သွေးကြောကျဉ်းရောဂါဖြစ်စေသော အဓိက အချက် ၅ ချက် အကြောင်း
နှလုံးကြွက်သားများသို့ အောက်ဆီဂျင်ကြွယ်ဝသော သွေးထောက်ပံ့မှု လျော့နည်းသွားသည့်အခါ

နှလုံးသည် ကိုယ်ခန္ဓာ တစ်ခုလုံးတွင် အရေး အကြီးဆုံး ကိုယ်တွင် အင်္ဂါဖြစ်ပြီး ကိုယ်ခန္ဓာ အနှံံ့ ရှိသွေးကြောများသို့ ၂၄နာရီ သွေးညှစ်လွှတ်ပေးနေသော အင်္ဂါဖြစ်ပါသည်။ သင့် အနေနှင် ငယ်ရွယ်စဉ်တွင် နှလုံးကျမ်းမာရေးကောင်မည်ဟု ယူဆထားလိမ့်မည်ဖြစ်သည်။ သို့ရာတွင် အသက်၃၀အရွယ်ခန့် ဘောလုံးသမားတစ်ဦး ဘောလုံးကန်နေစဉ် အတွင်း ရုတ်တရက် နှလုံးရပ်တန့် သေဆုံးသွားသည်ကို သင်ကြားဖူးလိမ့်မည်ထင်ပါသည်။ အပြင်ပန်းတွင် လဍကျမ်းမာသန်စွမ်း၍ နှလုံး ကျန်းမာရေးကောင်းမည်ဟုထင်ရသော်လည်း မမြင်တွေ့နိုင်သော ပုန်းကွယ်နေသည့် နှလုံးသွေးကြောကျဉ်းရောဂါသည် အသက်ကြီးငယ်မရွေးတွင် တွေ့ရှိရနိုင်ပါသည်။ သင်၏နှလုံး အလုပ်ပိုမိုလုပ်ရလေလေ နှလုံးသွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်နိုင်လေလေ ဖြစ်ပါသည်။
အရေးအကြီးဆုံးမှာ Heart Attack ရသောလူနာကို သေဆုံးမှု နည်းပါးစေရန်အတွက် ဖြစ်ဖြစ်ချင်း မိနစ် ၆၀ မှ ၉၀ အတွင်းအရေးပေါ် ဆေးဝါးကုသမှု ကို အမြန်ဆုံးပေးရန်ဖြစ်ပါသည်။ထို့ကြောင့် သင့်တွင် အထက်ပါ လက္ခဏာများတွေ့ရှိရပါက သင်၏ ပါတ်ဝန်းကျင်မှ လူများကို အသိပေးပြီး ချက်ခြင်း အရေးပေါ်ဆေးကုသမှု ခံယူရပါမည်။
service@vejthani.com