Customer Voice

CRT-D Heart Packemaker Implant လုပ်ဆောင်ထားသော လူနာ၏အတွေ့အကြုံ

Share:

ယခုပြောကြားချက်သည် Cardiac Resynchronization Therapy Defibrillator (CRT-D) implant အတွက် ခွဲစိတ်မှုပြုလုပ်ခဲ့သော Mr. Bhagawan Ratna Tuladhar ထံမှ ရရှိသော သက်သေခံချက်ဖြစ်ပါသည်။ ခွဲစိတ်မှုကို ဒေါက်တာ Pariwat Pengkaew မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

နမာစကာ။ ကျွန်တော့်နာမည် Bhagwan Ratna Tuladhar ပါ။ ကျွန်တော်က အငြိမ်းစား တက္ကသိုလ်ဆရာတစ်ယောက်ပါ။ အခုဆို စာအုပ်တွေရေးပြီး လူမှုရေးအလုပ်တွေ လုပ်နေတယ်။

ကျွန်တော့်မှာ သွေးတိုးနဲ့ နှလုံးပြဿနာရှိတယ်။ ဒါနဲ့ ခွဲစိတ်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီကို သွားခဲ့တယ်။ အနည်းငယ်သက်သာရာရသော်လည်း သက်သာမှုမှာ လအနည်းငယ်သာကြာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လက နီပေါနိုင်ငံ ခတ္တမန္ဒူမှာ အရမ်းအေးတယ်။ အိပ်ဖို့နဲ့ အသက်ရှုဖို့က အရမ်းခက်ခဲတဲ့အခြေအနေဖြစ်ခဲ့တာပေါ့။ ဒါနဲ့ ခတ္တမန္ဒူမှာရှိတဲ့ ဆေးရုံတချို့ကို သွားစစ်တယ်။ ဆရာဝန်များက ကုသမှုအချို့ပေးခဲ့သော်လည်း အဆင်မပြေခဲ့ဘူး

နောက်တော့ သမီးနဲ့သားမက်က ဘန်ကောက်မှာ ဆေးကုဖို့ ခေါ်တယ်။ နောက်တော့ ကျွန်တော် ဒီကိုရောက်လာပြီး ဆရာဝန်တွေနဲ့ ဆေးရုံတော်တော်များများကို တိုင်ပင်တယ်။ တိုင်ပင်သမျှ ဆေးရုံထဲမှာ Vejthani ဆေးရုံသည် ငွေကြေးနှင့် ကျွမ်းကျင်မှု နှစ်မျိုးစလုံးအတွက် အကောင်းဆုံးဖြစ်တာရော လူနာများ၏ စကားသံများအရလည်း ဒီဆေးရုံကြီးအကြောင်း သိရတဲ့အတွက် ကျွန်တော်လည်း ဒီမှာပဲ ခွဲစိတ်ကုသဖို့ သဘောတူခဲ့ပါတယ်။

ကျွန်တော်ဒီကိုရောက်တဲ့အခါ Mr Roshan ji က ထိုင်းဆရာဝန်တွေနဲ့ ဆက်သွယ်ရာမှာ အများကြီးကူညီပေးခဲ့ပါတယ်။ နိုင်ငံခြားသားတစ်ဦးဖြစ်သလို ဆေးရုံတွင် ထိုင်းဘာသာစကားကို အများစုအသုံးပြုသောကြောင့် ဆက်သွယ်ရန်ခက်ခဲခြင်းများ အစတွင်ရှိခဲ့သည်။ ဒါပေမယ့် အင်္ဂလိပ်စာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ရှိတဲ့အတွက် ကိုယ်နဲ့တိုက်ရိုက်ပြောဆိုဆက်ဆံနိုင်တဲ့အတွက် ဒီဆေးရုံကို သဘောကျမိတဲ့အချက်တစ်ခုပါပဲ။ ဒါ့အပြင် လူနာကို ဆရာဝန်နဲ့ သူနာပြုတွေက ပေးခဲ့တဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေက တကယ်အားဆေးတစ်ခွက်ဖြစ်ခဲ့ပါတယ်။ ဆေးရုံတွင် ကျွန်တော့ တစ်ကိုယ်လုံးကို စစ်ဆေးပြီးသောအခါတွင် နီပေါတွင် ရှာဖွေမတွေ့ရှိခဲ့သည်အချက်တစ်ချို့အား ကျွန်တော့်အား ရှင်းပြပေးပါသည်။ 

ကျွန်တော့်ရဲ့ ပြဿနာက နှလုံးနဲ့ အဆုတ်နဲ့ ပတ်သက်တဲ့ ပြဿနာပါ။ သူတို့က X-ray အဖြေများ နဲ့ ယခုပြဿနာနဲ့ဆိုင်တဲ့ ဗီဒီယိုတွေပြသပြီး ရှင်းပြပေးတဲ့အခါ ကျွန်တော့်ရဲ့ပြဿနာတွေကို ကောင်းကောင်းနားလည်လိုက်ရပါတယ်။ ဆရာဝန်များသည် ကျွန်ုပ်၏နှလုံးကို ခွဲစိတ်မှုနှင့် နှလုံးခုန်စက်အစားထိုးထည့်သွင်းမည့်အကြောင်း မိသားစုကို တိုင်ပင်ကာ ယင်းနည်းလမ်းသည် အကောင်းဆုံးဖြစ်ပြီး နှလုံးခုန်စက်သည် 8 နှစ်မှ 10 နှစ်ခန့်ကြာပြီး ၎င်းကို ပြန်လည်အားသွင်းနိုင်ကြောင်းလည်း အကြံပြုခဲ့သည်။

အဲဒီနောက် အိမ်ပြန်ပြီး မိသားစုဝင်တွေနဲ့ ဆွေးနွေးတယ်။ Vejthani မှာပဲ ကုသမှုကိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ခွဲစိတ်မှုအချိန်အတွင်း သတိလစ်နေတာကြောင့် အချိန်ဘယ်လောက်ကြာတယ်ဆိုတာ မသိခဲ့ရပါဘူး။ 2 နာရီကနေ 2.5 နာရီကြာတယ်လို့ကြားမိတယ်။ 

နာကျင်မှုနဲ့ ပြဿနာတစ်စုံတစ်ရာ မရရှိခဲ့ပါဘူး – ခွဲစိတ်ရာနေရာကို ပတ်တီးနဲ့ ပတ်ထားရုံပါပဲ။ အဲဒါကလွဲလို့ တခြားပြောင်းလဲမှုမရှိပါဘူး။ အခု အရမ်းအခြေအနေကောင်းနေတယ်။ ကျွန်တော့်ရဲ့ သွေးခုန်နှုန်းက အရမ်းနည်းတယ်၊ 50 ထက်နည်းပေမယ့် အခုက 70 ရှိသွားပြီ။ ဆရာဝန်တွေကကြောင့် ကျွန်တော့ရဲ့ တိုးတက်မှုက အရမ်းကောင်းပါတယ်။ အရမ်းပျော်ရသလို လူတိုင်းကို တကယ်လည်းကျေးဇူးတင်ပါတယ်။

နိုင်ငံခြားကို လာဖို့ဆိုတာက သိပ်မလွယ်ဘူး။ ခတ္တမန္ဒူရှိ ဆေးရုံကို ကျွန်ုပ်သေချာမသိပါ။ နီပေါမှာလည်း Vejthani ဆေးရုံအကြောင်း ပြောကြားကြတာမရှိတော့ စစချင်းတုန်းကမသိခဲ့တာအမှန်ပါ။ ကျွန်တော့်သူငယ်ချင်း ၃-၄ ယောက်လည်း ဘန်ကောက်ကို ဆေးကုဖို့ ရောက်လာကြပြီးတဲ့အခါမှာလာ်း  နီပေါနိုင်ငံ၊ ခတ္တမန္ဒူမှာလည်း ဒီဆေးရုံအကြောင်းကို လူများသတိထားမိအောင် ကိုယ့်အတွေ့အကြုံတွေ‌ေ၀မျှသင့်တယ်လို့ကျွန်တော်ထင်တယ်။

Vejthani သည် အလွန်ကောင်းမွန်သော ဆေးရုံဖြစ်သည်။ ကျွန်ုပ်သည် လူသိရှင်ကြား သြဇာလွှမ်းမိုးသူလည်းဖြစ်သောကြောင့် ကျွန်ုပ်ကဲ့သို့ ပြဿနာရှိသည့် နီပေါနိုင်ငံသားများအား ဤဆေးရုံကို ညွှန်းပေးဖို့သေချာပါသည်။ စစ်ဆေးခြင်းလုပ်ငန်းစဉ်များသည် ဤနေရာတွင် အလွန်လွယ်ကူပါသည်။ ကျွန်တော်တို့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရောဂါအကြောင်း ပြောပြပြီး နိုင်ငံအများစု အထူးသဖြင့် နီပေါမှာ မရရှိနိုင်သေးတဲ့ ခေတ်မီ နှလုံးခုန်စက်ကို အစားထိုးထည့်သွင်းဖို့ စီစဉ်ခဲ့ပါတယ်။ အထူးကုဆရာဝန်တွေလည်း ဒီမှာရှိဖို့ အကြံပြုထားပါတယ်။
ကျွန်ုပ်၏ အဓိကပြဿနာမှာ နှလုံးဖောက်ခြင်းဖြစ်ပြီး အလွန်အန္တရာယ်များပါသည်။ နှလုံးဖောက်ခြင်းကို ၂ စက္ကန့်လောက် ခံစားခဲ့ရပေမယ့် ၄-၅ စက္ကန့်ကြာရင် သေဆုံးနိုင်ခြေ မြင့်မားတယ်လို့ ကြားလိုက်တဲ့အခါ မိသားစုဝင်တွေက ကြောက်ရွံ့စိုးရိမ်ခဲ့ကြပါတယ်။ ဤပြဿနာအတွက် ဖြေရှင်းချက်မှာ အခြေအနေကို အလိုအလျောက် စစ်ဆေးပေးသည့် အဆိုပါကိရိယာကို ထည့်ခြင်းဖြစ်သည်။ ပြီးတော့ ဒီစက်ထည့်ပြီးရင် မင်းဘဝကို လွယ်လွယ်ကူကူနဲ့ မင်းလုပ်ချင်တာကို လုပ်နိုင်တယ်လို့လည်းဆရာ၀◌န်ကအားပေးခဲ့တယ်. ကျွန်တော့်မိသားစုက ကျွန်တော့်ကို အများကြီးအားပေးကူညီခဲ့တယ်။ ဘန်ကောက်က တခြားဆေးရုံ ၂-၃ ရုံကို သွားဖူးတယ်။ သူတို့လည်း ကောင်းတယ် ဒါပေမယ့် ပြိုင်ပွဲတစ်ခုမှာ အနိုင်ရတဲ့သူက တစ်ယောက်ပဲရှိတယ်။ ငါ့ရဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်တဲ့ ကိစ္စမှာဆိုရင်၊ ကျွန်တော့ဆီလာရောက်မေးမြန်းကြရင်တော့ သေချာတာတခုက ကျွန်တော့်နှလုံးကိုပြန်လည်ကောင်းမွန်အောင် ကုသပေးတဲ့ ေ့ဌာနီဆေးရုံကြီးကိုပဲ ညွှန်းပေးချင်ပါတယ်။ အရမ်းလည်းကျေးဇူးတင်ပါတယ်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts