H2: ခြုံငုံသုံးသပ်ချက်
ရက်တီနာ (Retina – မျက်စိအလင်းခံစခရင်) သည် မျက်လုံး၏ အနောက်ဘက်တွင် တည်ရှိသည်။ ၎င်းတွင် အလင်းကို ဖမ်းယူပေးပြီး ပုံရိပ်များ ဖန်တီးနိုင်ရန် ဦးနှောက်ထံသို့ အချက်အလက်များ ပေးပို့ရသည့် ဆဲလ်များ ပါဝင်ပါသည်။ Retinoblastoma သည် ရက်တီနာကို ထိခိုက်စေသော၊ ဖြစ်ခဲသည့် မျက်စိကင်ဆာအမျိုးအစားတစ်ခုဖြစ်ပြီး များသောအားဖြင့် ကလေးငယ်များတွင် အတွေ့ရများသည်။ လူကြီးများတွင် ဤအခြေအနေ ဖြစ်ပွားခဲပြီး မျက်လုံးတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးကို ထိခိုက်စေနိုင်ပါသည်။
H2: ရောဂါလက္ခဏာများ
Retinoblastoma (မျက်စိအလင်းခံစခရင်ကင်ဆာ) ဖြစ်ပွားရခြင်းမှာ ရက်တီနာရှိ အာရုံကြောဆဲလ်များ၏ မျိုးဗီဇပြောင်းလဲမှု (Genetic mutation) ကြောင့် ဖြစ်ပြီး၊ ၎င်းသည် ပုံမှန်မဟုတ်သော ဆဲလ်များကို လျင်မြန်စွာ ပွားများလာစေကာ နောက်ပိုင်းတွင် ကင်ဆာကျိတ်တစ်ခုအဖြစ် ဖြစ်ပေါ်လာစေသည်။ အကယ်၍ ကုသမှုမခံယူဘဲ ထားရှိပါက မျက်လုံး၏ အခြားသော တည်ဆောက်ပုံများကို ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့လည်း ပျံ့နှံ့သွားခြင်း (Metastasize) ဖြစ်ပွားနိုင်ပါသည်။
Retinoblastoma ဖြစ်ပွားစေသည့် မျိုးဗီဇပြောင်းလဲမှုများကို ဘာကြောင့်ဖြစ်ရသည်ဆိုသော အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း မိဘများထံမှတစ်ဆင့် သားသမီးများထံသို့ မျိုးဗီဇလက်ဆင့်ကမ်း ပေးပို့ခြင်းလည်း ဖြစ်နိုင်ခြေ ရှိပါသည်။
မျိုးရိုးလိုက်သော ရက်တီနိုဘလက်စတိုးမားကင်ဆာ
မျိုးရိုးလိုက်သော ရက်တီနိုဘလက်စတိုးမားကင်ဆာသည် ပုံစံကြီးစိုးသော မျိုးဗီဇသက်ရောက်မှုပုံစံ (Autosomal dominant pattern) ရှိပြီး၊ ၎င်းတွင် မိဘနှစ်ပါးအနက် တစ်ဦးတွင်သာ သားသမီးထံ လက်ဆင့်ကမ်းရန် ပြောင်းလဲနေသော မျိုးဗီဇကော်ပီတစ်ခု ရှိနေခြင်းဖြစ်သည်။ မိဘနှစ်ပါးအနက် တစ်ဦးတည်းတွင်သာ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး၌ ဗီဇပြောင်းလဲမှုဖြစ်နေသော ထိုမျိုးဗီဇပါရှိနေသည့်တိုင် သားသမီးတစ်ဦးစီတွင် ဤကင်ဆာရောဂါ မျိုးရိုးလိုက်ရန် ဖြစ်နိုင်ခြေသည် ရာခိုင်နှုန်း ၅၀ ရှိပါသည်။
H2:ရောဂါလက္ခဏာများ
ရက်တီနိုဘလက်စတိုးမားကင်ဆာသည် မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသောကြောင့် ရောဂါလက္ခဏာများကို သိသာထင်ရှားစွာ မတွေ့ရတတ်ပါ။ ထို့ကြောင့် အောက်ပါလက္ခဏာများ ရှိ၊ မရှိကို သတိပြုစောင့်ကြည့်နိုင်ပါသည် –
- မျက်စိစွေခြင်း သို့မဟုတ် မျက်လုံးအနေအထားမမှန်ခြင်း (Strabismus)
- အမြင်အာရုံ ချို့ယွင်းခြင်း
- မျက်လုံးနီမြန်းခြင်း သို့မဟုတ် ဖောင်းကြွရောင်ရမ်းခြင်း
- မျက်ဆန်းဖြူခြင်း (Leukocoria) – အလင်းရောင်တိုက်ရိုက်ကျရောက်သည့်အခါ (ဥပမာ – ကလေးကို ဓာတ်ပုံရိုက်သည့်အခါမျိုးတွင်) သူငယ်အိမ်သည် အဖြူရောင် သို့မဟုတ် မှုန်ဝါးဝါးအရောင်အဖြစ် တွေ့ရှိရခြင်း
ဤလက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
H2: ရောဂါရှာဖွေခြင်း
ရက်တီနိုဘလက်စတိုးမားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည် –
မျက်စိကို စစ်ဆေးခြင်း: ဆရာဝန်သည် ရောဂါလက္ခဏာများ ဖြစ်ပွားရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန်အတွက် မျက်စိကို စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။
ပုံရိပ်ဖော် စစ်ဆေးခြင်း: ရက်တီနိုဘလက်စတိုးမားကင်ဆာသည် မျက်လုံးအနီးတစ်ဝိုက်ရှိ အခြားသော တည်ဆောက်ပုံများဆီသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ ကြည့်ရှုရန် ဖြစ်သည်။ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းနှင့် အာထရာဆောင်း (Ultrasound) စစ်ဆေးခြင်းတို့ဖြင့် မျက်လုံး၏ ပိုမိုအသေးစိတ်သော ပုံရိပ်များကို ဖန်တီးပေးပါသည်။
ခါးဆစ်ရိုးအတွင်းမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Spinal tap): ခါးဆစ်ရိုးအတွင်းရှိ အရည်ထဲတွင် ကင်ဆာဆဲလ်များ ရောက်ရှိနေခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်သည်။
ရိုးတွင်းခြင်ဆီ အသားစယူစစ်ဆေးခြင်း (Bone marrow biopsy): ကင်ဆာသည် အရိုးများနှင့် ရိုးတွင်းခြင်ဆီများဆီသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ အတည်ပြုနိုင်ရန် ပြုလုပ်ခြင်း ဖြစ်သည်။
H2: ကုသခြင်း
ရက်တီနိုဘလက်စတိုးမားကင်ဆာကို ကုသရာတွင် ကင်ဆာကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ကင်ဆာသည် မျက်လုံး၏ အခြားသော တည်ဆောက်ပုံများဆီသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိအပေါ် မူတည်၍ ဆုံးဖြတ်ပါသည်။ ထို့ပြင် မိဘများ၏ ကုသမှုဆိုင်ရာ ရွေးချယ်မှုနှင့် ကလေးငယ်၏ ယေဘုယျကျန်းမာရေးအခြေအနေတို့ကိုလည်း ထည့်သွင်းစဉ်းစားပါသည်။
ဓာတုကုထုံးဖြင့် ကုသခြင်း (Chemotherapy)
ဓာတုကုထုံးသည် ရက်တီနိုဘလက်စတိုးမား ကင်ဆာဆဲလ်များကို သေစေနိုင်သော ဆေးဝါးများကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။
- သွေးပြန်ကြောအတွင်း ဆေးသွင်းခြင်း (Intravenous chemotherapy): ဆေးကို သွေးကြောအတွင်းသို့ တိုက်ရိုက်သွင်းခြင်း ဖြစ်သည်။
- သွေးလွှတ်ကြောအတွင်း ဆေးသွင်းခြင်း (Intra–arterial chemotherapy): မျက်လုံးသို့ သွေးထောက်ပံ့ပေးသော သွေးလွှတ်ကြောအတွင်းရှိ ပြွန်ငယ် (Catheter) မှတစ်ဆင့် ကင်ဆာကျိတ်ဆီသို့ ဆေးဝါးများကို တိုက်ရိုက်ထည့်သွင်းခြင်း ဖြစ်သည်။
- မျက်လုံးအတွင်းသို့ ဆေးတိုက်ရိုက်ထိုးသွင်းခြင်း (Chemotherapy injected directly into the eye): ဆေးကို ကုသမှုလိုအပ်သော မျက်လုံးထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်း ဖြစ်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် အိပ်စရေး (X-rays) နှင့် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားမြင့် စွမ်းအင်များကို အသုံးပြုသည်။ ၎င်းကို ရက်တီနိုဘလက်စတိုးမား ကုသရန်အတွက် ကင်ဆာကျိတ်ရှိရာနေရာသို့ တိုက်ရိုက်ကပ်၍ ကုသခြင်း (Plaque radiotherapy သို့မဟုတ် Brachytherapy) သို့မဟုတ် ခန္ဓာကိုယ်ပြင်ပမှနေ၍ ဓာတ်ရောင်ခြည်ပေးခြင်း (External beam radiation) နည်းလမ်းတို့ဖြင့် ပြုလုပ်နိုင်ပါသည်။
လေဆာဖြင့် ကုသခြင်း (Laser therapy / Transpupillary thermotherapy) ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ရန်အတွက် ကင်ဆာကျိတ်ပေါ်သို့ အပူပေးလေဆာကို တိုက်ရိုက်အသုံးပြုခြင်း ဖြစ်သည်။
အအေးပေး၍ ကုသခြင်း (Cold treatment / Cryotherapy)
နိုက်ထရိုဂျင်အရည် (Liquid nitrogen) ကဲ့သို့သော အလွန်အေးမြသည့် ဒြပ်ပစ္စည်းကို အသုံးပြု၍ ကင်ဆာဆဲလ်များကို အေးခဲစေလိုက်၊ ပြန်အရည်ပျော်စေလိုက်ဖြင့် အကြိမ်ကြိမ်ပြုလုပ်ကာ သေဆုံးသွားစေသည့် နည်းလမ်းဖြစ်သည်။
မျက်လုံးထုတ်ပယ်ခြင်း ခွဲစိတ်မှု (Eye removal surgery) ကင်ဆာကျိတ်သည် အလွန်ကြီးမားနေပြီး အခြားကုသမှုနည်းလမ်းများဖြင့် မသက်သာသည့်အခါတွင် ဤခွဲစိတ်မှုကို ပြုလုပ်သည်။ ထို့ပြင် ကင်ဆာဆဲလ်များ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့မသွားစေရန်အတွက်လည်း ပြုလုပ်လေ့ရှိသည်။ အောက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ပါသည် –
- မျက်လုံးတစ်လုံးလုံး ထုတ်ခြင်း (Enucleation): ထိခိုက်နေသော မျက်လုံးအိမ်တစ်ခုလုံးနှင့်အတူ အမြင်အာရုံကြော (Optic nerves) များကိုပါ ဖြတ်တောက်ထုတ်ယူခြင်း ဖြစ်သည်။
- မျက်လုံးအတု အစားထိုးခြင်း (Eye implant): မျက်လုံးထုတ်ပြီးနောက် မျက်လုံးအိမ်ကွက်လပ်အတွင်းသို့ အထူးပြုလုပ်ထားသော ဘောလုံးငယ်တစ်ခု ထည့်သွင်းပေးခြင်း ဖြစ်သည်။
- မျက်လုံးတု တပ်ဆင်ခြင်း (Fitting an artificial eye): အစားထိုးထားသော မျက်လုံးအိမ် (Eye implant) ၏ အပေါ်ဘက်နှင့် မျက်ခွံ၏ အတွင်းဘက်တွင် စိတ်ကြိုက်ပုံဖော်ပြုလုပ်ထားသော မျက်လုံးတု (Artificial eye) ကို ထည့်သွင်းတပ်ဆင်ခြင်း ဖြစ်သည်။
ခွဲစိတ်ကုသမှုကြောင့် ကျန်ရှိနေသော အခြားမျက်လုံးတစ်ဖက်၏ အမြင်အာရုံကို ထိခိုက်နိုင်သော်လည်း ကလေးငယ်များသည် ပုံမှန်အားဖြင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်သွားနိုင်ပါသည်။ မျက်လုံးကို ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန်အတွက် အထူးမျက်မှန်များ (ခွဲမထွက်နိုင်သော မျက်မှန် သို့မဟုတ် အားကစားလုပ်ရာတွင် တပ်ဆင်သည့် မျက်မှန်များ) ကို အသုံးပြုနိုင်ပါသည်။
