Health Article

အဆုတ်ကင်ဆာနဲ့ပက်သက်သာ အယူအဆအမှား ၄ ခု

Share:

အဆုတ်ကင်ဆာသည် အမျိုးသားရော အမျိုးသမီးပါ အဖြစ်များဆုံး ကင်ဆာများထဲမှ တစ်ခုဖြစ်သည်။ သို့သော် အဆုတ်ကင်ဆာနှင့်ပတ်သက်သော လူတိုင်းအမှတ်မှားနေသည့် အယူအဆ ၄ ခု ရှိပါသေးသည်။

အယူအဆအမှား ၁ – ဆေးလိပ်သောက်သူတွေသာ အဆုတ်ကင်ဆာ ဖြစ်လိမ့်မယ်။

အမှန်တရား- လူတိုင်းမှာ အဆုတ်ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းရှိတယ်။ အဆုတ်ကင်ဆာလူနာများ၏ 20% ကျော်သည် ဆေးလိပ်မသောက်ဖူးသူများဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာအတွက် အဓိကအန္တရာယ်တစ်ခုဖြစ်သော်လည်း လေထုညစ်ညမ်းမှု၊ မီးခိုးငွေ့နှင့် မျိုးဗီဇပြောင်းလဲခြင်းကဲ့သို့သော အခြေအနေများရှိသည့် လူနာများတွင်လည်း အဆုတ်ကင်ဆာအတွက် ဖြစ်နိုင်ခြေအချက်များရှိသည်။

အယူအဆအမှား ၂ – မိမိမှာ အဆုတ်ကင်ဆာဖြစ်နေသည် သို့သော်လည်း ဆေးလိပ်ဆက်သောက်နိုင်တယ်။

အမှန်တရား- ဆေးလိပ်ဖြတ်ခြင်းသည် ကုသမှုအတွက် အသုံးဝင်ပြီး အဆုတ်ကင်ဆာပြန်ဖြစ်နိုင်ခြင်းအပြင် အခြားကင်ဆာအမျိုးအစားများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည်။

အယူအဆအမှား ၃ – အဆုတ်ကင်ဆာအဆင့် 3 မှ 4 အဆင့်ရှိလူနာများကိုကုသရန်နည်းလမ်းမရှိပါ။

အမှန်တရား- လက်ရှိတွင်၊ ဓာတုကုထုံး၊ ခုခံအားကုထုံး၊ ပစ်မှတ်ထားကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးစသည်ဖြင့် အဆုတ်ကင်ဆာအတွက် ထိရောက်သောကုသမှုရွေးချယ်စရာများစွာရှိပါသည်။

အယူအဆအမှား ၄ – အစောပိုင်းအဆင့်တွင် အဆုတ်ကင်ဆာကို သိရှိရန် ခက်ခဲသည်။

အမှန်တရား- အဆုတ်ကင်ဆာစစ်ဆေးခြင်းအတွက် အဓိကလုပ်ထုံးလုပ်နည်းဖြစ်သည့် ပမာဏနည်း CT scan ရိုက်ခြင်းဖြင့် အဆုတ်ကင်ဆာကို ရှာဖွေတွေ့ရှိနိုင်သည်။ CT scanမှ ရလာဒ်သည် သာမန် X-ray ပုံထက် ပိုမိုတိကျသော 3D ပုံရိပ်ဖြင့် ပိုမိုထင်ရှားစွားမြင်နိုင်မည်ဖြစ်သည်။ CT scan ဖြင့် အဆုတ်ကင်ဆာစစ်ဆေးခြင်းကို ခံယူခြင်းဖြင့် အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို 20% အထိ လျှော့ချပေးနိုင်ပါသည်။ အဆုတ်စစ်ဆေးရန် ရောဂါလက္ခဏာမပြမချင်း စောင့်မနေဘဲ အကောင်းဆုံးဖြစ်သည်။ “စောစောရှာဖွေတွေ့ရှိလေ ကုသမှုရလာဒ်အတွက် ပိုမိုကောင်းမွန်လေ ဖြစ်ပါသည်”

  • Readers Rating
  • Rated 4.2 stars
    4.2 / 5 (5 )
  • Your Rating




Related Posts