Health Article

ခြေကျင်းဝတ်လည်ခြင်း (Ankle sprain) ကိုအောက်ပါ (၅) ချက်အတိုင်း အိမ်မှာကုသလို့ရပါတယ်။

Share:

P R I C E လို့အတိုကောက်မှတ်ထားလို့ရပါတယ်။

P = Protection

ခြေကျင်းဝတ်ကိုထပ်မံထိခိုက်ခြင်းမရှိအောင် သတိထားသင့်ပါတယ်။ ဥပမာ ထိခိုက်သည့်ခြေထောက်ကိုအသုံးမပြုခြင်း၊ ဂျိုင်းထောက်အသုံးပြုခြင်း

R = Rest

ထိခိုက်မှုဖြစ်ပြီး နှစ်ရက်၊ သုံးရက်အထိ ခြေထောက်ကိုအနားပေးရပါမယ်။ သက်သာလာတာနဲ့အမျှဖြည်းဖြည်းချင်းစီပဲ လှုပ်ရှားသင့်ပါတယ်။

I = Ice

ရေခဲကို ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ၃ နာရီခြားတစ်ခါကပ်ပေးခြင်းကလည်း ရောင်ယမ်းခြင်းနဲ့ နာကျင်ခြင်းကိုသက်သာစေမှာပါ။

C = Compress

ပတ်တီးစည်းထားခြင်းဖြစ်စေ၊ ခြေကျင်းဝတ်အစွပ် ဝတ်ထားခြင်းဖြစ်စေ ပြုလုပ်ထားခြင်းဖြင့် မလိုအပ်ပဲ မလှုပ်ရှားမိအောင်ထိန်းပေးထားမှာပါ။ ဒါပေမယ့်အိပ်ရာဝင်ချိန်မှာတော့ချွတ်ထားသင့်ပါတယ်။

E = Elevate

ခြေထောက်အောက်မှာတစ်စုံတစ်ရာခုထားပြီးအပေါ်မြှောက်ထားခြင်းက ရောင်ရမ်းခြင်းကိုသက်သာစေပြီး မလှုပ်ရှားမိအောင်လဲထိန်းထားပြီးသားဖြစ်မှာပါ။

ပုံမှန်ခြေကျင်းဝတ်လည်တာ ဆိုရင်တော့ အထက်ပါနည်းလမ်းအတိုင်း ၂ ရက် မှ ၃ ရက်ပြုလုပ်ပေးပါက သက်သာလာနိုင်ပြီး ၂ ပတ်အတွင်း ပုံမှန်လမ်းပြန်လျှောက်နိုင်ပါတယ်။

ဒါပေမယ့်လည်း အလွန်အမင်း ရောင်ယမ်းနာကျင်လာပြီဆိုရင်တော့ အရိုးမထိတာသေချာအောင် X-Ray ရိုက်ပြီး ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။☎Myanmar Viber Hotline: +66 819 845 111

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts