျှောက်လုံး စောင့်ကြည့်နိုင်ပြီး လိုအပ်သလို ချိန်ညှိမှုများ ပြုလုပ်နိုင်စေပါသည်။
  • နည်းပညာပေါင်းစပ်မှု- Hybrid OR များသည် ခွဲစိတ်ခန်းသုံးကိရိယာများနှင့် စက်ကိရိယာများဖြင့် အမျိုးမျိုးသော ပုံရိပ်ဖော်စနစ်များကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ပေါင်းစပ်နိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤပေါင်းစပ်မှုသည် ခွဲစိတ်မှုဆရာ၀◌န်များအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေသည်။
  • ပူးပေါင်းဆောင်ရွက်ခြင်းပတ်ဝန်းကျင်- Hybrid OR တွင် ခွဲစိတ်နေစဥ◌်အတွင်း အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စွာရရှိစေရန် ဖန်တီးထားခြင်းဖြစ်သည်။ ခွဲစိတ်ဆရာဝန်များ၊ ဓာတ်မှန်ဗေဒပညာရှင်၊ မေ့ဆေးဆရာဝန်များနှင့် အခြားသော အထူးကုဆရာဝန်များသည် ရှုပ်ထွေးသောလုပ်ထုံးလုပ်နည်းများအတွင်း တိကျသောဆုံးဖြတ်ချက်များချနိုင်ရန် အချိန်နှင့်တပြေးညီ အတူတကွလုပ်ဆောင်နိုင်ပါသည်။
  • ဓာတ်ရောင်ခြည် ထိတွေ့မှုကို လျှော့ချခြင်း- အဆင့်မြင့် ပုံရိပ်ဖော်နည်းပညာများကို တစ်နေရာတည်းတွင် ပေါင်းစပ်ထားသောကြောင့် မခွဲစိတ်ခင် လိုအပ်သည်များကို ပုံရိပ်စက်များဖြင့်ကြိုတင်မကြာမကြာ စစ်ဆေးခြင်းများ ပြုလုပ်ရန်မလိုသောကြောင့် လူနာအတွက် ဓာတ်ရောင်ခြည်ထိတွေ့မှုကို လျှော့ချနိုင်သည်။
  • ရှုပ်ထွေးသော နှလုံးသွေးကြောနှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ- Hybrid OR များကို angioplasty၊ stent ထည့်ခြင်း၊ အဆို့ရှင် အစားထိုးခြင်းနှင့် ရှုပ်ထွေးခက်ခဲသော ဦးနှောက်ဆိုင်ရာခွဲစိတ်မှုများ၊ ရှုပ်ထွေးသော နှလုံးသွေးကြောနှင့် အာရုံကြောဆိုင်ရာ ခွဲစိတ်မှုများအတွက် မကြာခဏ အသုံးပြုကြသည်။
  • လေ့ကျင့်ရေးနှင့် သုတေသန- Hybrid OR များသည် အဖိုးတန် ဆေးဘက်ဆိုင်ရာ သင်တန်းများနှင့် သုတေသန ဆိုင်ရာကိစ္စရပ်များအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းတို့သည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအတွက် နည်းပညာအသစ်များကို လေ့လာသင်ယူလေ့ကျင့်ရန် ကောင်းမွန်စွာပြီးပြည့်စုံသောလုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စေပါသည်။ 

Hybrid OR သည် လူနာအတွက် ကောင်းမွန်သောရလာဒ်များကို ပိုမိုရရှိစေရန်နှင့် ကျယ်ပြန့်ရှုပ်ထွေးသော ခွဲစိတ်ကုသခြင်းလုပ်ထုံးလုပ်နည်းများစွာကို လုပ်ဆောင်နိုင်စေရန် ခွဲစိတ်မှုဆိုင်ရာကျွမ်းကျင်မှုများနှင့် နောက်ဆုံးပေါ်ပုံရိပ်ဖော်နည်းပညာကို ပေါင်းစပ်ထားသည့် ဆန်းသစ်တီထွင်သော ခွဲစိတ်စောင့်ရှောက်မှုဆိုင်ရာ အနေအထားတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် Hybrid OR သည် သမားရိုးကျခွဲစိတ်ခန်းထက် ပိုမိုကောင်းမွန်သောရွေးချယ်မှုဖြစ်မဖြစ်ကို သင့်ဆရာဝန်နှင့် ဆွေးနွေးရန် အရေးကြီးပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts