Health Article

အဆုတ်ကင်ဆာကို စောစောသိပြီး စောစောကုသပျောက်ကင်းနိုင်စေဖို့

Share:

အဆုတ်ကင်ဆာရောဂါဟာ မြန်မာလူမျိုးတွေရဲ့ အသက်များစွာကို ခြွေနေတဲ့ ကင်ဆာရောဂါဖြစ်ပြီး အစပိုင်းဖြစ်စဉ်မှာလက္ခဏာမပြတတ်ပါ။ ရောဂါလက္ခဏာပြလာလို့ လာစစ်ကြတဲ့ အချိန်မှာများသောအားဖြင့် ရောဂါရဲ့ ပြင်းထန်တဲ့ အဆင့်ရောက်နေတတ်ပါတယ်။ ဒါကြောင့် စောလျင်စွာသိရှိကုသနိုင်ဖို့ အဆုတ်ကင်ဆာဖြစ်နိုင်ချေများတဲ့သူတွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ (Low Dose CT Scan) ဖြင့် စစ်ဆေးကြည့်စေချင်ပါတယ်။

အဆုတ်ကင်ဆာ ဖြစ်နိုင်ချေရှိတဲ့ လူများကတော့

  • အသက် ၅၅ မှ ၇၅ နှစ်ရှိသူ၊
  • ဆေးလိပ်သောက်သူများ( တနေ့ ၂၀ လိပ်နှုန်းနဲ့ အနှစ် ၃၀ ခန့် သောက်သူများ (သို့) တနေ့ ၄၀ လိပ်နှုန်းနဲ့ ၁၅ နှစ်ခန့် သောက်သူများ)
  • ခဲယမ်းငွေ့ နဲ့ ညစ်ညမ်းတဲ့ လေထုရှိတဲ့ ပတ်ဝန်းကျင်တွင်နေထိုင်သူများ၊
  • နာတာရှည်အဆုတ်ရောဂါရှိသူများ၊
  • ဘိုးဘွားမိဘမောင်နှမတွင် အဆုတ်ကင်ဆာမျိုးရိုးရှိသူများ တို့ဖြစ်ပါတယ်။

ရောဂါစစဖြစ်တဲ့ချိန်မှာ စစ်ဆေးတွေ့ရှိပြီး အချိန်မီကုသလျှင် သက်သာပျောက်ကင်းနိုင်ပါတယ်။ဒါပေမဲ့ စစ်ဆေးတွေ့ရှိပြီး အချိန်မီမကုသဘဲ ပစ်ထားလျှင် အဆုတ်မှာရှိနေတဲ့ ကင်ဆာအကျိတ်ဟာကြီးထွားလာနိုင်တဲ့အပြင် တခြားအင်္ဂါ အစိတ်အပိုင်းတွေဆီကို ပြန့်ပွားသွားနိုင်ခြင်းကြောင့် ကုသပျောက်ကင်းရန်ခက်ခဲပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ မိမိမှာအထက်မှာ အထက်ကပြောပြခဲ့တဲ့ ဖြစ်နိုင်ချေအကြောင်းအရင်းရှိလျှင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဝေ့ဌာနီဆေးရုံကြီးမှာ Low Dose CT Scan နှင့် စစ်ဆေးဖို့ အချိန်မဆွဲသင့်ကြောင်း အသိပေးအပ်ပါတယ်။

အားလုံးကျန်းမာဘေးကင်းစေဖို့ဆုတောင်းလျက်

ဝေ့ဌာနီဆေးရုံကြီး

Myanmar Hotline: +66 (0) 819-845-111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating