Benign Prostatic Hyperplasia (BPH) ဆီးကျိတ်ကြီးလာခြင်းသည် အသက်ကြီးလာသော်အမျိုးသားများ၏ အဖြစ်များသော ပြဿနာ တစ်ခုဖြစ်ပါတယ်။ အသက်၄၀ ကျော်လာပါက ၈၀ ရာခိုင်နှုန်းသော အမျိုးသားများတွင် ဆီးကျိတ်ကြီးခြင်းလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။ BPH ကဆီးသွားခြင်းကို ပိတ်ဆို့ခြင်း သို့မဟုတ် ဆီးသွားရ ခက်ခဲခြင်းကို ဖြစ်စေနိုင်ပါတယ်။
BPH ၏အဖြစ်များသောရောဂါလက္ခဏာများ
- ဆီးသွားနှေးခြင်း သို့မဟုတ် နည်းခြင်း
- တစ်နေ့လုံး ဆီးခဏခဏသွားနေရခြင်း၊ညအချိန်တွင်လည်း တစ်ကြိမ်ထက်ပို၍ဆီးသွားရခြင်း
- ရုတ်တရက်ဆီးထသွားခြင်း
- ဆီးသွားပြီးနောက်တစ်စက်တစ်စက်ကျနေခြင်း
BPH ဟုရောဂါစစ်တမ်းထုတ်နိုင်ရန် ဆရာဝန်က အသေးစိတ်ရောဂါလက္ခဏာများမေးမြန်းခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းကိုလည်းပြုလုပ်ပါလိမ့်မည်။ ဆီးစစ်ခြင်း၊ prostate specific antigen (PSA) blood test စသည်တို့ကိုပထမဆုံးပြုလုပ် စစ်ဆေးပါလိမ့်မည်။ထိုစစ်ဆေးမှုများပြုလုပ်ပြီးနောက် ဆရာဝန်သည် ပိုမိုတိကျစေရန်အတွက် နောက်ထပ် urinary blow test, prostate biopsy တို့ကိုပြုလုပ်ပါလိမ့်မည်။
အကယ်၍ပုံမှန်ထက် ဆိုးရွားပါက နေ့စဉ်နေထိုင်မှုတွင် အနှောင့်အယှက်ဖြစ်သည့်အပြင် ဆေးသောက်ခြင်းဖြင့် မသက်သာနိုင်ပါ။ ဆီးကျိတ်ကိုခွဲစိတ်ဖယ်ရှားရန်ညွှန်းကြားပါလိမ့်မည်။ Laser PVP သည်ခွဲစိတ်ရာအနည်းဆုံးဖြင့် ပုံမှန်ပြုလုပ်နေကျ ခွဲစိတ်မှုကဲ့သို့မဟုတ်ဘဲ သွေးဆုံးရှုံးမှုနှင့် လျင်မြန်စွာ နာလန်ထူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ သွေးခဲခြင်းပြဿနာရှိသော အမျိုးသားများအတွက်လည်း သင့်တော်သော ကုသမှုတစ်ခုဖြစ်ပါတယ်။