Health Article

နှလုံးအဆို့ရှင်ပြဿနာဆိုင်ရာ လက္ခဏာ ၈ခု

Share:

နှလုံးအဆို့ရှင်များသည် နှလုံးအခန်းများကြားတွင် တံခါးပေါက်တဖွယ်လုပ်ဆောင်ရမည့် တာဝန်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှာ သွေးစီးဆင်းမှုကို မှန်ကန်သော ဦးတည်ရာသို့ ရောက်ရှိစေရန်နှင့် နောက်ပြန်စီးဆင်းခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ အဆို့ရှင်များတွင် မူမမှန်ခြင်းသည် သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုရှိပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ နှလုံးအဆို့ရှင်ရောဂါများကို valvular stenosis နှင့် valvular regurgitation ဟူသော အမျိုးအစား ၂ မျိုးခွဲခြားနိုင်သည်၊

Valvular regurgitation ဆိုသည်မှာ အဆို့ရှင်သည် ၎င်း၏ flaps(အရွက်) များကို လုံးလုံးမပိတ်ဘဲ၊ ပေါက်နေခြင်း သို့မဟုတ် စုတ်ပြဲသွားကာ သွေးလှည့်ပတ်စီးဆင်းမှုပုံမမှန်ခြင်းကို ဖြစ်ပေါ်စေသည့် အခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် နှလုံးအတွင်း သွေးလည်ပတ်မှု ထိရောက်မှုကို လျော့နည်းစေပြီး နှလုံးကို အလုပ်ပိုလုပ်စေသည်။

Valvular stenosis ဆိုသည်မှာ အဆို့ရှင်သည် ကျဥ◌်းမြောင်းနေကာ လုံးလုံးမပွင့်တော့ဘဲ နှလုံးအခန်းတွင်းမှ သွေးများ စီးဆင်းမှုကို ကန့်သတ်ထားသောကြောင့် သွေးများနောက်ပြန်ဆင်းသွားစေခြင်းဖြစ်သည်။

နှလုံးအဆို့ရှင် stenosis နှင့် regurgitation ၏လက္ခဏာများ

  • အသက်ရှုကြပ်ခြင်းနှင့် အလုပ် သို့မဟုတ် လေ့ကျင့်ခန်းလုပ်နိုင်စွမ်း လျော့နည်းလာခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း (အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုအဆင့်ပိုများလာသောအခါတွင်)၊
  • ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်း (ရင်ဘတ်အောင့်ခြင်း/မအီမသာဖြစ်ခြင်း)
  • လှဲလျောင်းရခက်ခဲခြင်း (Orthopnea) သို့မဟုတ် ညဘက် အသက်ရှူရန် ခက်ခဲခြင်း။
    ခေါင်းမူးခြင်း သို့မဟုတ် မူးလဲခြင်း (Syncope)
  • ရင်တုန်ခြင်း။
  • မျက်လုံးများ ရောင်ရမ်းခြင်း၊ ခြေထောက်များ သို့မဟုတ် ၀◌မ်းဗိုက်လေပွခြင်း။
  • နှလုံးပျက်ခြင်း သို့မဟုတ် အဆုတ်ရောင်ခြင်း။

အသေးစိတ်ဆက်သွယ်လိုပါက
ေ၀◌့ဌာနီဆေးရုံကြီး ၅လွှာရှိ နှလုံးကုသဆောင်သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
+66(0)85-223-888

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating