Health Article

ကလေးများတွင် ခါးရိုးပုံစံမမှန်ခြင်း (Scoliosis) ကို ထိရောက်စွာ ပြုပြင်ကုသနည်း

Share:

သင်၏ကလေး တွင် ကိုယ်ကို တည့်မတ်စွာ မတ်တပ်မရပ်နိုင်ခြင်း သို့မဟုတ် ရပ်နေစဉ်တွင် တစ်ဖက်ဖက်သို့ တိမ်းစောင်း နေခြင်းအား သတိပြုမိပါက ခါးရိုးပုံစံ မမှန်ခြင်း (scoliosis) ကြောင့်ဖြစ်နိုင်ပါသည်။ ဝေ့ဌာနီဆေးရုံတွင် ကလေးများ ခါးရိုးပုံစံ မမှန်ခြင်း (scoliosis) အား ထိရောက်စွာ ပြုပြင်ကုသနိုင်ပါသည်။
Scoliosis ဆိုသည်မှာ ခါးရိုးအား အရှေ့တည့်တည့်မှကြည့်လျှင် တဖြောင့်တည်းရှိရမည့်အစား “C” ပုံသဏ္တန် သို့မဟုတ် “S” ပုံသဏ္တန် တဖက်ဖက်သို့ တိမ်းစောင်းနေခြင်း ဖြစ်ပါသည်။ သိရှိနိုင်သော ပြင်ပလက္ခဏာ များမှာ ပုခုံးနှစ်ဖက်၏ အမြင့်အနိမ့် မတူညီခြင်း၊ ဦးခေါင်းသည် ခန္ဓာကိုယ် ၏ အလည်တည့်တည့် တွင် မရှိခြင်း၊ တည့်တည့်ရပ်နေသည့် အနေအထားတွင် လက်နှစ်ဖက်၏ အရှည် မတူညီခြင်း တို့ဖြစ်ပါသည်။

ကလေးများတွင် ဖြစ်သည့် Scoliosis သည် အများအားဖြင့် ပြုပြင်ကုသနိုင်သည့် အခြေအနေတွင်ရှိပါသည်။ အကယ်၍ သင်၏ ကလေး၌ Scoliosis ရောဂါ ရှိနေသည်ဟု သံသယရှိပါက ဝေ့ဌာနီဆေးရုံတွင် စစ်ဆေးကုသနိုင်ပါသည်။

ရောဂါရှာဖွေခြင်း – Diagnosis of Scoliosis X-ray ဓါတ်မှန်၊ CT scan (ကွန်ပြူတာဓါတ်မှန်)၊ MRI (သံလိုက်စက်ကွင်းပုံရိပ်ဖေါ်စက်) တို့ဖြင့် ခါးရိုးပုံစံ မမှန်ခြင်း (scoliosis) အား တိကျစွာ ရောဂါရှာဖွေနိုင်ပါသည်။ စောစီးစွာ သိရှိလေ ကုသမှုထိရောက်လေဖြစ်ပြီး ကလေးအား ကျန်းမာ ပျော်ရွင်သော ဘဝကို စောစီးစွာရရှိစေပါသည်။ အကယ်၍ မကုသဘဲ ထားပါက ရေရှည်တွင် ကလေး၌ Scoliosis နှင့်ဆက်နွယ်သော အဆုတ်နှင့် နှလုံး ရောဂါများ နောက်ဆက်တွဲ ဖြစ်ပွားနိုင်ပါသည်။
အချို့သော ကျောင်းများတွင် ခန့်ထားသော ကျန်းမာရေး ဝန်ထမ်းများ အား ကျောင်းရှိကလေးများတွင် Scoliosis လက္ခဏာရှိမရှိ စောစီးစွာ သိနိုင်ရန် လေ့ကျင့်ထားလေ့ရှိပြီး တွေ့ရှိပါက ကလေးမိဘများအား ကျောင်းမှ အသိပေးလေ့ရှိပါသည်။ ထိုကဲ့သို အသိပေးလာပါက မိဘများ အနေဖြင့် မပေါ့ဆဘဲ မိမိကလေးအား သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသ စစ်ဆေးသင့်ပါသည်။

ကုသခြင်း – Effective treatment for Scoliosis in Childrenခါးရိုးပုံစံ မမှန်ခြင်း (scoliosis) ဖြစ်ကြောင်း အတည်ပြုပြီးပါက ကလေး၏ အသက်အရွယ်၊ ကျန်းမာမှုအခြေအနေ၊ ခါးရိုး အနေအထားနှင့် ရောဂါ အတိမ်အနက် ပေါ်မူတည်ပြီး ကုသသည့် နည်းလမ်း ၃ မျိုးရှိပါသည်။
ရောဂါအခြေအနေ သေးငယ်ပြီး ကလေး အသက်ငယ်သေးပါက တိုက်ရိုက်မကုသသေးဘဲ ရောဂါဖွံဖြိုးမှုကို အနီးကပ်စောင့်ကြည့််လေ့ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် အချို့သော ကျောရိုးအနည်းငယ်သာ ကောက်သည့် ကလေးများ၌ လူပျို/အပျိုဖော်ဝင်ပြီးချိန်တွင် ကျောရိုးမှာ အလို လျှောက် ပြန်လည် တည့်မတ် သွားတတ်သည့် အတွက်ဖြစ်ပါသည်။ အကယ်၍ အရွယ်ရောက်ပြီးချိန် အထိ ကျောရိုး ပြန်လည် ဖြောင့်မတ်မှုမရှိခြင်း၊ ကလေးငယ်သေးသော်လည်း ကျောရိုးကောက်သည့် အနေအထား ပြင်းထန် ခြင်း များရှိပါက ဆရာဝန်မှ ခွဲစိတ်ကုသရန် အကြံပြုနိုင်ပါသည်။

ရောဂါတိုးတတ်မှုကိုထိန်းချုပ်ခြင်း 

အရွယ်ရောက်ပြီးသော်လည်း ကျောရိုးပြန်လည် ဖြောင့်မတ်လာခြင်း မရှိသေးသော ကလေးများ အတွက် အခြားအထောက်အကူပြုကုသနည်းမှာ ကျောရိုးအထောက်အကူ ခါးပါတ်ဝတ်ဆင်ခြင်းဖြစ်ပါသည်။ သို့ရာတွင် ထို အထောက်အကူပြူ ခါးပါတ်များမှာ ကျောရိုးကောက်ခြင်းကို ထင်မံ မဆိုးဝါးအောင်သာ ထိန်းချုပ်ပေးနိုင်ပြီး ကောက်ပြီးသားကျောရိုးကို ပြန်တည့်မတ်လာအောင် မလုပ်ဆောင်ပေးနိုင်ပါ။
ကျောရိုး အထောက်အကူပြုခါးပါတ်ကို လည်း ကလေး၏ အသက်အရွယ် ကိုယ် အလေးချိန် အလိုက် ကောက်သည့် ကျောရိုး၏ ပုံသဏ္တန် အနေအထားတိုင်း တိုင်းထွာပြုလုပ်ရန် လိုအပ်ပါသည်။ ထိုင်းထွာပြုလုပ်ထားသော ခါးပါတ်မဟုတ်ပဲ ဝတ်ဆင်ပါက ခါးရိုးကောက်ခြင်းကို မထိမ်းချုပ်နိုင်သည့် အပြင် ပိုမိုဆိုးရွားစေနိုင်ပါသည်။

ခွဲစိတ်ကုသခြင်း – Surgical treatment for Scoliosis in Children အကယ်၍ ခါးရိုးကွေးကောက်သည့် ဒီဂရီ ၄၅• ထက်ပိုလာပါက ခွဲစိတ်ကုသရန်လိုအပ်ပါသည်။ Scoliosis ရောဂါ ကို ကလေးများတွင် ခွဲစိတ်ကုသပါက (Minimally invasive scoliosis surgery) ကို အသုံးပြုပါသည်။
(Minimally invasive scoliosis surgery) ဆိုသည်မှာ သမရိုးကျထက် များစွာ သေးငယ်သော ခွဲကြောင်းမှတဆင့် (Tubular retractor) လက်တံကို အသုံးပြုပြီး ကျောရိုးကို ခွဲစိတ်ပြုပြင်ခြင်း ဖြစ်ပါသည်။
ကလေးအား ခွဲစိတ်နေစဉ် သာမာန် မေ့ဆေးပေးရန်သာလိုအပ်ပြီး ခွဲစိတ်ပြီးချိန်တွင် သာမာန် ကျန်းမာသော ကလေးကဲ့သို့ ကလေးဘဝကို ဖြတ်သန်းနိုင်သွားမည် ဖြစ်ပါသည်။
အားလုံးကျန်းမာဖို့ဆုတောင်းလျက်
ဝေ့ဌာနီဆေးရုံကြီး

Myanmar Viber Hotline : +66 819 845 111

  • Readers Rating
  • Rated 3.3 stars
    3.3 / 5 (3 )
  • Your Rating



Related Posts