Health Article

သွေးကြောကျဉ်းရောဂါသည် သတိထားရမည့် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်

Share:

သွေးကြောကျဉ်းရောဂါ သည် သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်းကြောင့် လက် သို့မဟုတ် ခြေထောက်များသို့ သွေးလည်ပတ်မှုလျော့နည်းစေသည့် အဖြစ်များသောရောဂါတစ်ခုဖြစ်သည်။

လက် သို့မဟုတ် များသောအားဖြင့် ခြေထောက် သည် သွေးထောက်ပံ့မှု မလုံလောက်ပါက လမ်းလျှောက်သည့်အခါ ခြေထောက်နာခြင်းနှင့် အခြားသော လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။ သွေးကြောကျဉ်းရောဂါသည် atherosclerosis ဟုခေါ်သော သွေးကြောအတွင်း အဆီများစုပုံလာခြင်းကို ညွှန်ပြသည်။ Atherosclerosis သည် သွေးလွှတ်ကြောများကို ကျဉ်းစေပြီး ခြေထောက်နှင့်လက်မောင်းများတွင် သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်သည်။ သွေးကြောကျဉ်းရောဂါကို ကုသရာတွင် ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်များ စားသုံးခြင်းနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။ ၄င်းရောဂါသည်လူအများအပြားတွင် ရောဂါလက္ခဏာလုံးဝမပြခြင်းများလည်း ရှိတတ်ပါသည်။ အချို့သောအခြေအနေများတွင်လူများသည် လမ်းလျှောက်နေစဉ်တွင် claudication  ဟုခေါ်သော ၎င်းတို့၏ခြေထောက်များတွင် နာကျင်မှုကိုခံစားရတတ်သည်။ သွေးကြောကျဉ်းရောဂါ၏လက္ခဏာများမှာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်သောအခါ ခြေထောက်နှင့် လက်များနာကျင်ခြင်း သို့မဟုတ် ကြွက်တက်ခြင်းကဲ့သို့သော ကြွက်သားနာခြင်းများဖြစ်လာပြီး၊ အနားယူလိုက် သောအခါနာကျင်ခြင်းများသက်သာသွားသည်။ နာကျင်မှုသည် ခြေသလုံးကြွက်သားများတွင် အများစုဖြစ်တတ်ပြီး အခြေအနသည် mild to severe အထိ ကွဲပြားသည်။ ပြင်းထန်သောခြေထောက်နာခြင်း ဖြင့်အမျိုးမျိုးသော ကိုယ်လက်လှုပ်ရှားမှုများတွင် ခက်ခဲမှုများဖြင့် စိန်ခေါ်မှုဖြစ်လာနိုင်သည်။

သွေးကြောကျဉ်းရောဂါ၏အခြားလက္ခဏာများမှာ

  • အခြားခြေထောက်တစ်ဖက်နှင့် နှိုင်းယှဉ်ပါက သွေးကြောကျဉ်းနေသောခြေထောက်၏အောက်ပိုင်း သို့မဟုတ် ခြေဖဝါးတွင် အေးနေပါသည်။
  • ခြေထောက်များထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်း။
  • ခြေသလုံး သို့မဟုတ် ခြေဖဝါးတွင် သွေးခုန်နှုန်း စမ်းမမိခြင်း သို့မဟုတ် အားနည်းခြင်း။
  • လမ်းလျှောက်ခြင်း သို့မဟုတ် လှေကားတက်ခြင်းကဲ့သို့ အချို့သော လှုပ်ရှားမှုများကို လုပ်ဆောင်ပြီးနောက် တင်ပါး၊ ပေါင် သို့မဟုတ် ခြေသလုံးကြွက်သားများတွင် နာကျင်ကိုက်ခဲခြင်း။
  • ခြေထောက်ပေါ်ရှိ အရေပြားများ ပြောင်တင်းနေခြင်း။
  • ခြေထောက်အရေပြားအရောင်ပြောင်းခြင်း။
  • ခြေသည်းကြီးထွားမှု နှောင့်နှေးခြင်း။
  • ခြေဖဝါး၊ ခြေချောင်းများ သို့မဟုတ် ခြေထောက်တွင် ဒဏ်ရာရပါက အနာကျက်မလွယ်ခြင်း။
  • ချည်ထိုးခြင်း၊ စာရေးခြင်း သို့မဟုတ် လက်ဖြင့်လုပ်ဆောင်ရမည့်အရာများကိုပြုလုပ်သည့်အခါ လက်များနာကျင်ခြင်း၊ကြွက်တက်ခြင်း။
  • ခြေထောက်တွင် ရှိသောအမွှေးများကျွတ်ခြင်း(သို့) အမွှေးပေါက်တာလျော့နည်းခြင်း။

သွေးကြောကျဉ်းရောဂါ ဆိုးလာသည်နှင့်အမျှ အနားယူချိန် သို့မဟုတ် လျောင်းနေချိန်၌ပင် နာကျင်မှု ဖြစ်ပေါ်လာနိုင်သည်။ဤနာကျင်မှုသည် အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်ပြီး၊ခြေထောက်များကို ကုတင်အစွန်းမှချ ပြီးထား ခြင်း သို့မဟုတ် လမ်းလျှောက်သည့်အခါတွင်နာကျင်မှုသည်ခေတ္တသက်သာပျောက်ကင်းနိုင်သည်။တချို့သောကိစ္စများတွင် သွေးကြောများ ရောင်ရမ်းခြင်း သို့မဟုတ် လက်/ခြေထောက်များ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ကြွက်သားအရွတ်များ ပြောင်းလဲခြင်း သို့မဟုတ် ဓါတ်ရောင်ခြည်နှင့်ထိတွေ့ခြင်းတို့သည် သွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်သည်။ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆီးချိုရောဂါရှိခြင်းသည် သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ တိုးမြင့်စေပါသည်။ထို့အပြင် မိသားစုရာဇဝင် တွင်နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း၊ သွေးတိုး၊ ကိုလက်စထရော မြင့်မားခြင်း၊ Homocysteine ​​ပမာဏမြင့်မားခြင်း၊ အထူးသဖြင့် အသက် ၆၅ နှစ်နောက်ပိုင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်ခြင်း သို့မဟုတ် အဝလွန်ခြင်း တို့သည်လည်း သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုမြင့်မားစေပါသည်။

ကျန်းမာသောနေထိုင်မှုပုံစံကို ထိန်းသိမ်းခြင်းဖြင့် ရောဂါကြောင့်ဖြစ်ရသည့် လက္ခဏာများကို ကာကွယ်နိုင်ပါသည်။ ကျန်းမာသောလူနေမှုပုံစံဆိုသည်မှာ ဆေးလိပ်မသောက်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းချုပ်နိုင်ခြင်းနှင့် ပြည့်ဝဆီပါသော အစားအစာများကို စားသုံးခြင်းကို ရှောင်ကြဉ် ခြင်းတို့ဖြစ်သည်။

မှန်ကန်သောကိုယ်လက်လှုပ်ရှားမှုအတွက်သင့်တော်သောဆရာဝန်နှင့်တိုင်ပင်ပြီးလေ့ကျင့်ခန်းကိုပုံမှန်လုပ်ကာကျန်းမာသောခန္ဓာကိုယ်အလေးချိန်၊သွေးပေါင်ချိန်နှင့်ကိုလက်စထရောကိုထိန်းသိမ်းပါ။

သွေးကြောကျဉ်းရောဂါ၏ရောဂါလက္ခဏာများကို ကုသရန် ဆေးဝါးများအပြင် 

  • Angioplasty နှင့် stent နေရာချထားခြင်းသည် ကျဉ်းနေသော သွေးကြောများကို ပိတ်ဆို့ခြင်းမှ ဖယ်ရှားရန် လုပ်ဆောင်သည်။ ၎င်းသည် ပိတ်ဆို့နေသော သွေးကြောများကို ရှာဖွေခြင်းနှင့် ကုသခြင်းဟူသောရည်ရွယ်ချက် နှစ်ရပ်ဖြင့် သွေးကြော၏ ကျဉ်းနေသော အပိုင်းသို့ သွားလာရန် catheter တစ်ခု ထည့်သွင်းခြင်းဖြင့် လုပ်ဆောင်သည်။ ပူဖောင်းငယ်တစ်ခု ဖောင်းလာသောကြောင့် ပိတ်ဆို့နေသောသွေးလွှတ်ကြောများကိုကျယ်စေပြီးသွေးလည်ပတ်မှုကိုကောင်းမွန်စေပါသည်။အချို့ကိစ္စများတွင်၎င်းကိုဖွင့်ထားရန်သွေးလွှတ်ကြောအတွင်းသေးငယ်သောဝါယာကြိုးကွက်ပြွန် (stent) ကို နေရာချထားနိုင်ပါသည်။
  • Bypass Surgery ဆိုသည်မှာ ခန္ဓာကိုယ်၏ အခြားနေရာမှ ကျန်းမာသော သွေးကြောတစ်ခု သို့မဟုတ် အတုအစားထိုးသည့် လမ်းကြောင်းကို ဖြတ်၍ ပိတ်ဆို့နေသော သွေးလွှတ်ကြောတစ်ဝိုက်တွင် အစားထိုးလမ်းကြောင်းတစ်ခု ဖန်တီးခြင်းဖြင့် လုပ်ဆောင်သည်။
  • သွေးလွှတ်ကြောတစ်ခုတွင်သွေးခဲပိတ်ဆို့နေချိန်တွင်Thrombolyticကုထုံးသည်ပို၍သင့်လျော်သည်သွေးခဲများကိုပျော်ဝင်စေသောဆေးသည်ထိခိုက်နေသောသွေးကြောကိုကုသရာတွင်ကူညီပေးနိုင်သည်။ 

စောစီးစွာ ရှာဖွေတွေ့ရှိခြင်းနှင့် ကုသခြင်းသည် သွေးကြောကျဉ်းရောဂါကို စီမံခန့်ခွဲရန်နှင့် နောက်ဆက်တွဲပြဿနာများဖြစ်နိုင်ခြေကို လျှော့ချရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။မကုသဘဲထားပါကသွေးကြောကျဉ်းရောဂါ သည် လူတစ်ဦးချင်းစီ၏ ဘဝအရည်အသွေးကို သိသိသာသာ ထိခိုက်စေနိုင်ပြီး ပြင်းထန်သော နှလုံးသွေးကြောဆိုင်ရာ ဖြစ်ရပ်များကို တိုးမြင့်စေပါသည်။ထို့ကြောင့် ရောဂါလက္ခဏာများ၏ ပထမလက္ခဏာတွင် ဆေးကုသမှုခံယူရန် အရေးကြီးဆုံးဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating