Health Article

ရင်သားစမ်းသပ်စစ်ဆေးခြင်း ၊ကင်ဆာဟုတ်မဟုတ်ကိုယ်တိုင်စမ်းသပ်ခြင်း

Share:

ရင်သားစမ်းသပ်စစ်ဆေးခြင်းသည် မိမိဘာသာအိမ်တွင် ရင်သား တစ်ရှူးများပြောင်းလဲခြင်းရှိ မရှိစစ်ဆေးခြင်းဖြစ်သည်။ အရွယ်ရောက်ပြီးသော အမျိုးသမီးတိုင်း တစ်လတစ်ကြိမ်ခန့် ပုံမှန်ရင်သားစမ်းသပ်မှု ပြုလုပ်သင့်သည်။ 

ရင်သားကင်ဆာဖြစ်သော အမျိုးသမီး ၄၀ ရာခိုင်နှုန်းခန့်သည်  ရင်သားတွင် အကြိတ်ရှိသည်ဟု စမ်းသပ်သိရှိကြပါသည်။ ထိုကြောင့် မိမိဘာသာ ရင်သားစမ်းသပ်စစ်ဆေးခြင်းသည် စောစီးစွာ ရောဂါရှာဖွေနိုင်ခြင်းကို အထောက်အကူပြုပါသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးက ရင်သားဓာတ်မှန် နှင့် ဆရာဝန်၏ပုံမှန်စစ်ဆေးစမ်းသပ်မှု မရနိုင်သော အနေအထား ရှိပါက မိမိဘာသာရင်သားစမ်းသပ်စစ်ဆေးခြင်းသည် စောစီးစွာ သိရှိနိုင်သဖြင့် ပိုမိုထိရောက်စွာ ကာကွယ်ကုသနိုင်ပါသည်။ 

မိမိဘာသာ ရင်သားစမ်းသပ်စစ်ဆေးခြင်းသည် မိမိရင်သား ပုံမှန်အနေအထား ကို သိသဖြင့် ပြောင်းလဲမှု တစုံတရာ ရှိပါက ဆရာဝန်၊ဆရာမ များကို ပြောနိုင်ပါတယ်။                                                                                                                                              

မိမိဘာသာရင်သားစမ်းသပ်စစ်ဆေးခြင်းနည်းလမ်း ၃ မျိုး 

မှန်ရှေ့ရပ်၍စမ်းသပ်စစ်ဆေးခြင်း  

  • အလင်းရောင်ကောင်းကောင်းရသော အခန်းတွင် မှန်ကြီးကြီးရှေ့မတ်တပ် အနေအထားဖြင့် အပေါ်ပိုင်းအဝတ်စားများ ချွတ်၍ သင့်ရဲ့ရင်သားများကို ကြည့်ပါ။ တစ်ဖက်နှင့်တစ်ဖက် အရွယ်စား သို့မဟုတ် ပုံသဏ္ဍန် မတူညီပါက မတုန်လှုပ်ပါနဲ့။ အမျိုးသမီး တော်တော်များများ သည် မတူညီတတ်ပါ။ သင့်ရဲ့ လက်မောင်းများကိုပုံမှန်အနေထားအတိုင်း ဘေးချ၍ တစ်ဖက်နှင့်တစ်ဖက် အရွယ်စား၊ ပုံသဏ္ဍန်၊ အနေထား၊ အရေပြား အရောင်၊ အရေပြား ချိုင့်ဝင်ခြင်း ရှိမရှိ၊ အနာ ရှိမရှိ၊ အရောင်ဖျော့ခြင်း၊ အရေပြားတွန့်နေခြင်း ရှိမရှိ တို့ကို ကြည့်ပြီးနောက် နို့သီးခေါင်း တွင် အနာများ၊ အရေခွံ လန်ခြင်း နှင့် နို့သီးခေါင်း၏ တည်နေရာ ပြောင်းလဲခြင်းရှိ မရှိတို့ကို စစ်ဆေးပါ။ 
  • သင့်ရဲ့လက်ကို တင်ပါးပေါ်တင်၍ သင့်ရဲ့ ရင်သားကို တင်းကျပ်စွာဖိ၍ အောက်ဘက် ရင်သားကြွက်သားများ ကို ဘယ်ညာ ရွှေ့ကြည့်ပါက ရင်သားဘေးဘက် ကိုစစ်ဆေးစမ်းသပ်နိုင်ပါတယ်။ 
  • မှန်ရှေ့ကို ကွေး၍ သင့်ရဲ့ ပုခုံးနှင့်လက်မောင်းကို ရှေ့သို့ဆန့်ထုတ်၍ ရင်ဘတ်ကြွက်သားများတင်းလာပါက ရင်သား ရှေ့သို့ တွဲကျခြင်း သို့မဟုတ် တစ်ဖက်နှင့်တစ်ဖက် အရွယ်စား၊ ပုံသဏ္ဍန် ပြောင်းလဲခြင်း ရှိမရှိ ကြည့်ပါ။ 
  • လက်တဖက်ကို လက်သီးဆုပ်၍ ဦးခေါင်းနောက်သို့ပို့၍ ကျန်လက်တဖက်ဖြင့်ရင်သားကို ဖိကြည့်ပါ ရင်သား၏ဘေးပတ်ပတ်လည်လည် အနေထားကို ကြည့်ပါ ဘယ်ညာပြောင်းပါ အကယ်၍ သေချာမမြင်ရပါက ရင်သားကို မပြီး ကြည့်လို့ရပါတယ်။ 
  • နို့သီးခေါင်း မှ အရည်များ ထွက်နေခြင်း ရှိမရှိကြည့်ပါ။ လက်မနှင့် လက်ညွှန်း ဖြင့်နို့သီးခေါင်း ဘေးပတ်လည်ရှိ တစ်ရှူးများ ကို အပြင်သို့ ဆွဲ၍ အရည်များ ထွက်မထွက် ညှစ်ကြည့်ပါ။ 

 

ရေချိုးရာတွင်စမ်းသပ်စစ်ဆေးခြင်း  

  • သင့်ရဲ့လက်သည် ရေနှင့် ဆပ်ပြာ ကြောင့် ချောနေသောအခါ စမ်းသပ်၍ ပိုမိုအဆင်ပြေသည်။ သင့်ရဲ့ဘယ်ဘက်လက်ကို တင်ပါးပေါ်တင်၍ ညာဘက်လက်ဖြင့် ဘယ်ဘက်ချိုင်းကြားကို အကျိတ် သို့မဟုတ် ထူထဲသောတစ်ရှုး များစမ်းမိခြင်းရှိ မရှိစစ်ဆေးပါ။ ညာဘက်ချိုင်းကြားကိုလဲ ထိုနည်းအတိုင်း စစ်ဆေးပါ။ 
  • ရင်ဘတ်အပေါ်၊အောက်ဘက်ပိုင်း ရှိ အကျိတ် သို့မဟုတ် ထူထဲသောတစ်ရှုး များစမ်းမိခြင်းရှိ မရှိနှစ်ဘက်စလုံး စစ်ဆေးပါ။ 
  • ဆပ်ပြာရှိနေသောလက်နှင့် သင့်ရဲ့လက်တဖက်ကိုနောက်သို့မြောက်၍ ကျန်လက်တစ်ဖက်ဖြင့် လက်ညွှန်းနှင့်လက်ခလယ် ကိုသုံး၍ ညင်သာစွာ အပေါ်အောက် ဖိ၍စမ်းပါ။ ရင်သားတစ်ခုလုံး ကို ထိုနည်းအတိုင်း စမ်းပါ။ တခြားတဘက်ကိုလဲ စမ်းပါ။ 

 

အိပ်လျက်အနေအထားဖြင့် စမ်းသပ်စစ်ဆေးခြင်း  

  • ညာဘက်ပုခုံးအောက် ခေါင်းအုံးအသေး သို့မဟုတ် ခေါက်ထားသောပုဝါပိုင်း ထား၍ လဲလျောင်းပါ။ ညာဘက်လက်ကို သင်ရဲ့ခေါင်းနောက်ထားပါ။ သင့်ရဲ့ ဘယ်ဘက်လက်ကို ညာဘက်ရင်သား အပေါ်ပိုင်း မှစ၍ စမ်းသပ်ပါ။ လိုရှင်းလိမ်း၍ စမ်းသပ်ပါက ပိုအဆင်ပြေနိုင်ပါသည်။
  • သင့်ရဲ့ရင်သားကို နာရီမျက်နှာပြင်ကဲ့သို့ သဘောထားပါ။ ၁၂နာရီကနေ ၁နာရီကို လည်သကဲ့သို့ စက်ဝိုင်းပုံစံ နာရီလည်တံအတိုင်း လက်ချောင်းများကို အပြားလိုက်ထား၍ ညင်သာစွာဖိ၍ စမ်းသပ်ပါ။ နို့သီးခေါင်းအတွင်း တစ်လက်မ လောက်ကပ်၍ နောက်ထပ် နာရီလက်တံအတိုင်း စမ်းသပ်ပေးပါ။ထိုနည်းအတိုင်း ရင်သားတစ်ခုလုံးကို စမ်းသပ်ပါ။ အပေါ်ပိုင်းကနေ ချိုင်းအောက်ပိုင်းအထိရောက်အောင် စမ်းသပ်ပေးပါ။ 
  • လက်ချောင်းများကို နို့သီးခေါင်းထိပ်တွင် အပြားလိုက်ထား၍ နို့သီးခေါင်း အောက်ရှိ အကျိတ် သို့ ပြောင်းလဲခြင်း ရှိမရှိ စစ်ဆေးပါ။ နို့သီးခေါင်း အတွင်းဘက်ကို ညင်သာစွာဖိ၍ စမ်းသပ်ပါ။ ရင်သားတွင် ကင်ဆာအကျိတ်များ တွေ့ရလေ့ရှိသော အစိတ်ပိုင်းနေရာ များမှာ- 
  • ၄၁% အပေါ် အပြင်ဘက်ပိုင်း လေးပုံတစ်ပုံ 
  • ၁၄% အပေါ် အတွင်းဘက်ပိုင်း လေးပုံတစ်ပုံ 
  • ၅% အောက် အတွင်းဘက်ပိုင်း လေးပုံတစ်ပုံ 
  • ၆% အောက် အပြင်ဘက်ပိုင်း လေးပုံတစ်ပုံ 
  • ၃၄% နို့သီးခေါင်းနောက်ဘက်အပိုင်း

 

တဝက်လောက်က ရင်သားအပေါ်အပြင်ဘက် နှင့် ချိုင်း အနီးတဝိုက်တွင်တွေ့ရတတ်သည်။ ဆရာဝန်များက ထို နေရာကို သေချာစွာ သတိထားစစ်ဆေး ရန်အကြံပေးတတ်ကြသည်။ ရင်သားစမ်းသပ်စစ်ဆေးရန် အကောင်းဆုံး ရာသီသွေးပေါ်ပြီး ၃-၅ ရက်နေ့တွင် စစ်ဆေးသင့်ပါတယ်။ ထိုအချိန်တွင် သင့်ရဲ့ ရင်သားဟာ တင်းနေခြင်းလဲ မရှိသောကြောင့် ဖြစ်သည်။ သွေးဆုံးပြီးနောက် လတိုင်း၏ တူညီသော ရက်များတွင် စစ်ဆေးသင့်ပါသည်။ 

စမ်းသပ်စစ်ဆေးခြင်းမှ အကျိတ်ရှာတွေ့ခဲ့လျှင်ဘာလုပ်သင့်လဲ? 

ကျန်းမာရေးစောင့်ရှောက်သူများကို ပြသပါ။ ဆရာဝန်က အောက်ပါအခြေနေများကို စစ်ဆေးပါလိမ့်မည်။ 

  • ရင်သားတွင် သိသာစွာ ပြောင်းလဲမှုရှိသော နေရာ 
  • ရာသီိလာစဉ်ကစ၍ ရင်သားအနီး နှင့် ချိုင်းအောက်တွင် အကျိတ် တွေ့ရှိရခြင်း 
  • ရင်သား အရွယ်စား၊ ပုံသဏ္ဍန်၊ အနေထား ပြောင်းလဲမှုရှိခြင်း 
  • ပဲစေ့ခန့်ရှိသော အကျိတ် သို့ အလုံး ကိုစမ်းမိခြင်း 
  • အရေပြားအောက်ရှိ ကျောက်တုံးကဲ့သို့ မာနေသော အရာ 
  • နို့သီးခေါင်း သို့မဟုတ် ရင်သားပေါ်ရှိ အရေပြားပြောင်းလဲမှု (ချိုင့်ဝင်နေခြင်း၊အရေလန်နေခြင်း၊ရောင်နေခြင်း၊တွန့်နေခြင်း) 
  • နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်ကြည်များထွက်နေခြင်း 
  • နို့သီးခေါင်း သို့မဟုတ် ရင်သားပေါ်ရှိ အရေပြားနီနေခြင်း 

ရင်သားအကျိတ်တိုင်းသည်လည်း ကင်ဆာမဟုတ်သော်လည်း အကျိတ်တွေ့ရှိပါက သတိထားရမည်ဖြစ်သည်။ ထိုကဲ့သို့ အလုံးအကျိတ် သို့မဟုတ် ရောင်ရမ်းခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ ဆရာဝန်များနှင့် အမြန်ဆုံးပြသ သင့်ပါသည်။ 

အမျိုးသမီးများနှင့်သာ ဆက်စပ်သော်လည်း အမျိုးသမီးသာမက အမျိုးသားတွင်လည်း ရင်သားတစ်ရှူးများရှိပါသည်။ ဟော်မုန်းအပြောင်းလဲ များသည် အလုံးကျိတ်ကို ဖြစ်စေနိုင်သလို သဘာဝအတိုင်း ပျောက်ကွယ်သွားသည်လဲ ရှိသည်။ မည်သည့်အရွယ်တွင်မဆို ရှိနိုင်ပါတယ်။အချို့မွေးကင်းစ ကလေးများတွင် မွေးဖွားပြီးစဉ်တွင် အမေဆီမှ ရသော အီစရိုဂျင်ဟောမုန်းကြောင့် ရင်သားကျိတ်ရှိနေနိုင်ပါသည်။ ထို့နောက်တွင် အီစရိုဂျင်များ ပြန်လည်ကင်းစင်သွားပါတယ်။ အပျိုဖော်ဝင်စ မိန်းကလေးများတွင်လည်း ရင်သားကျိတ်စတင်ထွက်ရှိလာချိန်တွင် တင်းနေတတ်ပါတယ်။ အပျိုဖော်ဝင်ပြီးတောက်တွင် ပြန်လည် ပျောက်ကင်းသွားပါတယ်။ လူပျိုဖော်ဝင်စ အရွယ် ယောင်္ကျားလေးများတွင်လည်း ခဏတာဖြစ်ပေါ်လေ့ရှိပါတယ် ထိုနောက်သူ့အလိုလျောက်ပျောက်ကွယ်သွားပါတယ်။ 

ဝေ့ဌာနီဆေးရုံကင်ဆာစင်တာတွင် ရင်သား ကင်ဆာအထူးကု၊ ခွဲစိတ်ကုသမှု အပိုင်းတို့ကို သေချာကုသပေးမည့် အထူးကု ဆရာဝန်ကြီးများနှင့်အဖွဲ့က ရင်သားတွင် အကျိတ်ရှိပါက ကင်ဆာ ဟုတ်မဟုတ် သေချာစွာ စမ်းသပ်စစ်ဆေး ကုသပေးနိုင်ပါတယ်။  

စမ်းသပ်ကုသမှုသည် ခွဲစိတ်စရာမလိုသည့် ဆေးဝါးဖြင့် ကုသမှု ဒါမှမဟုတ် အလိုလျောက်ပျောက်ကွယ်သွားသော ကင်ဆာမဟုတ်သော အကျိတ်၊ တခါတရံတွင် ကင်ဆာမဟုတ်သော အကျိတ်သည် အခြေနေပေါ် မူတည်၍ ခွဲစိတ်မှုခံယူရကောင်း ခံရနိုင်သည်။ ကင်ဆာကျိတ်ဖြစ်ပါက ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ပေး၍ ကုသခြင်း၊ ခွဲစိတ်ကုသခြင်း နှင့် ကုသမှုများကိုပေါင်းစပ်၍လည်း ဆောင်ရွက်နိုင်ပါသည်။ ထိုကြောင့် သံသယရှိသော အကျိတ်ကိုတွေ့ရှိပါက ဆရာဝန်နှင့် ဆွေးနွေးအကြုံပြုမှု ယူခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဒါအပြင် ဝေ့ဌာနီဆေးရုံကြီးသည် ရင်သားခွဲစိတ်ရာတွင် ရင်သားကိုဖြတ်ထုတ်စရာမလိုသော ခွဲစိတ်ကုသမှုကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ဝေ့ဌာနီဆေးရုံကြီး တွင် ခွဲစိတ်ကုသမှုအသစ် ဆောင်ရွက်နိုင်သော်လည်း ရင်သားများ မဖြတ်ထုတ်ချင်သူများအတွက် oncological treatment နှင့်လည်းဆောင်ရွက်နိုင်ပါတယ်။ 


Related Posts