ကွန်ပြူတာရှေ့တွင် အချိန်အကြာကြီး ထိုင်နေရခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် Office Syndrome ရဲ့ လက္ခဏာတစ်ခုဖြစ်ပါသည်။
Office Syndrome သည် ပုံမှန်အားဖြင့် မသင့်လျော်သော ကိုယ်ဟန်အနေအထား သို့မဟုတ်

Table of Contents
ယနေ့တိုးတက်လာသော ဒီဂျစ်တယ်ခေတ်တွင် လူမှုကွန်ယက် အသုံးပြုမှုများပြားလာပြီး ဖုန်း/tablet/Computer များဖြင့် နေ့စဉ် လူမှုကွန်ယက်ကို အလွန် အကျွံစွဲလမ်းစွာအသုံးပြုတတ်သူများတွင် Social Media’s itchy Trigger finger ဟု ခေါ် သော လက်ချောင်းများ ကို အသုံးပြုမှုများသောကြောင့် အကြောညပ် ယောင်ရမ်းခြင်း (Tenosynovitis) ဖြစ်တတ်ပါသည်။
Trigger finger သည် ပစ္စည်းတစ်ခုခုကို လက်ချောင်းများဖြင့် ကြာရှည်စွာ ဆုပ်ကိုင်ထားခြင်း သို့မဟုတ် လက်ချောင်းများအား ကြာရှည်စွာ လှုပ်ရှားကစားခြင်းကြောင့် လက်ချောင်း၏အရွတ်နှင့် ကြွက်သားတွယ်ဆက် တစ်ရှုးများ ထူထဲ ရောင်ရမ်းလာခြင်းဖြစ်ပါသည်။ Trigger finger ဖြစ်ပွားပါက လက်ချောင်းများနာကျင်ရောင်ရမ်းကာ လှုပ်ရှားရန်ခက်ခဲတတ်ပ့သည်။
Trigger finger လူနာများတွင် မနက်အိပ်ရာနိုးစနှင့် လက်ကို လှုပ်ရှားမှုများသော အခါတို့တွင် လက်ချောင်း ကို ဖြောင့်တန်းမရခြင်း အဆုံးထိကွေးညွတ်မရခြင်း စသည့် လက္ခဏာတို့ အားတွေ့ရှိရပါသည်။ ရောဂါ၏ပြင်းထန်မှုကို အဆင့် ၄ ဆင့် ခွဲထားပါသည်။
ရောဂါပြင်းထန်မှုနှင့် လက်ချောင်း အနေအထားပေါ်မူတည်ပြီး ဆရာဝန်မှ ခွဲစိတ်ရာတွင် သင့်တော်သောနည်းလမ်းကို ရွေးချယ်နိုင်ပါသည်။
အရေးကြီးသော အချက်မှာ မိမိ လက်ချောင်းများကို အသုံးပြုရာမှ မကြာခဏ အနားပေးခြင်းဖြင့် Trigger Finger ရောဂါမဖြစ်ပွားအောင်ကြိုတင်ကာကွယ်နိုင်ပါသည်။ အကယ်၍ မိမိတွင် Trigger finger ရောဂါ လက္ခဏာများ ခံစားနေရပါက နီးစပ်ရာ အရိုးအထူးကုဆရာဝန်နှင့် ပြသ ဆွေးနွေးသင့်ပါသည်။