Health Article

ကိုဗစ် မျိုးရိုး ဗီဇခွဲ အိုမီခရွန်ပိုး ကူးစက်ခံရသူတို့ ခံစားရသည့် လက္ခဏာ ၈ မျိုး

Share:

လတ်တလောတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခြင်းများ နည်းပါးလာသော်လည်း ဗိုင်းရပ်များအသွင်ပြောင်းခြင်းကြောင့် ကိုဗစ်ကူးစက်ပြီးနောက်ပိုင်း လက္ခဏာများမှာ အရင်နှင့်မတူပဲ ကွဲပြားခြားနားလာပါသည်။ အိုမီခရွန်ဗီဇကွဲ ကိုဗစ်လက္ခဏာများကတော့

  1. ခေါင်းကိုက်ခြင်း။ ကြွက်သားနာကျင်ခြင်း။ မောပန်းလွယ်ခြင်း
  2. အသံများပြောင်းလာခြင်း
  3. အပူချိန် 39’C ထက်ပိုတက်ခြင်း
  4. ချွေးထွက်များပြီးချမ်းတုန်လာခြင်း
  5. နှာရည်ယို နှာပိတ်ခြင်း
  6. နှာခေါင်းယားခြင်း၊ ချောင်းဆိုးခြင်း
  7. လည်ပင်းနာခြင်း၊ တံတွေးမျိုချလျှင် ပိုနာခြင်း
  8. မောပန်းအားနည်းကာ ဘာမှလုပ်ချင်စိတ်မရှိခြင်း

ကူးစက်လျှင် အရင်ကဲ့သို့ဆိုးရွားစွာ မခံစားရသော်လည်း ယခုထက်တိုင် ကူးစက်မှုများပြားနေဆဲဖြစ်ပါသည်။ လက္ခဏာများပေါ်ပေါက်လာလျှင် ကိုဗစ်စစ်ဆေးခြင်းကို လုပ်ဆောင်သင့်ပြီး ကူးစက်ခံနေရသည်ဆိုပါက မှန်ကန်သောကုသမခံယူပြီး အခြားသူများနဲ့ သီးသန့်ခွဲနေခြင်းတို့ကိုလုပ်ဆောင်ခြင်းအားဖြင့် ပိုမိုကူးစက်ခံရခြင်းတို့မှ ကာကွယ်နိုင်ပါသည်။ အိုမီခရွန် မျိုးရိုးဗီဇကွဲ ကိုဗစ်ပိုးကို ကာကွယ်ရန် နှာခေါင်းစည်းအမြဲ၀◌တ်ဆင်ခြင်း၊ လက်မကြာခဏဆေးခြင်း၊ တဦးနှင့်တဦး 1.5 မီတာအကွာမှနေခြင်းတို့ဖြင့် မိမိတို့ကျန်းမာရေးအတွက် သတိထားရှောင်ကြဥ◌်သင့်သည်။

အသေးစိတ်ပိုမိုသိလိုပါက

ဝေ့ဌာနီဆေးရုံကြီး ဆေးပညာဌာန

ဖုန်း 02 734 000 လိုင်းခွဲ 2200 သို့ဆက်သွယ်နိင်သလို
မြန်မာစင်တာ ဖုန်း +66 819845111 သို့လည်း ဆက်သွယ်နိုင်ပါသည်.။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts