Health Article

ဆေးလိပ်ငွေ့ဟာ COVID-19 ပိုးကို ပိုမိုပြန့်ပွားစေတယ်ဆိုတာသင်သိပြီးပြီလား?

Share:

ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလိပ်ငွေ့တွေကြောင့် ကျန်းမာရေးထိခိုက်မှုများစွာရှိတယ်ဆိုတာကိုအားလုံးသိပြီးသားဖြစ်ပါတယ်။

ဒီထဲကမှ အဆိုးဆုံးကတော့ ဆေးလိပ်ငွေ့ဟာ COVID-19 ဗိုင်းရပ်စ်ကိုသယ်ဆောင်နိုင်ပြီး ပိုမိုပြန့်ပွားကူးစက်စေနိုင်တယ်ဆိုတဲ့အချက်ပါ။

COVID-19 ရှိတဲ့သူတစ်ယောက်က ဆေးလိပ် (သို့) အီးစီးကရက်ကို ရှုရှိက်သောက်သုံးလိုက်တဲ့အခါ ချွဲသလိပ်နဲ့ တံတွေးတွေပိုမိုဖြစ်ပေါ်လာစေပြီး COVID-19 ပိုးတွေလဲ တစ်ပါတည်းထွက်ရှိလာနိုင်ပါတယ်။ ဆေးလိပ်ငွေ့မှုတ်ထုတ်လိုက်တဲ့အခါ COVID-19 ပိုးဟာ ဆေးလိပ်ငွေ့နဲ့အတူ လေထဲကိုပျံ့လွင့်လာပါလိမ့်မယ်။

  • သာမန် စီးကရက်ငွေ့ဟာ လေထုထဲကို (၁) မီတာမှ (၂) မီတာအကွာထိ ပျံ့လွင့်နိုင်ပါတယ်။
  • အီးစီးကရက် အငွေ့တွေကတော့ သာမန်ဆေးလိပ်ငွေ့ထက် ရေငွေ့နဲ့ အခိုးအငွေ့တွေပိုထွက်တာကြောင့် (၂) မီတာကျော်အထိ အလွယ်လေးပျံ့နှံ့နိုင်ပါတယ်။

COVID-19 ဗိုင်းရပ်စ်ပိုးဟာလဲ အဲဒီအခိုးအငွေ့ တွေနဲ့အတူပါလာနိုင်တာကြောင့် ဆေးလိပ်၊ အီးစီးကရက်ငွေ့တွေကိုဆင်ခြင်ရှောင်ရှားနိုင်ကြဖို့ အကြံပေးလိုက်ရပါတယ်ခင်ဗျာ။

အားလုံးကျန်းမာဖို့ဆုတောင်းလျက်

Pulmonology Specialist

ဝေ့ဌာနီဆေးရုံကြီး

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating




Related Posts