ကျန်းမာရေးဆိုင်ရာ စာစောင်များ

ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာတွေမှာ ကင်ဆာဖြစ်နိုင်သလဲ?

Share:

ကင်ဆာ ရောဂါသည် ထိုင်းနိုင်ငံတွင် နံပါတ်တစ် သေဆုံးနူန်းအများဆုံးရောဂါဖြစ်ပါသည်။ သင့်အနေဖြင့် အသည်း၊ အဆုပ်နှင့် အူမကြီး ကင်ဆာကဲ့သို အဖြစ်များသော ကင်ဆာ များအကြောင်းသိရှိပြီးဖြစ်နိုင်သော်လည်း အခြားရှားပါးပြီး အဖြစ်နည်းသော ကင်ဆာအမျိုးအစားများရှိနေပါသေးသည်။ အောက်တွင် ကိုယ်ခန္ဓာ တစ်ခုလုံးတွင်းဖြစ်နိုင်သော ကင်ဆာ အမျိုးအစားများအကြောင်း ကို ဖော်ပြပေးသွားပါမည်။

အမျိုးသားများတွင် အဖြစ်များသော ကင်ဆာရောဂါများ

  • အသည်းကင်ဆာ သည် အသည်းရောင်အသားဝါ ဘီ၊ စီပိုး အပြင် အရက်သောက်ခြင်း အသည်းအဆီဖုံးခြင်းတိုကြောင့် ဖြစ်ပွါးသော အသည်းခြောက်ခြင်း ဖြင့် ဆက်စပ်မှုရှိပါသည်။
  • အဆုပ်ကင်ဆာ ကို ဖြစ်ပွါးစေသော အချက်များမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဖြစ်စေသော ဓာတုအငွေ့များ ဖြင့် ထိတွေမှုများခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းတို့ ဖြစ်ပါသည်။
  • အူမကြီးကင်ဆာ ကို ဖြစ်ပွါးစေသော အချက်များမှာ ကျန်မာရေးနှင်မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ပါတ်ဝန်းကျင် နှင့် မျိုးရိုးလိုက်ခြင်းတို့ ဖြစ်ပါသည်။
  • ဆီးကျိတ်ကင်ဆာ မှာ အမျိုးသားများ ဆီးကျိတ်တဝိုက်တွင် ပုံမှန်မဟုတ်သော သဏ္ဋေပြောင်း ဆဲလ်များစုစည်းလာခြင်းကြောင့်ဖြစ်ပါသည်။
  • ပြန်ရည်ကြောအကျိတ်ကင်ဆာ သည် သွေးဖြူဥများထဲမှ Lymphocytes ဟုခေါ်သည့် အမျိုးအစားများပုံမှန်မဟုတ်ဘဲ အဆမတန်ပွါးများလာသည့် ကင်ဆာဖြစ်ပါသည်။ အများသောအားဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ရှိ ပြန်ရည်ကြောဂလင်းများတွင် ဖြစ်ပွါးတတ်ပါသည်။
  • လူကီးမီးယား သွေးကင်ဆာ သည် ပုံမှန်မဟုတ်သော သွေးဖြူဥများ ကိုယ်ခန္ဓာမှ လျှင်မြန်စွာ ပွါးများထုတ်လုပ်ရာမှ အခြားလိုအပ်သော သွေးတွင်ဆဲလ်များ ဖြစ်သည့် သွေးနီဥ သွေးမွှားဥတို့ အတွက် ရိုးတွင်ချဉ်ဆီအတွင်းတွင်ကုန်ကြမ်းမလုံလောက်တော့သော ကင်ဆာရောဂါဖြစ်ပါသည်။
  • ဆီးအိမ်ကင်ဆာ ဖြစ်စေနိုင်သော အချက်များမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာကင်ဆာထြစ်စေသော ဓာတုပစ္စည်းများနှင့် ထိတွေခြင်း၊ ဆီးလမ်းကြောင်းနှင့် ဆီးအိမ်တွင် မကြာခဏ ပိုးဝင်ခြင်း၊ ဆီးကျောက်တည်ခြင်းတို့ ဖြစ်ပါသည်။
  • ခံတွင်းကင်ဆာ သည် ဆေးလိပ် နှင့် အရက်သောက်သုံးခြင်း HPV ဗိုင်းရပ်စ် ကူးစက်ခြင်း နှင့် ကွမ်းစား ခြင်းတို့ဖြင့် ဆက်စပ်မှုရှိပါသည်။
  • အစာအိမ်ကင်ဆာ သည် အသက်အရွယ်၊ မျိုးရိုးလိုက်မှု တို့နှင့် ဆက်စပ်မှုရှိပါသည်။
  • အစာခြေအူလမ်းကြောင်းကင်ဆာ သည် ပူလွန်းသော အစားအစာများ၊ GERD syndrome ကြောင့် Chronic Acid Reflex ( အစာခြေအက်စစ် ပျို့တက်မှု) ကြာရှည်ဖြစ်ပွါးသောသူများနှင့်၊ ဆေးလိပ်သောက်သူများတွင် ဖြစ်ပွါးတတ်ပါသည်။

အမျိုးသမီးများတွင် အဖြစ်များသော ကင်ဆာရောဂါများ

  • ရင်သားကင်ဆာ ဖြစ်ပွါးစေသော အချက်များမှာ မျိုးရိုးလိုက်ခြင်း၊ အဝလွန်ခြင်း၊ အရက်သောက်သုံးခြင်း တို့ဖြစ်ပါသည်။
  • သားအိမ်ခေါင်းကင်ဆာ သည် HPV ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖြစ်ပွါးပြီး ကူစပ်စေသော အပြုအမူများမှာ ငယ်လွန်းသော အရွယ်တွင် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များပြားခြင်း၊ ဆေးလိပ်သောက်သုံးခြင်း နှင် ကိုယ်ခံအား နည်းပါးခြင်းတို့ ဖြစ်ပါသည်။
  • အသည်းကင်ဆာ သည် အသည်းရောင်အသားဝါ ဘီ၊ စီပိုး အပြင် အရက်သောက်ခြင်း အသည်းအဆီဖုံးခြင်းတိုကြောင့် ဖြစ်ပွါးသော အသည်းခြောက်ခြင်း ဖြင့် ဆက်စပ်မှုရှိပါသည်။
  • အဆုပ်ကင်ဆာ ကို ဖြစ်ပွါးစေသော အချက်များမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဖြစ်စေသော ဓာတုအငွေ့များ ဖြင့် ထိတွေမှုများခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ပါတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်းတို့ ဖြစ်ပါသည်။
  • အူမကြီးကင်ဆာ ကို ဖြစ်ပွါးစေသော အချက်များမှာ ကျန်မာရေးနှင်မညီညွတ်သော အစားအစာများ စားသောက်ခြင်း၊ ပါတ်ဝန်းကျင် နှင့် မျိုးရိုးလိုက်ခြင်းတို့ ဖြစ်ပါသည်။
  • သားဥအိမ်ကင်ဆာ သည် မျိုးရိုးလိုက်ခြင်း အပြင် ဓာတုပစ္စည်းများ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စသည်တိုနှင် စပ်ဆက်မှုရှိပါသည်။
  • သားအိမ်ကင်ဆာ သည် ဟော်မုန်း မညီမျှခြင်း ကြောင့် ဖြစ်တတ်ပြီး ကိုယ်ဝန် မဆောင်ဘူးသော အမျိုးသမီးများ၊ အဝလွန်သူများ၊ သွေးတိုးနှင့် ဆီးချိုရှိသူများတွင် အဖြစ်များပါသည်။
  • လူကီးမီးယား သွေးကင်ဆာ သည် ပုံမှန်မဟုတ်သော သွေးဖြူဥများ ကိုယ်ခန္ဓာမှ လျှင်မြန်စွာ ပွါးများထုတ်လုပ်ရာမှ အခြားလိုအပ်သော သွေးတွင်ဆဲလ်များ ဖြစ်သည့် သွေးနီဥ သွေးမွှားဥတို့ အတွက် ရိုးတွင်ချဉ်ဆီအတွင်းတွင်ကုန်ကြမ်းမလုံလောက်တော့သော ကင်ဆာရောဂါဖြစ်ပါသည်။
  • ခံတွင်းကင်ဆာ သည် ဆေးလိပ် နှင့် အရက်သောက်သုံးခြင်း HPV ဗိုင်းရပ်စ် ကူးစက်ခြင်း နှင့် ကွမ်းစား ခြင်းတို့ဖြင့် ဆက်စပ်မှုရှိပါသည်။
  • သိုင်းရွိုက်ကင်ဆာ သည် အသက်အရွယ်အိုမင်းခြင်း၊ ဓာတ်ရောင်ချည်သင့်ခြင်း၊ ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်း၊ မျိုးရိုးလိုက်ခြင်း တို့နှင်ဆက်စပ်မှု ရှိပါသည်။
  • ပြန်ရည်ကြောအကျိတ်ကင်ဆာ သည် သွေးဖြူဥများထဲမှ Lymphocytes ဟုခေါ်သည့် အမျိုးအစားများပုံမှန်မဟုတ်ဘဲ အဆမတန်ပွါးများလာသည့် ကင်ဆာဖြစ်ပါသည်။ အများသောအားဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ရှိ ပြန်ရည်ကြောဂလင်းများတွင် ဖြစ်ပွါးတတ်ပါသည်။

အထက်ပါ အဖြစ်များသော ကင်ဆာများ အပြင် အခြား ရှားပါးသော အဖြစ်နည်းသည့် ကင်ဆာအမျိုးအစားများလည်းရှိပါသည်။ အဆိုပါကင်ဆာ အမျိုးအစားများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • နှာခေါင်းနှင့် ခံတွင်း အနာက်ပိုင်းကင်ဆာ သည် Epstein-Barr ဗိုင်းရပ်စ်ကူးစပ်ခြင်းကြောင့် ဖြစ်ပွါးနိုင်ပါသည်။
  • လည်ချောင်းနှင့် အသံအိုးကင်ဆာ သည် ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်းတို့ကြောင့်ဖြစ်ပွါးတတ်ပါသည်။
  • သည်းချေကင်ဆာ သည် သည်းချေအိတ်နှင့် သည်းချေပြွန် အတွင်းရှိ ကျောက်များ၊ Liver fluke ခေါ် အသည်းအတွင်းသံကောင် များ၊ တာရှည်ခံအစားအစာများ စားသုံးရာတွင် ပါဝင်တတ်သော nitrosamine ခေါ် ယမ်းစိမ်း စသည်တို့နှင့် ဆက်စပ်မှုရှိပါသည်။
  • ပန်ကရိယ ခေါ် သရက်ရွက်ကင်ဆာ သည် စစ်တမ်းများအရ ထိုင်းနိုင်ငံ လူဦးရေ၏ ၁% တွင်သာ ဖြစ်ပွါးပါသည်။ ဖြစ်ပွါးရသည် အကြောင်းအရင်းကို မသိရသေးသော်လည်း ဆရာဝန်များမှ ဆေးလပ်သောက်ခြင်း၊ မျိုးရိုးလိုက်ခြင်း နှင် ဆီးချိုရောဂါတို့နှင့် ဆက်စပ်မှုရှိနိုင်သည်ဟု သုံးသပ်ကြပါသည်။
  • အရိုးကင်ဆာ သည် ရှားရှားပါးပါး ဖြစ်ပွါးတတ်သော ကင်ဆာဖြစ်ပြီး ဖြစ်ပွါးရသည့် အကြောင်းအရင်းကို ယခုထိမသိနိုင်သေးပါ။
  • အရေပြားကင်ဆာ သို့မဟုတ် မှဲ့ကင်ဆာ သည် ခရမ်းလွန်ရောင်ခြည် နှင့်ကြာရှည်ထိတွေ့ခြင်း၊ အာဆင်းနစ်ဒြပ်ပေါင်းပါဝင်သော အရေပြားလိမ်းဆေးများ အသုံးပြုမိခြင်းတို့နှင့် ဆက်စပ်မှုရှိပါသည်။
  • ဦးနှောက်အကျိတ်နှင့်ကင်ဆာ ဖြစ်ပွါးရသည့်အကြောင်းအရင်း ထင်ထင်ရှားရှားမရှိသေးပါ။ အာရုံကြောဆဲလ်များ၊ ဦးနှောက်တစ်ရှုးများ ရိုးတွင်ချဉ်ဆီ ဆဲလ်များ၊ ဦးနှောက်အောက်ခြေအတွင်းရှိ ဂလင်းနှင့် ဦးနှောက်အမှေးပါးတို့ ပုံမှန်မဟုတ်ပဲကြီးထွားရာမှ ဖြစ်ပွါးသော ကင်ဆာဖြစ်ပါသည်။
  • ကျောက်ကပ်ကင်ဆာ သည် မျိုးရိုးလိုက်ခြင်းနှင့် အသက်အရွယ်အိုမင်းခြင်းတို့နှင့် ဆက်စပ်မှုရှိပါသည်။
  • Soft tissue sarcoma ကင်ဆာ သည် အရိုးနု၊ အရွတ်၊ ကြွက်သား၊ သွေးကြော၊ အဆီပြင်၊ အာရုံကြော စသည်တို့တွင် ဖြစ်ပွါးသော ကင်ဆာဖြစ်ပြီး ခြေလက်များတာရှည် ရောင်ရမ်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ဓာတုပစ္စည်းနှင့် ဓာတ်ရောင်ခြည်သင့်ခြင်း၊ HHV-8 ကဲ့သို့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတို့ကြောင့် ဖြစ်ပွါးနိုင်ပါသည်။
  • Readers Rating
  • Rated 4.8 stars
    4.8 / 5 (2 )
  • Your Rating