SiLaC® Laser နည်းပညာဖြင့် အဆင့်မြင့် Pilonidal Sinus ကုသမှု — ခွဲစိတ်စရာမလို၊ အမာရွတ်မကျန်
ကျန်းမာရေးဆိုင်ရာ စာစောင်များ
Pilonidal Sinus ကို မြီးညှောင့်ရိုးအနီး အရေပြားရောဂါဟုလဲ ခေါ်ဆိုပါသည်။ ဤရောဂါသည် တင်ပါးအထက်ပိုင်းတွင် ခဏခဏ ပြန်လည်ဖြစ်ပွားတတ်သော ပိုးဝင်ရောင်ရမ်းသည့် လှိုဏ်ခေါင်းဖြစ်ပြီး၊ ထုံးတမ်းစဉ်လာ ခွဲစိတ်ကုသမှုများဖြင့် ကုသပါက နာကျင်မှု ခံစားရသော ပြန်လည်သက်သာချိန်နှင့် အနာပတ်တီးစည်းခြင်းများကို သီတင်းပတ်ပေါင်းများစွာ ပြုလုပ်ရလေ့ရှိပါသည်။ ယနေ့ခေတ်တွင် အဆင့်မြင့် ဆေးဝါးနည်းပညာများသည် Pilonidal Sinus ရောဂါကို ကုသသည့် သမားရိုးကျနည်းလမ်းများကို ပြောင်းလဲပေးခဲ့ပြီဖြစ်ပါသည်။ SiLaC® (Sinus Laser Closure) နည်းပညာသည် သမားရိုးကျခွဲစိတ်ကုသမှုကဲ့သို့ ထိခိုက်နာကျင်မှုများ မရှိဘဲ ဘုတ်အဖွဲ့ဝင် အူမကြီး ခွဲစိတ် အထူးကု ဆရာဝန်ကြီးများမှ ဆောင်ရွက်ပေးသော ရောဂါကို အမြစ်ပြတ် သက်သာပျောက်ကင်းစေသည့် ခေတ်မီ လေဆာကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။
Pilonidal Sinus ဆိုသည်မှာ အဘယ်နည်း။
Pilonidal Sinus ဆိုသည်မှာ တင်ပါးဆုံ ကြားခေါင်း ထိပ်ပိုင်းရှိ အရေပြားတွင် ဖြစ်ပေါ်တတ်သော သေးငယ်သော အပေါက် သို့မဟုတ် လှိုဏ်ခေါင်းပေါက် ဖြစ်ပါသည်။ ဖြစ်ပွားသူ အများစုတွင် မည်သည့် ရောဂါလက္ခဏာမှ မပြသသဖြင့် ချက်ချင်း ကုသမှု ခံယူရန်လည်း မလိုအပ်ပါ။ သို့သော် ပိုးဝင်ရောင်ရမ်း လာပါက နာကျင်မှု ခံစားရပြီး နေ့စဉ် လူနေမှုဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။
Pilonidal Sinus ရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်း
Pilonidal Sinus ဖြစ်ပွားရသည့် အတိအကျ အကြောင်းအရင်းကို အပြည့်အဝ မသိရှိရသေးပါ။ လူသိအများဆုံး ပွင့်လင်းစွာ လက်ခံထားကြသော ရှင်းလင်းချက်မှာ တင်ပါး ဧရိယာရှိ ဖိအား၊ ပွတ်တိုက်မှု သို့မဟုတ် အရေပြား ယားယံမှုတို့ကြောင့် ကျွတ်ထွက်နေသော သို့မဟုတ် အရေပြားအတွင်း ငုံပေါက်နေသော အမွှေးအမျှင်များ အရေပြား အတွင်းသို့ ပြန်လည် တိုးဝင်သွားခြင်း ကြောင့်ဖြစ်ပါသည်။ အရေပြား အောက်မျက်နှာပြင်သို့ ရောက်ရှိသွားသောအခါ အဆိုပါ အမွှေးအမျှင်များသည် ရောင်ရမ်းမှု တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြီး တစ်ရှူးများ အတွင်း၌ လှိုဏ်ခေါင်း သို့မဟုတ် အခေါင်းပေါက်ကို ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါသည်။
မည်သူများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသနည်း။
Pilonidal Sinus ရောဂါသည် အမျိုးသားများ၊ အထူးသဖြင့် ခန္ဓာကိုယ်၌ အမွှေးအမျှင် ပိုမို ထူထပ်သူများတွင် ဖြစ်ပွားမှု ပိုများပါသည်။ အချိန်ကြာမြင့်စွာ ထိုင်ရသူများ၊ ရုံးဝန်ထမ်းများ၊ ယာဉ်မောင်းများနှင့် စာပွဲထိုင် အလုပ်လုပ်ကိုင်သူများသည်လည်း ထိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။ ယင်းရောဂါသည် လူငယ်ရွယ်များနှင့် လူလတ်ပိုင်းများတွင် အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။
ပိုးဝင်နေသော Pilonidal Sinus ရောဂါလက္ခဏာများကို သတိပြုခြင်း
လူအများစုသည် ပိုးမဝင်မချင်း မိမိတို့ထံတွင် Pilonidal Sinus ရှိနေသည်ကို မသိရှိကြပါ။ ပိုးဝင်ရောင်ရမ်းသည့်အခါ လက္ခဏာများသည် အချိန်တိုအတွင်း မြန်ဆန်စွာ ပေါ်ပေါက်လာတတ်ပါသည်။ သတိပြုရမည့် ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
တင်ပါးဆုံကြားခေါင်းထိပ်ပိုင်းတွင် နာကျင်စွာ ရောင်ရမ်းခြင်း သို့မဟုတ် အကျိတ်ဖြစ်ပေါ်ခြင်း
အဆိုပါ ဧရိယာတစ်ဝိုက် နီရဲလာခြင်းနှင့် ပူစပ်ပူလောင် ဖြစ်ခြင်း
ပြည်ရည်များ ထွက်လာနိုင်သည့် ပြည်တည်အနာ ဖြစ်ပေါ်ခြင်း
အနာအပေါက်မှ သွေးထွက်ခြင်း
ထိုင်သည့်အခါ၊ လမ်းလျှောက်သည့်အခါ သို့မဟုတ် ကုန်းလိုက်သည့်အခါ နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်မှု ခံစားရခြင်း
ရောဂါလက္ခဏာများ- ဆေးကုသမှု ခံယူရမည့်အချိန်
တင်ပါးဆုံကြားခေါင်းထိပ်ပိုင်းတွင် နာကျင်ခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပြည်ထွက်ခြင်းတို့ ဖြစ်ပေါ်နေသော အကျိတ်သေးသေးလေးတစ်ခုကို တွေ့ရှိပါက ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။ ဤသည်မှာ ကုသမှုခံယူရန် လိုအပ်သည့် ပိုးဝင်ခြင်းဆိုင်ရာ လက္ခဏာများ ဖြစ်ပါသည်။
အိမ်တွင် Pilonidal Sinus အနာကို ကိုယ်တိုင် ပြည်ဖောက်ထုတ်ရန် မကြိုးစားပါနှင့်။ မမှန်ကန်သော နည်းလမ်းဖြင့် ဖောက်ထုတ်ခြင်းသည် ပိုးဝင်ရောဂါကို ပိုမိုဆိုးရွားစေပြီး နောင်တွင် ကုသမှုကို ပိုမိုခက်ခဲရှုပ်ထွေးစေနိုင်ပါသည်။
သမားရိုးကျ ခွဲစိတ်ကုသမှုများ၏ အားနည်းချက်များ
သမားရိုးကျ Pilonidal Sinus ခွဲစိတ်မှုများတွင် အရေပြားကို အကျယ် လှီးထုတ်ခြင်းနှင့် ဒဏ်ရာကို ပွင့်လျက်ထားပြီး အနာကျက်စေခြင်းတို့ ပြုလုပ်ရပါသည်။ ထို့ကြောင့် နာကျင်မှု သိသိသာသာ ခံစားရခြင်း၊ ပြန်လည်သက်သာချိန် ကြာမြင့်ခြင်း၊ နေ့စဉ် အနာပတ်တီးစည်းပေးရန် လိုအပ်ခြင်း၊ အမာရွတ် ထင်ထင်ရှားရှား ကျန်ခဲ့ခြင်းနှင့် ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများမှ ကင်းကွာရခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ဖြစ်စဉ်များတွင် အကြီးအကျယ် ခွဲစိတ်ထားသည့်တိုင် ရောဂါ ပြန်လည်ဖြစ်ပွားနိုင်သဖြင့် လူနာများအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ စိန်ခေါ်မှုကြီးမားသော ကုသမှု ဖြစ်စေပါသည်။
SiLaC® လေဆာ နည်းပညာဖြင့် Pilonidal Sinus ရောဂါကို မည်သို့ ကုသသနည်း။
SiLaC® (Sinus Laser Closure) သည် ဆိုင်းနပ်စ် လှိုဏ်ခေါင်း အတွင်းသို့ သီးသန့် ဒီဇိုင်းထုတ်ထားသော လေဆာ ဖိုင်ဘာမျှင်ကို တိုက်ရိုက် ထည့်သွင်း အသုံးပြုသည့် ထိခိုက်ဒဏ်ရာ နည်းပါးသော Pilonidal Sinus ကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။ လေဆာသည် စွမ်းအင်ကို ထုတ်လွှတ်ပေးပြီး လှိုဏ်ခေါင်း နံရံများကို လှုံ့ဆော်ကာ ထိန်းချုပ်ထားသော အပူစွမ်းအင်ဖြင့် ပျက်စီးစေပါသည်။ ၎င်းသည် ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသော အရေပြားနှင့် တစ်ရှူးများကို ဖယ်ရှားရန် မလိုဘဲ ဆိုင်းနပ်စ် အခေါင်းပေါက်ကို အတွင်းမှ ပြိုကျစေကာ ပိတ်သွားစေပါသည်။
“Radial လေဆာ စွမ်းအင်၏ တိကျမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအားလုံးကို မထိခိုက်စေဘဲ ရောဂါဖြစ်နေသော လှိုဏ်ခေါင်း အတွင်းနံရံကိုသာ ဖျက်ဆီး ပေးနိုင်ခြင်း ဖြစ်ပါတယ်” ဟု ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး၏ အတွေ့အကြုံ ရင့်ကျက်သော အူမကြီးခွဲစိတ်အထူးကုဆရာဝန်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး ကုသမှုဖြစ်စဉ်ပေါင်းများစွာကို တာဝန်ယူ ကုသပေးခဲ့သူ Lt. Col. Dr. Chanyawat Sangsomwong က ပြောကြားခဲ့ပါသည်။
SiLaC® ကုသမှု လုပ်ငန်းစဉ် လုပ်ဆောင်ပုံ-
လှိုဏ်ခေါင်းအား သန့်စင်ခြင်းနှင့် ပြင်ဆင်ခြင်း- ခွဲစိတ်ဆရာဝန်သည် ရှေးဦးစွာ သေးငယ်သော အပေါက်မှတစ်ဆင့် ဆိုင်းနပ်စ် လှိုဏ်ခေါင်းအတွင်းရှိ အမှိုက်စများ၊ အမွှေးအမျှင်များနှင့် ပိုးဝင်နေသော တစ်ရှူးများကို ရှင်းလင်းပေးပါသည်။
လေဆာ စက်ပစ္စည်း ထည့်သွင်းခြင်း- ကွေးညွှတ်ရလွယ်ကူပြီး Radial စွမ်းအင် ထုတ်လွှတ်သော လေဆာဖိုင်ဘာမျှင်ကို လှိုဏ်ခေါင်းအတွင်းသို့ ထည့်သွင်းပါသည်။
ထိန်းချုပ်ထားသော အပူစွမ်းအင်ဖြင့် ဖျက်ဆီးခြင်း- လေဆာဖိုင်ဘာမျှင်ကို ဖြည်းဖြည်းချင်း ပြန်လည် ထုတ်ယူစဉ်အတွင်း တိကျသော လေဆာစွမ်းအင်ကို ပေးပို့ကာ လှိုဏ်ခေါင်း အတွင်းနံရံကို အပူစွမ်းအင်ဖြင့် ဖျက်ဆီးပြီး နံရံများကို ပြိုကျသွားစေပါသည်။
သဘာဝအတိုင်း ပိတ်သွားခြင်း- ဆိုင်းနပ်စ် အခေါင်းပေါက်သည် ထိရောက်စွာ ပိတ်သွားသဖြင့် ပြင်ပတွင် ကြီးမားသော ဒဏ်ရာများ ရှိရန်မလိုဘဲ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ပြန်လည်ကျန်းမာ လန်းဆန်းလာစေပါသည်။
သမားရိုးကျ ခွဲစိတ်ကုသမှုများထက် SiLaC® လေဆာ ကုသမှု၏ အားသာချက်များ
ခွဲစိတ်ပြီးနောက် နာကျင်မှု အနည်းဆုံးဖြစ်ခြင်း- ကြီးမားသော ခွဲစိတ်ဒဏ်ရာများ မရှိသည့်အတွက် ဘေးပတ်ဝန်းကျင်ရှိ အာရုံကြောများကို ထိခိုက်မှု မရှိသလောက် ဖြစ်ပါသည်။ လူနာအများစုမှာ သာမန် သောက်ဆေး သောက်သုံးရန်သာ လိုအပ်ပြီး ကုသမှုပြုလုပ်ပြီးနောက် မသက်မသာ ဖြစ်မှု အနည်းဆုံးကိုသာ ခံစားရပါမည်။
၂၄ နာရီမှ ၄၈ နာရီအတွင်း အလုပ်ပြန်လည် လုပ်ကိုင်နိုင်ခြင်း- လှုပ်ရှားမှုများကို ၆ ပတ်မှ ၁၂ ပတ်အထိ ကန့်သတ်ထားရန် လိုအပ်သည့် သမားရိုးကျ ခွဲစိတ်ကုသမှုများနှင့် မတူဘဲ SiLaC® လေဆာကုသမှု ခံယူထားသော လူနာအများစုသည် တစ်ရက်မှ နှစ်ရက်အတွင်း စားပွဲထိုင် အလုပ်များနှင့် ပေါ့ပေါ့ပါးပါး နေ့စဉ် လှုပ်ရှားမှုများကို ပြန်လည် လုပ်ကိုင်နိုင်ပါသည်။
နေ့စဉ် အနာပတ်တီး စည်းရန် မလိုခြင်း- SiLaC® လေဆာကုသမှုသည် ပွင့်ထွက်နေသည့် ဒဏ်ရာများကို မကျန်ရှိစေပါ။ လူနာများအနေဖြင့် နာကျင်ဖွယ်ရာ နေ့စဉ် ပတ်တီးလဲလှယ်ခြင်းနှင့် ဆေးရုံ ခဏခဏ ပြသရခြင်းတို့မှ ကင်းဝေးပြီး၊ သေးငယ်သော အနာဖုံး ပတ်တီးလေးတစ်ခု စည်းရုံဖြင့် ဆေးရုံမှ ဆင်းနိုင်ပါသည်။
အမာရွတ် မကျန်သလောက် နီးပါး ဖြစ်ခြင်း- ဤကုသမှုသည် သေးငယ်သော အပေါက်ရာလေးများကိုသာ ကျန်ရှိစေပြီး အဆိုပါအရာများသည်လည်း အချိန်တိုအတွင်း မြန်ဆန်စွာ မှေးမှိန်သွားလေ့ ရှိပါသည်။ ထို့ကြောင့် သမားရိုးကျ ခွဲစိတ်လှီးထုတ်မှုများတွင် တွေ့ရလေ့ရှိသည့် ထင်ရှားသော အမာရွတ်များနှင့် နှိုင်းယှဉ်ပါက အလှအပရေးရာတွင် များစွာ သာလွန် အားသာချက် ရှိပါသည်။
ရောဂါ ပြန်လည်ဖြစ်ပွားနိုင်ခြေ နည်းပါးခြင်း- ဆိုင်းနပ်စ် လှိုဏ်ခေါင်းကို အပူစွမ်းအင်ဖြင့် ပိုးသတ်ပေးခြင်းဖြင့် SiLaC® သည် ပြန်လည် ပိုးဝင်ခြင်းနှင့် ရောဂါပြန်ဖြစ်ခြင်း အန္တရာယ်ကို သိသိသာသာ လျှော့ချပေးကာ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော ရလဒ်ကို ပေးစွမ်းပါသည်။
ကျန်းမာသော တစ်ရှူးများကို မထိခိုက်ဘဲ ထိန်းသိမ်းပေးနိုင်ခြင်း- အသားစအကျယ် လှီးထုတ်သည့် ခွဲစိတ်မှုများနှင့် မတူဘဲ SiLaC® သည် ကုသမှုဖြစ်စဉ်တစ်ခုလုံးတွင် ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသော အရေပြား၊ အဆီနှင့် ကြွက်သားတစ်ရှူးများကို ထိခိုက်မှု မရှိစေဘဲ ရောဂါဖြစ်နေသော ဆိုင်းနပ်စ် လှိုဏ်ခေါင်းကိုသာ တိကျစွာ ပစ်မှတ်ထား ကုသပေးပါသည်။
မည်သူများတွင် SiLaC® ကုသမှု နည်းလမ်းနှင့် သင့်လျော်သနည်း။
ယခင်က ကုသမှု ခံယူခဲ့ဖူးသော်လည်း Pilonidal Sinusရောဂါ ပြန်လည် ဖြစ်ပွားနေသော လူနာများ
နာလန်ထချိန် အနည်းဆုံးသာ လိုအပ်သည့် လုပ်ငန်းခွင်ဝင် သက်မွေးဝမ်းကျောင်း ပြုသူများ
မြန်ဆန်စွာ ပြန်လည် သက်သာ ပျောက်ကင်းလိုသော လူနာများ
အမာရွတ် မကျန်သလောက် နီးပါး ဖြစ်ပြီး ခန္ဓာကိုယ် တစ်ရှူးများကို မထိခိုက်ဘဲ ထိန်းသိမ်းပေးနိုင်သည့် ကုသမှုကို ရှာဖွေနေသူများ
ကြီးမားသော ခွဲစိတ်မှု သို့မဟုတ် မေ့ဆေးပေး ကုသမှုများကို ရှောင်ရှားလိုသူများ
ဆေးရုံမှ မြန်ဆန်စွာ ဆင်းနိုင်ပြီး ထိရောက်သော ကုသမှုကို ရှာဖွေနေသည့် နိုင်ငံတကာ လူနာများ
သင်၌ Pilonidal Sinus ရောဂါလက္ခဏာများ ခံစားနေရပါက ရောဂါ ပိုမိုဆိုးရွားလာသည်အထိ မစောင့်ပါနှင့်။ အူမကြီးခွဲစိတ် အထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် SiLaC® လေဆာကုထုံးသည် သင့်အတွက် သင့်လျော်သည့် ကုသမှု နည်းလမ်း ဟုတ်မဟုတ် ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပြီး ရောဂါကို အမြစ်ပြတ် သက်သာ ပျောက်ကင်းစေမည့် လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။
မကြာခဏ မေးလေ့ရှိသော မေးခွန်းများ (FAQs)
Pilonidal Sinus အတွက် SiLaC® ကုသမှု နည်းလမ်း ဆိုသည်မှာ အဘယ်နည်း။
SiLaC® (Sinus Laser Closure) သည် ပွင့်ထွက်နေသော ခွဲစိတ်မှုများ ပြုလုပ်ရန် မလိုဘဲ Pilonidal Sinus လှိုဏ်ခေါင်းကို ပိတ်ပေးသည့် ထိခိုက်ဒဏ်ရာ နည်းပါးသော လေဆာ ကုသမှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ယင်းကုသမှုကို ထိခိုက်သည့် နေရာတစ်ခုတည်းတွင် ထုံဆေးပေး၍ ပြုလုပ်ပါသည်။
SiLaC® ကုသမှု ခံယူပြီးနောက် ပြန်လည်သက်သာချိန် မည်မျှကြာမြင့်သနည်း။
လူနာအများစုသည် ရက်ပိုင်းအတွင်း စားပွဲထိုင် အလုပ်များကို ပြန်လည် လုပ်ကိုင်နိုင်ပြီး တစ်ပတ်မှ နှစ်ပတ်အတွင်း ပေါ့ပါးသော လှုပ်ရှားမှုများကို ပြန်လည် စတင်နိုင်ပါသည်။ ပွင့်ထွက်နေသော ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်ပါက ပြန်လည်သက်သာချိန် သိသိသာသာ ပိုမို မြန်ဆန်ပါသည်။
SiLaC® ကုသမှုသည် နာကျင်မှု ရှိပါသလား။
ဤကုသမှုကို ထိခိုက်သည့် နေရာတစ်ခုတည်းတွင် ထုံဆေးပေး၍ ပြုလုပ်သဖြင့် ပုံမှန်အားဖြင့် မသက်မသာ ဖြစ်မှု အနည်းဆုံးသာ ရှိပါသည်။ ကုသမှုပြုပြီးနောက် ဖြစ်ပေါ်တတ်သော နာကျင် ကိုက်ခဲမှုမှာ ယေဘုယျအားဖြင့် လျော့နည်းပြီး သာမန် သောက်ဆေးများဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။
ကျွန်ုပ်၏ Pilonidal Sinus ရောဂါသည် ခဏခဏ ပြန်ဖြစ်နေပါက မည်သို့ ပြုလုပ်ရမည်နည်း။
မကြာခဏ ပြန်လည် ဖြစ်ပွားနေသော Pilonidal Sinus ရောဂါကို အတွေ့အကြုံရှိ အူမကြီးခွဲစိတ် အထူးကု ဆရာဝန်ကြီးနှင့် ပြသ၍ စစ်ဆေး အကဲဖြတ်မှု ခံယူသင့်ပါသည်။ SiLaC® ကဲ့သို့သော ထိခိုက်ဒဏ်ရာ နည်းပါးသည့် ကုသမှု နည်းလမ်းများသည် အနားယူရသည့် အချိန်နှင့် တစ်ရှူး ထိခိုက်ဒဏ်ရာရရှိမှုကို လျှော့ချပေးရင်း ရောဂါ ပြန်လည်ဖြစ်ပွားမှုကို ကုသရာတွင် အထောက်အကူ ပြုနိုင်ပါသည်။
Pilonidal Sinus ရောဂါသည် မည်သည့်အချိန်တွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သနည်း။
ပြည်တည်အနာ ခဏခဏ ပြန်ဖြစ်ခြင်း၊ ပြည်ယိုစိမ့်မှု မပြတ်ဘဲ ဖြစ်နေခြင်း၊ ယခင်က ကုသဖူးသော်လည်း ရောဂါ ပြန်ဖြစ်ခြင်း၊ လှိုဏ်ခေါင်း အများအပြား ဖြစ်ပေါ်ခြင်း သို့မဟုတ် ရောဂါလက္ခဏာများကြောင့် နေ့စဉ် လူနေမှုဘဝကို အနှောင့်အယှက် ဖြစ်စေခြင်းတို့ ရှိပါက ခွဲစိတ်ကုသမှု ခံယူရန် အကြံပြုလေ့ ရှိပါသည်။ ပိုးသတ်ဆေး သောက်သုံးရုံမျှဖြင့် ဆိုင်းနပ်စ် လှိုဏ်ခေါင်း တစ်ခုလုံးကို ပျောက်ကင်းအောင် မဖယ်ရှားနိုင်ပါ။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –အူမကြီးခွဲစိတ်အထူးကုဌာန ၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း- (+66)2-734-0000 လိုင်းခွဲ 4500, 4501 မြန်မာဘာသာ ဟော့လိုင်း- (+66)63-853-2447
Medically Reviewed by
LT.COL. DR. CHANYAWAT SANGSOMWONG
Surgery
Colorectal Surgery
Readers’ Rating
5.0 out of 5 stars (based on 1 review)