မရင့်မှည့်သေးသော အာရုံကြောဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာရောဂါ

မရင့်မှည့်သေးသော အာရုံကြောဆဲလ်များမှ ဖြစ်ပွားသော ကင်ဆာရောဂါ

အကြောင်း သိကောင်းစရာ

နျူရိုဘလက်စတိုးမား (Neuroblastoma) သည် မရင့်မှည့်သေးသော အာရုံကြောဆဲလ်များမှ စတင်ဖြစ်ပွားသည့် ရှားပါးသော ကင်ဆာရောဂါ အမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းကို သောက်သုံးသော အစာခြေစနစ်၊ သွေးဖိအား၊ ခန္ဓာကိုယ်၏ စိတ်ဖိစီးမှု တုံ့ပြန်မှုနှင့် အခြားသော လုပ်ဆောင်ချက်များကို ထိန်းညှိပေးသည့် အက်ဒရီနယ် ဂလင်းများ (ကျောက်ကပ်၏ အထက်ပိုင်းတွင် တည်ရှိသည်) ဝန်းကျင်၌ အများအားဖြင့် တွေ့ရှိရသည်။ နျူရိုဘလက်စတိုးမားသည် အဆိုပါ အာရုံကြောဆဲလ်များ ရှိသည့် ခန္ဓာကိုယ်၏ အခြားသော အင်္ဂါများဖြစ်သော ပင်မ အာရုံကြောမကြီး (ကျောရိုးဆစ်)၊ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် အခြားနေရာများတွင်လည်း ဖြစ်ပွားနိုင်သည်။ နျူရိုဘလက်စတိုးမားသည် အများအားဖြင့် အသက် အောက် ကလေးများကို ထိခိုက်စေသည်။ ကုသမှု နည်းလမ်းများတွင် ပုံမှန်အားဖြင့် ခွဲစိတ်ကုသခြင်း၊ ဓာတုဆေးသွင်း ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းနှင့် ကိုယ်ခံအားမြှင့် ကုသခြင်းတို့ ပါဝင်သည်။

ရောဂါလက္ခဏာများ

နျူရိုဘလက်စတိုးမား၏ ရောဂါလက္ခဏာများသည် အကျိတ်တည်ရှိသည့် နေရာနှင့် ရောဂါ၏ အဆင့်ပေါ်တွင် မူတည်သည်။

ဝမ်းဗိုက်အတွင်း ဖြစ်ပွားသော နျူရိုဘလက်စတိုးမား၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • ဝမ်းဗိုက်တွင် အကျိတ် သို့မဟုတ် ရောင်ရမ်းမှု ဖြစ်ခြင်း
  • ဝမ်းဗိုက် နာကျင်ခြင်း
  • ဝမ်းသွားသည့် အလေ့အထ အပြောင်းအလဲများ ဖြစ်ခြင်း
  • ခြေထောက် ရောင်ရမ်းခြင်း
  • ခံတွင်းပျက်ခြင်း

ရင်ဘတ်အတွင်း ဖြစ်ပွားသော နျူရိုဘလက်စတိုးမား၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်အထက်ပိုင်းတို့တွင် ရောင်ရမ်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်း
  • ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်း
  • မျက်ခွံများ တွဲကျခြင်း

ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသော နျူရိုဘလက်စတိုးမား၏ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • မျက်လုံးများ ပြူးထွက်လာခြင်း
  • အားနည်းခြင်း
  • လက်မောင်း သို့မဟုတ် ခြေထောက်များကို မလှုပ်ရှားနိုင်ခြင်း
  • အရိုးများ ကိုက်ခဲခြင်း
  • အကြောင်းရင်း မရှိဘဲ ဝိတ်ကျခြင်း

သင့်ကလေးတွင် မည်သည့် ရောဂါလက္ခဏာများကိုမဆို သတိပြုမိပါက သင့်ဆရာဝန်နှင့် ရက်ချိန်းယူပါ။ အဆိုပါ လက္ခဏာများသည် ကင်ဆာရောဂါတစ်ခုတည်းအတွက် သီးသန့်မဟုတ်သောကြောင့် စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဆိုပါ ရောဂါသည် ပုံမှန်အားဖြင့် အာရုံကြော တစ်ရှူးများတွင် မရင့်မှည့်သေးသော ဆဲလ်များ ဖြစ်ပေါ်လာပြီး မူမမှန် ဖြစ်လာကာ အကျိတ်အဖြစ်သို့ ပြောင်းလဲသွားသည့်အခါ ဖြစ်ပွားလေ့ရှိသည်။ မျိုးရိုးဗီဇ ပြောင်းလဲမှု (Genetic mutation) သည် မူမမှန်သော ဆဲလ်များကို ထိန်းချုပ်မရဘဲ ဆက်လက် ကြီးထွားစေပြီး အခြား ပုံမှန်ဆဲလ်များကို ထိခိုက်စေသည်။ မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများကို အထူးကုဆရာဝန်များက တိကျစွာ မဆုံးဖြတ်နိုင်သေးသော်လည်း နျူရိုဘလက်စတိုးမား ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အန္တရာယ်ရှိသော အချက်များကို ဖော်ထုတ်ထားပြီး ဖြစ်သည်။

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

နျူရိုဘလက်စတိုးမား ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည်-

  • အသက်အရွယ် – အသက် အောက် ကလေးများသည် နျူရိုဘလက်စတိုးမား ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည်။
  • မိသားစု ရာဇဝင် – မိဘများ သို့မဟုတ် ညီအစ်ကို မောင်နှမများတွင် ကင်ဆာရာဇဝင် ရှိပါက အဆိုပါ ရောဂါ ဖြစ်ပွားနိုင်ခြေ ရှိသည်။
  • မွေးရာပါ ချို့ယွင်းချက် – မွေးရာပါ ချို့ယွင်းချက်များ ပါရှိလာသော ကလေးများသည် ပုံမှန် မွေးဖွားလာသော ကလေးများနှင့် နှိုင်းယှဉ်ပါက နျူရိုဘလက်စတိုးမား ဖြစ်ပွားနိုင်ခြေ ပိုမို မြင့်မားသည်။

ရောဂါရှာဖွေခြင်း

နျူရိုဘလက်စတိုးမားကို ရောဂါအမည်တပ် အတည်ပြုရန် အောက်ပါ လုပ်ငန်းစဉ်များကို အကြံပြုနိုင်သည် –

  • ခန္ဓာကိုယ် ပုံမှန်စစ်ဆေးခြင်း – အထူးကုဆရာဝန်သည် မည်သည့် ရောဂါလက္ခဏာများနှင့် ပြသချက်များ ရှိမရှိ စစ်ဆေးရန် ကလေးအား ခန္ဓာကိုယ် ပုံမှန်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။ အလေ့အထများနှင့် အပြုအမူများကိုလည်း မေးမြန်းဆွေးနွေးမည်ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း – အမျိုးအစား မတူညီသော သွေးစစ်ဆေးမှုများကို အထူးကုဆရာဝန်က အမိန့်ပေး ညွှန်ကြားမည်ဖြစ်သည်။
  • ဆီးစစ်ဆေးခြင်း – အဆိုပါ စစ်ဆေးမှုသည် ခန္ဓာကိုယ်အတွင်းရှိ ဓာတုပစ္စည်း ပမာဏများကို စစ်ဆေးရန် ကူညီပေးပါလိမ့်မည်။
  • ပုံရိပ်ဖော် စစ်ဆေးသည့် လုပ်ငန်းစဉ်များ – ကွန်ပျူတာဓာတ်မှန် (CT)၊ သံလိုက်ဓာတ်မှန် (MRI)၊ မီတာအိုင်အိုဒိုဘန်ဇီးဂွါနီဒင်း (MIBG) နှင့် ပိုစီထရွန် ထုတ်လွှတ်မှု ဓာတ်မှန် (PET) စသည်တို့ ပါဝင်သည်။ ယင်းသည် ခန္ဓာကိုယ်အတွင်းရှိ မူမမှန်သော အကျိတ်များကို တိကျစွာ ပြသနိုင်ရန် ခန္ဓာကိုယ်အတွင်း ပိုင်းတည်ဆောက်ပုံ၏ အသေးစိတ် ပုံရိပ်ကို ဖန်တီးပေးခြင်းဖြစ်သည်။ ယင်းသည် ကင်ဆာ၏ အရွယ်အစား၊ ပုံသဏ္ဌာန်၊ တည်နေရာနှင့် ပျံ့နှံ့မှု အတိုင်းအတာကို ဆုံးဖြတ်ပေးနိုင်သည်။
  • တစ်ရှူး အသားစယူ စစ်ဆေးခြင်း (Tissue biopsy) – စစ်ဆေးရန်အတွက် တစ်ရှူးနမူနာကို ဖယ်ရှားယူခြင်းဖြစ်သည်။ တစ်ရှူးနမူနာ အစိတ်အပိုင်း အသေးလေးကို ဖယ်ရှားယူပြီး ကင်ဆာရောဂါ လက္ခဏာများ ရှိမရှိ စစ်ဆေးရန် ရောဂါဗေဒဌာနသို့ ပို့ဆောင်သည်။
  • ရိုးတွင်းခြင်ဆီ အသားစယူ စစ်ဆေးခြင်း (Bone marrow biopsy) – လုပ်ငန်းစဉ်အတွင်း အရည်ထုတ်ယူရန်အတွက် ရှည်လျားပြီး ပါးလွှာသော အပ်တစ်ချောင်းကို ရိုးတွင်းခြင်ဆီအတွင်းသို့ (အများအားဖြင့် ဆီးစပ်ရိုးတွင်) ထိုးသွင်းပြီးနောက်၊ မူမမှန်သော ဆဲလ်များ၏ ရာခိုင်နှုန်းကို ဆုံးဖြတ်ရန် နမူနာကို ဓာတ်ခွဲခန်း ရောဂါဗေဒ စစ်ဆေးမှုသို့ ပို့ဆောင်သည်။

အဆင့်သတ်မှတ်ခြင်း (Staging)

အထူးကုဆရာဝန်က နျူရိုဘလက်စတိုးမား ရောဂါအမည်တပ် အတည်ပြုပြီးပါက နောက်တစ်ဆင့်မှာ ကင်ဆာ၏ ပျံ့နှံ့မှု အတိုင်းအတာ (အဆင့်) ကို သိရှိရန်ဖြစ်သည်။ ကင်ဆာအဆင့်များကို ရိုမန်ဂဏန်း 0 မှ IV အထိ သတ်မှတ်ဖော်ပြကြသည်။ အနိမ့်ဆုံး အဆင့်သည် ကင်ဆာသည် နေရာတစ်ခုတည်း၌သာ သီးသန့်ရှိနေကြောင်း ညွှန်ပြသည်။ အမြင့်ဆုံးအဆင့် – အဆင့် IV – သည် ကင်ဆာ ပျံ့နှံ့သွားပြီဖြစ်ကြောင်း ညွှန်ပြပြီး ယင်းကို အဆင့်မြင့်အဆင့်ဟု ခေါ်ဆိုသည်။

ကုသခြင်း

(Treatment)

ကုသမှုကို အသက်အရွယ်၊ ကင်ဆာ အမျိုးအစား၊ အဆင့်၊ အထွေထွေ ကျန်းမာရေးအခြေအနေနှင့် တစ်ဦးချင်း စိတ်ကြိုက် ရွေးချယ်မှု ကုသမှုတို့အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။ ကုသမှု ရွေးချယ်စရာများကို အထူးကုဆရာဝန်နှင့် ဆွေးနွေးမည်ဖြစ်သည်။

ခွဲစိတ်ကုသခြင်း

ခွဲစိတ်မှု အမျိုးအစားသည် အကျိတ်၏ အရွယ်အစားနှင့် တည်နေရာပေါ်တွင် မူတည်လိမ့်မည်။ အကျိတ်သည် ကျောရိုးဆစ် သို့မဟုတ် အဆုတ်ကဲ့သို့သော အရေးပါသည့် အင်္ဂါတစ်ခု အနီးတွင် တည်ရှိပါက အကျိတ်တစ်ခုလုံးကို ဖယ်ရှားခြင်းသည် ကျန်းမာသော တစ်ရှူးနှင့် အင်္ဂါများကို ပျက်စီးစေနိုင်သည်။ အန္တရာယ်နည်းသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးအများစုသည် ပုံမှန်အားဖြင့် ခွဲစိတ်မှုတစ်ခုတည်းကိုသာ ခံယူကြရသည်။ အကျိတ် သေးငယ်သောအခါ အကျိတ်တစ်ခုလုံးကို လုံးဝ ဖယ်ရှားပစ်ရန် ဖြစ်နိုင်သည်။

အန္တရာယ်အသင့်အတင့် သို့မဟုတ် အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများတွင် ခွဲစိတ်ဆရာဝန်သည် ထိခိုက်မှုမရှိနိုင်သလောက် အကျိတ်ကို တတ်နိုင်သမျှ ဖယ်ရှားပေးမည်ဖြစ်သည်။

ဓာတုဆေးသွင်း ကုသခြင်း (Chemotherapy)

ဓာတုဆေးသွင်း ကုသခြင်းသည် ကင်ဆာဆဲလ်များကို သတ်ရန် ဓာတုပစ္စည်းများကို အသုံးပြုသော ဆေးဝါးဖြစ်သည်။ ပေါင်းစပ်ဆေး သို့မဟုတ် ဆေးတစ်မျိုးတည်းကို ပေးနိုင်သည်။ ဓာတုဆေးကို ပါးစပ်မှ သောက်သုံးခြင်း သို့မဟုတ် သွေးပြန်ကြောမှ ပေးပို့နိုင်သည်။ အန္တရာယ်အသင့်အတင့် သို့မဟုတ် အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများသည် အကျိတ်အရွယ်အစားကို လျှော့ချရန် ခွဲစိတ်မှု မပြုလုပ်မီ ဓာတုဆေးသွင်း ကုသမှုကို ခံယူကြရမည်ဖြစ်သည်။ ထို့ကြောင့် အကျိတ်တစ်ခုလုံးကို ဖယ်ရှားနိုင်ခြေ ဖြစ်နိုင်ခြေကို တိုးတက်စေသည်။ ဓာတုဆေးသွင်း ကုသခြင်းကို ပုံမှန်အားဖြင့် ရိုးတွင်းခြင်ဆီ အစားထိုး မကုသမီ အသုံးပြုသည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းသည် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် သို့မဟုတ် ကြီးထွားမှုကို ရပ်တန့်ရန် စွမ်းအင်မြင့် လှိုင်းများကို အသုံးပြုခြင်းဖြစ်သည်။ ဓာတ်ရောင်ခြည် ကုသမှုကို ရိုးတွင်းခြင်ဆီ အစားထိုး မကုသမီ အသုံးပြုနိုင်သည်။ ဓာတ်ရောင်ခြည်ပေးစဉ်အတွင်း လှိုင်းကို သီးသန့် နေရာတစ်ခုသို့ ဦးတည်ပေးမည်ဖြစ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ကုသမှုအပြီး ကင်ဆာ ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်ရန် အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများတွင် ပုံမှန်အားဖြင့် အသုံးပြုသည်။ အန္တရာယ်နည်း သို့မဟုတ် အန္တရာယ်အသင့်အတင့်ရှိသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများသည် ပုံမှန်အားဖြင့် ဓာတ်ရောင်ခြည် ကုသမှု မလိုအပ်သော်လည်း ဓာတုဆေးသွင်းခြင်းနှင့် ခွဲစိတ်ခြင်းတို့ပြီးနောက် အချို့သော ကင်ဆာဆဲလ်များ ကျန်ရှိနေတတ်သည်။ ဆရာဝန်သည် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ဓာတ်ရောင်ခြည် ကုသမှုကို အသုံးပြုနိုင်သည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone marrow transplant)

ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို ပင်မဆဲလ် အစားထိုးကုသခြင်း (stem cell transplant) ဟုလည်း သိကြသည်။ ဆရာဝန်သည် အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများအတွက် အဆိုပါ ကုသမှု ရွေးချယ်စရာကို အကြံပြုနိုင်သည်။ အဆိုပါ လုပ်ငန်းစဉ်သည် လူနာ၏ ကျန်းမာရေးမကောင်းသော ရိုးတွင်းခြင်ဆီများကို ပြင်းအားမြင့် ဓာတုဆေးသွင်း ကုသမှုဖြင့် ဖယ်ရှားပြီးနောက် လူနာ၏ ကိုယ်ပိုင် ကျန်းမာသော ရိုးတွင်းခြင်ဆီ ဆဲလ်များကို လူနာအတွင်းသို့ ပြန်လည် အစားထိုးပေးခြင်း (autologous transplant) ဖြစ်သည်။

ကိုယ်ခံအားမြှင့် ကုသခြင်း (Immunotherapy)

ကိုယ်ခံအားမြှင့် ကုသခြင်းသည် ကင်ဆာကို တိုက်ဖျက်ရန် ကိုယ်ခံအားစနစ်ကို ကူညီပေးသည့် ဆေးဝါးများကို အသုံးပြုသည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က မသိရှိနိုင်သော ပရိုတင်းများကို ဖန်တီးပေးသောကြောင့် သဘာဝအတိုင်း ကိုယ်ခံအားစနစ်သည် ကင်ဆာကို မထိခိုက်စေနိုင်ပါ။ ကိုယ်ခံအားမြှင့် ကုသခြင်းသည် အဆိုပါ သဘာဝ ဖြစ်စဉ်ကို အနှောင့်အယှက် ပေးသည်။ ကိုယ်ခံအားမြှင့် ကုသခြင်းကို အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများတွင် အသုံးပြုနိုင်သည်။

အိုင်အိုဒင်း ၁၃၁ မီတာအိုင်အိုဒိုဘန်ဇီးဂွါနီဒင်း (Iodine 131 Metaiodobenzylguanidine – I-131 MIBG)

အိုင်အိုဒင်း-၁၃၁ မီတာအိုင်အိုဒိုဘန်ဇီးဂွါနီဒင်းသည် သွေးပြန်ကြောမှတစ်ဆင့် ပေးရသော အတွင်းပိုင်း ဓာတ်ရောင်ခြည် ကုသမှု အမျိုးအစားဖြစ်သည်။ I-131 MIBG သည် အကျိတ်ဆဲလ်များကို ဓာတ်ရောင်ခြည်ဖြင့် တိုက်ရိုက် သတ်ပေးမည်ဖြစ်သည်။ I-131 MIBG ကို အန္တရာယ်များသော နျူရိုဘလက်စတိုးမား ရှိသည့် ကလေးများ သို့မဟုတ် ရောဂါပြန်လည် ဖြစ်ပွားသော နျူရိုဘလက်စတိုးမား လူနာများတွင် အသုံးပြုနိုင်သည်။

Doctors who treat this condition