Health Article

ဝေ့ဌာနီဆေးရုံကြီးသည် ထိုင်းနိုင်ငံတွင် အကောင်းဆုံးသော ကင်ဆာအထူးကုဆေးရုံကြီးဖြစ်ပါသည်

Share:

သင့်တွင် ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပါက သင့်ကုသမှုအတွက် ထိုင်းနိုင်ငံ၏ အကောင်းဆုံးကင်ဆာဆေးရုံကို ကြိုတင်သိရှိထားပြီး ကုသမှုအမြန်ခံယူနိုင်ရန် အရေးကြီးပါသည်။  ရောဂါတွေ့ရှိရသည့်အချိန်တွင် သင်သည်ဘန်ကောက်တွင်ရှိနေသည်ဆိုပါက အလွန်ကံကောင်းလှပါသည်။ ဘန်ကောက်ရှိ Vejthani ဆေးရုံသည် ထိုင်းနိုင်ငံ၏ အကောင်းဆုံး ကင်ဆာဆေးရုံဟု လူအများက ယူဆကြသည်။ သို့သော် မိမိဟာ ထိုင်းနိုင်ငံရဲ့ တခြားဒေသမှာ နေထိုင်သူဖြစ်ပါက ကင်ဆာကုသမှုခံယူဖို့ ဘန်ကောက်ကို ခရီးထွက်ဖို့ အစီအစဉ်တွေ လွယ်ကူစွာ ပြုလုပ်ထားနိုင်ပါတယ်။

အကယ်လို့ လူနာရှင်ဘက်က ကင်ဆာဆေးရုံတွေရယ် ကင်ဆာကုထုံးတွေကို ပိုမိုသိလာပြီဆိုပါက မေးစရာမေးခွန်းတွေရှိလာနိုင်ပါသည်. ကင်ဆာကုထုံးတွေက ဘာလို့အများကြီးဖြစ်နေတာလဲ ကင်ဆာဆေးရုံကောင်းတခုဖြစ်ဖို့ကဘာ အဓိကလိုတာလဲ စတာတွေကို မေးမြန်းလာနိုင်ပါသည်။

ကင်ဆာကုသမှုတစ်ခုထက်ပို၍ ဘာကြောင့်ရှိတာလဲ???

ဆေးရုံတိုင်းက လူနာတွေအတွက် ကောင်းမွန်တဲ့ ကုသမှုကို ပေးချင်ကြပါတယ်။ ကင်ဆာဆေးရုံတစ်ခုတွင်၊ လူနာရှင်ဖြစ်သောကင်ဆာ‌ေ၀ဒနာပေါ်မူတည်ပြီး ခန္ဓာကိုယ်၏ မတူညီသောနေရာများတွင် ဖြစ်သော ကင်ဆာမျိုးကွဲများစွာကို တိုက်ဖျက်နည်းမျိုးစုံးရှိပါသည်။

ကင်ဆာ သုတေသန ကိုလည်း သဘာဝ အတိုင်း ဆက်လက် လုပ်ဆောင် နေပါတယ်။ သုတေသီများနှင့် ဆရာဝန်တိုင်းသည် ကင်ဆာလူနာများအား အသက်ရှည်ပြီး ကောင်းမွန်စွာဘဝနေထိုင်ရန် အကောင်းဆုံးအခွင့်အရေးကို ရရှိအောင် အမြဲကြိုးစားနေပါသည်။

ကင်ဆာကုသမှုများစွာထဲမှ ကောင်းမွန်သော ရလာဒ်ဖြစ်လာသည့် ကုသမှုတိုင်းကို အများစုက ကင်ဆာကုသခြင်းခေါင်းစဥ◌်အောက်တွင်ထည့်ထားကြသည်. ကုသမှုတစ်ခုစီတိုင်းသည်လည်း ခန္ဓာကိုယ်၏ သီးခြားနေရာတစ်ခုရှိ ကင်ဆာအမျိုးအစား သို့မဟုတ် ကင်ဆာတစ်မျိုးမျိုးကို ကုသရာတွင် အထူးထိရောက်မှုရှိနိုင်သည်။

မမျှော်လင့်ထားသော ကင်ဆာကုသမှုရလာဒ်ကောင်းရရှိခြင်းသည် ဆေးရုံတခုတွင် တတ်ကျွမ်းသော ကင်ဆာဆရာ၀◌န်ကြီးများနှင့်အခြားသော ဆက်စပ်အထူးကုဆရာ၀◌န်များ တစုတစည်းတည်းဖြစ်စေကာ ကုသမှုကို အားလုံးအတူတကွပုံဖော်ကုသနိုင်မှသာ ကောင်းမွန်သော ကင်ဆာဆေးရုံတခုဖြစ်လာနိုင်မည်ဟု ဆိုနိုင်ပါလိမ့်မည်။ 

ကင်ဆာမျိုးစုံရှိသည့်အပြင် ကင်ဆာလူနာတဦးစီ၏တုံ့ပြန်မှုမှာလည်းမတူညီတဲ့အတွက် လူနာအခြေအနေနှင့် တတ်ကျွမ်းသောဆရာ၀◌န်၏ အတွေ့အကြုံပညာရပ်များဖြင့် ပေါင်းစပ်ကာ မှန်ကန်သော ကုသမှုတခုဖြစ်မှသာ ကင်ဆာကုသခြင်းအောင်မြင်သည်ဟု ဆိုနိုင်ပါမည်။ အကောင်းဆုံးကင်ဆာဆေးရုံဆိုသည်မှာလည်း ထိုကောင်းမွန်သောရလာဒ်များထွက်ပေါ်လာအောင် ဖြည့်ဆည်းပေးနိုင်သောနေရာမျိုးတခုဖြစ်ပါသည်။ 

ကင်ဆာကုသမှုအမျိုးအစားများ

ကင်ဆာလူနာများ ကင်ဆာကုသသောကာလတလျှောက်တွင် ကုသသောနည်းမျိုးစုံရှိပါသည်။ ထိုနည်းများထဲမှ အစိတ်အပိုင်းတခုခု သို့ ကင်ဆာအဆင့်တခုခုကို ထိရောက်သော ကုသမှုရလာဒ်ရရှိစေအောင် လုပ်ဆောင်ပေးပါသည်။ ဆရာဝန်တစ်ဦးမှ ကုသမှုတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းလဲခြင်းသည် ယခင်ကုသမှုမှာ လွဲမှာနေသောကြောင့်မဟုတ်သည်ကို သိရှိနားလည်ရန် အရေးကြီးပါသည်။ ကုသမှုတစ်ခုသည် နောက်ကုသမှုအသစ်ကို ပိုမိုထိရောက်စေနိုင်သည်။ ကုသနည်းများစွာသုံးခြင်းသည် သင့်ခန္ဓာကိုယ်မှ ကင်ဆာရောဂါများကို နောက်ဆုံးတွင် ဖယ်ရှားပေးရန် ပေါင်းစပ်ကုသနေခြင်းဖြစ်ကြောင်း နားလည်ထားသင့်သည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်ခြင်းသည် အထူးသဖြင့် ရောဂါ၏ ကနဦးအဆင့်များတွင် ခန္ဓာကိုယ်မှ အကျိတ်များ သို့မဟုတ် ကြီးထွားမှုကို တတ်နိုင်သမျှ လျော့နည်းအောင် အရင်တားဆီးပေးနိုင်သော ကုထုံးဖြစ်သည်။

အောင်မြင်သော ခွဲစိတ်မှုတစ်ခုသည် ကင်ဆာဆဲလ်များ လျော့နည်းသွားခြင်းကို ဆိုလိုသည်။ ထိုသို့ လျော့နည်းခြင်း သို့ ကင်ဆာဆဲလ်များအရွယ်သေးသွားခြင်းအားဖြင့် နောက်ထပ်ထပ်တိုးကုသမှုများဖြင့်အချိန်တိုအတွင်း လူနာလည်းမခံစားရပဲ ကုသနိုင်မည်ဖြစ်ပါသည်။

ဓာတ်ရောင်ခြည် ကုထုံး 

ဤကုသမှုသည် ကင်ဆာစွမ်းရည်ကို ကျဆင်းသွားစေရန်နှင့် ဓါတ်ရောင်ခြည်ကိုအသုံးပြုပြီး ခန္ဓာကိုယ်အတွင်းကျန်ရှိနေသည့် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးကွေးစေပါသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ခန္ဓာကိုယ်၏ အချို့နေရာများတွင် ဖြစ်ပွားသော ကင်ဆာအမျိုးအစားအချို့တွင် ကုသပျောက်ကင်းနိုင်သောကြောင့် ၎င်းသည် ကြီးမားသောကုသမှုရလာဒ်ကိုဖြစ်စေသည်။

ဓာတ်ရောင်ခြည်ကုထုံးတွင် နောက်ဆုံးပေါ်နည်းပညာမှာ Intensity-modulated radiation therapy (IMRT) ဖြစ်သည်။ ဓာတ်ရောင်ခြည်ကုထုံးများထဲတွင် ဤနည်းပညာမှာ ဓာတ်ရောင်ခြည်ပမာဏကို ကွန်ပျူတာက ထိန်းချုပ်ပေးပြီး တိကျသော ပစ်မှတ်ဧရိယာကို သေချာကုနိုင်သည့် ဓာတ်ရောင်ခြည်ကုထုံးအမျိုးအစားဖြစ်သည်။ ဤကုသမှု၏ဘေးထွက်ဆိုးကျိုးများကို IMRT ဖြင့်လည်း လျှော့ချနိုင်သည်။

ဓာတုကုထုံး

ဓာတုကုထုံးသည် ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ဆေးဝါးတစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။ တူညီသောရလဒ်များဖြင့် ခန္ဓာကိုယ်၏ မတူညီသောနေရာများတွင် အသုံးပြုနိုင်သည်။ ခွဲစိတ်မှုမပြုမီ မကြာခဏ အသုံးပြုလေ့ရှိသည်။ ထို့ပြင် neoadjuvant ဓာတုကုထုံးဖြင့် အကျိတ်ကို ကျုံ့သွားစေပြီး ခွဲစိတ်သောအခါ လွယ်ကူစွာဖယ်ရှားနိုင်သည်။ ခွဲစိတ်ပြီးနောက်၊ ၎င်းသည် လူနာ၏ရောဂါလက္ခဏာများကို လျှော့ချနိုင်ပြီး လူ့သက်တမ်းကို ပိုမိုကြာစေနိုင်သည်။

ဟော်မုန်းကုထုံး

ဟော်မုန်းများသည် အချို့သော ကင်ဆာဆဲလ်များ ကြီးထွားမှုကို နှေးကွေးစေနိုင်သည်။ ဟော်မုန်းကုထုံးသည် ရင်သား၊ သိုင်းရွိုက်နှင့် ဆီးကျိတ်ရှိ ကင်ဆာဆဲလ်များက ကုသရာတွင် ပိုမိုထိရောက်သည်။

ပစ်မှတ်ထားကုထုံး

ယခုနည်းကို မော်လီကျူးပစ်မှတ်ထားကုထုံးဟုလည်း ခေါ်နိုင်ပါတယ်။ ဤကုထုံးသည် ကင်ဆာဆဲလ်များ ရှင်သန်မှုအတွက် မှီခိုနေရသော ခန္ဓာကိုယ်အတွင်းရှိ မော်လီကျူးများကို အနှောင့်အယှက်ပေးကာ ကင်ဆာဆဲလ်ကို မတွယ်ကပ်နိုင်စေရန်ဖြစ်သည်။ ကုသမှုမစတင်မီ ပစ်မှတ်များကို ခွဲခြားသတ်မှတ်ရန် သွေးပေါ်တွင် မော်လီကျူးစစ်ဆေးမှုကို အရင်လုပ်ဆောင်ရသည်။

Immunotherapy

Immunotherapy သည် ကျွန်ုပ်တို့၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် ကင်ဆာဆဲလ်များကို တိုက်ထုတ်စေသည့်နည်းတခုဖြစ်သည်။ ကုသမှုများတွင် ကျွန်ုပ်တို့၏ T-cells များကို T-cell engineering၊ ကာကွယ်ဆေးများ၊ သို့မဟုတ် monoclonal antibodies များတိုးပွားစေကာ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအတွင်းရှိ ကင်ဆာများကို တိုက်ဖျက်ခြင်းဖြစ်သည်။

ရိုးတွင်းခြင်ဆီနှင့် ပင်မဆဲလ် အစားထိုး ကုသခြင်း

ဤကင်ဆာကုသမှုနှစ်ခုလုံးသည် ခန္ဓာကိုယ်မှခွဲထုတ်ထားသောဆဲလ်များကိုသုံးနိုင်သည် သို့မဟုတ် အလှူရှင်ဆီမှ ယူပြီး အသုံးပြုနိုင်သည်။ ရိုးတွင်းခြင်ဆီကုသမှုကို ကင်ဆာအမျိုးမျိုးအတွက် အသုံးပြုသော်လည်း၊ ပင်မဆဲလ်ကုသမှုကို ယေဘုယျအားဖြင့် သွေးကင်ဆာ၊ lymphoma နှင့် multiple myeloma စသည့် ကင်ဆာများတွင်သာ အသုံးပြုများပါသည်။

ထိုင်းနိုင်ငံရှိ အကောင်းဆုံး ကင်ဆာဆေးရုံတိုင်းသည် ကင်ဆာကုသမှုအားလုံးကို ဆောင်ရွက်ပေးပါသည်။

ထိုင်းနိုင်ငံ၏ အကောင်းဆုံး ကင်ဆာဆေးရုံအဖြစ် Vejthani ဆေးရုံသည် ကျွန်ုပ်တို့ဆီမှ ကျွမ်းကျင်ကင်ဆာအထူးကုအဖွဲ့၊ ဆရာဝန်များနှင့် အခြားအထူးကုအဖွဲ့များ အားလုံးပူးပေါင်းပြီး ကင်ဆာရောဂါတခုကို မည်သို့အဘက်ဘက်မှတိုက်နိုင်အောင် စုစည်းတိုင်ပင်ပြီး ဆောင်ရွက်ပေးပါသည်။

သင် သို့မဟုတ် ချစ်ရသော မိသားစုဝင်တစ်ဦးသည် ကင်ဆာရောဂါရှာဖွေတွေ့ရှိပါက Vejthani ဆေးရုံရှိ Life Cancer Center တွင် ရက်ချိန်းရယူပါ။ ကျွန်ုပ်တို့သည် သင့်ချစ်ရသူ၏ ကင်ဆာကုသမှုအတွက် ပေါင်းစပ်ကုထုံးနည်းလမ်းများစွာဖြင့် ထိုင်းနိုင်ငံတွင် အကောင်းဆုံးဖြစ်အောင် ပြုစုစောင့်ရှောက်ပေးပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts