Health Article

Glioma ရောဂါကို ခြုံငုံသုံးသပ်ခြင်

Share:

ခြုံငုံသုံးသပ်ချက်

Gliomas သည် အသက်အရွယ်မရွေး ကျားမ မရွေး တွင်glial ဆဲလ်များ၏ ထိန်းချုပ်နိုင်ခြင်းမရှိသော ကြီးထွားမှုကြောင့် ဦးနှောက်တစ်ရှူး သို့မဟုတ် ကျောရိုးမကြီးတွင် ဖြစ်ပေါ်လာသည့် ကင်ဆာအကျိတ်တစ်မျိုးဖြစ်သည်။ Gliomas အမျိုးအစားများစွာရှိပြီး အချို့မှာ ကြီးထွားမှုမြန်ဆန်သောကြောင့် အသက်ဆုံးရှုံးနိုင်ပြီး ခွဲစိတ်ကုသရန်ခက်ခဲနိုင်ပါသည်။

ရောဂါလက္ခဏာများ

Gliomas သည် စကားမပီသခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဦးနှောက်မှုန်ခြင်း၊ ပြင်းထန်သောခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ တက်ခြင်း၊ ဟန်ချက်မညီခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ဤဦးနှောက်အကျိတ်သည် ဦးနှောက်အတွင်း သွေးထွက်ခြင်း သို့မဟုတ် အရည်များစုပုံခြင်းကိုဖြစ်စေသည့်အပြင် ဦးနှောက်သွေးကြောပိတ်ခြင်းကဲ့သို့ သေစေတတ်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါသည်။

ရောဂါအမည်တပ်ခြင်း။

Gliomas သည် အသက်အန္တရာယ်ရှိနိုင်ပါသည်။ ဤလက္ခဏာများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်မဆိုင်းဘဲ ကျန်းမာရေးစောင့်ရှောက်ပေးသူထံ သွားရောက်ပြသရန် အကြံပြုအပ်ပါသည်။ အကျိတ်များ သို့မဟုတ် ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သောအရာ ကိုရှာဖွေရန် MRI နှင့် CT Scan များကဲ့သို့သော ရောဂါရှာဖွေရန် အချို့သောလုပ်ထုံးလုပ်နည်းများကို အများအားဖြင့် အသုံးပြုကြသည်။

မသင်္ကာစရာအကျိတ်တစ်ခုတွေ့ရှိပါက မည်မျှပြင်းထန်မည် သို့မဟုတ် အန္တရာယ်ရှိနိုင်သည်ကို ခွဲခြမ်းစိတ်ဖြာရန် အဆိုပါအသားစနမူနာကို စုဆောင်းရန်အတွက် အသားစယူစစ်ဆေးခြင်းပြုလုပ်နိုင်ပါသည်။

ကုသမှု

Gliomas ကုသမှုသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ ၎င်းသည်လူနာ၏အထွေထွေကျန်းမာရေး,အကျိတ်၏ပြင်းထန်မှုနှင့်တည်နေရာအပြင် အခြားအချက်များတွင် လည်း မူတည်ပါသည်။

ဥပမာအားဖြင့်အကျိတ်သည် ထိလွယ်ရှလွယ်သောတစ်ရှူးများအနီးတွင် တည်ရှိနေပါက သို့မဟုတ် လက်လှမ်းမီရန် ခက်ခဲပါက ခွဲစိတ်မှုဖြင့် အကျိတ်တစ်ခုလုံးကို ဖယ်ရှားရန် ခက်ခဲသောကြောင့် ခွဲစိတ်မှုမှာ ရွေးချယ်စရာတစ်ခု မဟုတ်နိုင်ပါ။ ခွဲစိတ်၍မရသောgliomas များတွင်ဓာတုကုထုံး သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးသည် အဓိကရွေးချယ်မှုများ ဖြစ်နိုင်သည်။ အများစုတွင် ပေါင်းစပ်ကုသမှုများ လိုအပ်

ပါသည်။

ယခုအခါတွင် gliomas အတွက် ထိုးဖောက်မှုနည်းပြီး ပိုမိုဘေးကင်းသော ကုသမှုနည်းလမ်းမျိုးစုံရှိနေပါပြီ။ ဥပမာအားဖြင့် လေဆာဖြင့်ခွဲထုတ်ခြင်းသည် သမားရိုးကျ ဦးနှောက်ဖွင့်ခွဲစိတ်ခြင်းအတွက်သင့်လျော်မှုမရှိသောလူနာများအတွက် အကြံပြုထားသော သေးငယ်သောခွဲစိတ်မှုတစ်ခုဖြစ်သည်။ Brachytherapy သည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများကို မထိခိုက်စေဘဲ gliomas ကို ကုသပေးသော ဓာတ်ရောင်ခြည်တစ်မျိုးဖြစ်သည်။

ဤဆေးဘက်ဆိုင်ရာတိုးတက်မှုများကြားမှ glioma ကုသမှုသည်အမြဲတမ်းဦးနှောက်ပျက်စီးမှုကိုဖြစ်စေနိုင်သည်။ ထို့ကြောင့် ကုသမှုခံယူပြီးနောက် လူနာအား ပုံမှန်လှုပ်ရှားမှုများကိုပြန်လည်ရရှိရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင်လေ့ကျင့်ပေးဖို.လိုအပ်ပါသည်။ ဆရာဝန်သည်လူနာအားကင်ဆာပြန်ဖြစ်မဖြစ်ကိုစစ်ဆေးရန် အခါအားလျော်စွာရက်ချိန်းပေးနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts