BiTE (Bispecific T-Cell Engager) – ကင်ဆာရောဂါကုသမှုအတွက် အဆင့်မြင့် ကိုယ်ခံအားစနစ်သုံး ကုထုံးနည်းပညာ

ကျန်းမာရေးဆိုင်ရာ စာစောင်များ
BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး

Table of Contents

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး ဆိုတာဘာလဲ?

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံးသည် ခန္ဓာကိုယ်အတွင်းရှိ T-cells (ကိုယ်ခံအားဆဲလ်များ) ကို ကင်ဆာဆဲလ်များနှင့် တိုက်ရိုက်ထိတွေ့စေရန် ဖန်တီးထားသော အဆင့်မြင့် ကိုယ်ခံအားစနစ်သုံး ကုထုံး (Immunotherapy) တစ်မျိုး ဖြစ်ပါသည်။ ခန္ဓာကိုယ်၏ ကိုယ်ခံအားဆဲလ်များနှင့် ကင်ဆာဆဲလ်များကို ချိတ်ဆက်ပေးခြင်းဖြင့် T-cells များက ကင်ဆာကို ပိုမိုထိရောက်စွာ မှတ်မိစေပြီး ဖျက်ဆီးပစ်နိုင်ရန် ကူညီပေးပါသည်။ ဤကုထုံးကို အဆုတ်ကင်ဆာ၊ မှဲ့ကင်ဆာ (Melanoma) နှင့် အချို့သော သွေးကင်ဆာ အမျိုးအစားများကို ကုသရာတွင် အသုံးပြုပါသည်။

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံးများသည် သီးခြားစီဖြစ်သော ချိတ်ဆက်မှုပစ်မှတ် နှစ်ခုပါဝင်သည့် နည်းပညာသုံးဖန်တီးထားသော ပဋိပစ္စည်း (Engineered antibodies) များ ဖြစ်ကြသည် –

  • လက်တံတစ်ခုသည် T-cells ပေါ်ရှိ CD3 Receptors များနှင့် ချိတ်ဆက်ပါသည်။
  • အခြားလက်တံတစ်ခုသည် ကင်ဆာဆဲလ်ပေါ်ရှိ သတ်မှတ်ထားသော အမှတ်အသား (Specific Antigen) နှင့် ချိတ်ဆက်ပါသည်။

T-cells နှင့် ကင်ဆာဆဲလ်များကို ရုပ်ပိုင်းဆိုင်ရာအရ တိုက်ရိုက်ချိတ်ဆက်ပေးခြင်းဖြင့် BiTEs များသည် ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ရိုက်ဖျက်ဆီးနိုင်စွမ်း ရှိစေပါသည်။

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး လုပ်ဆောင်ပုံ

ဆေးသွင်းကုသမှု စတင်သည်နှင့် BiTE ကုထုံးသည် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါသည် –

  • BiTE မော်လီကျူးသည် T-cells ပေါ်ရှိ CD3 Receptor နှင့် ချိတ်ဆက်ပါသည်။
  • တစ်ချိန်တည်းမှာပင် ၎င်းသည် ကင်ဆာဆဲလ်ပေါ်ရှိ ပစ်မှတ်အမှတ်အသား (Antigens) များနှင့်လည်း ချိတ်ဆက်ပါသည်။
  • T-cells များကို ကင်ဆာဆဲလ်များနှင့် အနီးကပ်ဆုံး ထိတွေ့စေပါသည်။
  • T-cells များသည် နိုးကြားလာပြီး ကင်ဆာကို တိုက်ဖျက်ရန် ဆဲလ်သေစေသော မော်လီကျူး (Cytotoxic molecules) များကို ထုတ်လွှတ်ပါသည်။
  • ပစ်မှတ်ထားသော ကင်ဆာဆဲလ်များ သေဆုံးသွားပါသည်။

BiTE ကုထုံးသည် ပစ်မှတ်နှစ်ခုကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်ရန် အထူးဖန်တီးထားသော ပဋိပစ္စည်း (Engineered antibodies) များအပေါ်တွင် အခြေခံပါသည်။ ပုံမှန်အားဖြင့် ပဋိပစ္စည်းများသည် ခန္ဓာကိုယ်အတွက် စိမ်းနေသော သို့မဟုတ် ဘေးဥပဒ်ဖြစ်စေသော ပရိုတင်းများကို ရှာဖွေဖော်ထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ကို အကာအကွယ်ပေးပါသည်။ ဤကုထုံးတွင် ပဋိပစ္စည်း၏ တစ်ဖက်ခြမ်းသည် T-cell နှင့် ချိတ်ဆက်ပြီး အခြားတစ်ဖက်သည် ကင်ဆာဆဲလ်နှင့် ချိတ်ဆက်ကာ ၎င်းတို့နှစ်ခုကို ထိရောက်စွာ ပေါင်းစည်းပေးပါသည်။

  • T-cell:
    T-cells များသည် ခန္ဓာကိုယ်အတွင်းရှိ ဘေးအန္တရာယ်များနှင့် ပုံမှန်မဟုတ်သော ဆဲလ်များကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးနေသည့် ကိုယ်ခံအားဆဲလ်များ ဖြစ်ကြပါသည်။ T-cell တစ်ခုသည် ကင်ဆာဆဲလ်ကို ရှာဖွေတွေ့ရှိသည်နှင့် ၎င်းသည် နိုးကြားလာပြီး ကင်ဆာဆဲလ်ကို ဖယ်ရှားပစ်ပါသည်။ သို့သော် ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်၏ ရှာဖွေတွေ့ရှိမှုကို ရှောင်တိမ်းလေ့ရှိသောကြောင့် အကူအညီမပါဘဲ ဖယ်ရှားရန် ခက်ခဲတတ်ပါသည်။
  • Engager:
    အထူးဖန်တီးထားသော ပဋိပစ္စည်းများသည် T-cells နှင့် ကင်ဆာဆဲလ်များကို ရုပ်ပိုင်းဆိုင်ရာအရ ဆက်သွယ်ပေးသည့် တံတားသဖွယ် လုပ်ဆောင်ပေးပါသည်။ ၎င်းတို့ကို အနီးကပ်ဆုံး တည်ရှိနေစေခြင်းဖြင့် T-cells များက ကင်ဆာဆဲလ်များကို အန္တရာယ်ရှိသောအရာအဖြစ် အလွယ်တကူ မှတ်မိစေပြီး ပိုမိုထိရောက်စွာ ဖျက်ဆီးနိုင်စေပါသည်။

ဤလုပ်ဆောင်ပုံ၏ အဓိကအားသာချက်မှာ T-cell နိုးကြားမှုသည် သမားရိုးကျနည်းလမ်းဖြစ်သော Antigen Presentation အပေါ်တွင် မှီခိုနေရန် မလိုခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် BiTEs များသည် ကင်ဆာဆဲလ်များ၏ ကိုယ်ခံအားရှောင်တိမ်းမှု ယန္တရားအချို့ကို ကျော်လွှားနိုင်စွမ်း ရှိပါသည်။

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး နှင့် သမားရိုးကျကင်ဆာကုထုံးများအကြား ကွာခြားချက်များ

သမားရိုးကျ ကုသမှုနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက BiTE ကုထုံးသည် အောက်ပါ ထူးခြားသော အားသာချက်များကို ပေးစွမ်းနိုင်ပါသည်။

  • တိကျသော ပစ်မှတ်ထားမှု (Targeted approach):
    ဓာတုကုထုံး (Chemotherapy) နှင့် နှိုင်းယှဉ်ပါက ကျန်းမာသော ဆဲလ်များအပေါ် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးပါသည်။
  • လူနာ၏ ကိုယ်ပိုင်ကိုယ်ခံအားစနစ်ကို အသုံးချခြင်း (Harnesses own immune system):
    ပြင်ပမှ ကိုယ်ခံအားဆဲလ်များကို ပြုပြင်ပြောင်းလဲရန် မလိုဘဲ လူနာ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များကိုသာ အသုံးပြုပါသည်။
  • လျင်မြန်သော ကိုယ်ခံအားနိုးကြားမှု (Rapid immune activation):
    T-cells နှင့် ကင်ဆာဆဲလ်များအကြား တိုက်ရိုက်ထိတွေ့ချိတ်ဆက်မှုကြောင့် ကိုယ်ခံအားစနစ်သည် လျင်မြန်စွာ နိုးကြားလာပါသည်။
  • မျိုးဆက်သစ် ကင်ဆာကုထုံးဖြစ်ခြင်း (Next-generation therapy):
    ၎င်းသည် ကိုယ်ခံအားစနစ်သုံး ကင်ဆာပညာရပ် (Immuno-oncology) ၏ အဓိကကျသော တိုးတက်မှုများကို ထင်ဟပ်ဖော်ပြနေပါသည်။

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး ကို ဘယ်လိုအသုံးပြုလဲ?

BiTE ကုထုံးဖြင့် ကုသရာတွင် ဆေးဝါးကို ထိုးဆေးအဖြစ်သော်လည်းကောင်း သို့မဟုတ် သွေးကြောအတွင်း ဆေးသွင်းခြင်း (IV infusion) ဖြင့်သော်လည်းကောင်း ပေးလေ့ရှိပါသည်။ ပုံမှန်အားဖြင့် ကုသမှုကို ဆေးပမာဏ အနည်းငယ်ဖြင့် စတင်ပြီး ရက်အနည်းငယ်အတွင်း ဆေးပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားလေ့ရှိပါသည်။ ဤကဲ့သို့ အဆင့်ဆင့် လုပ်ဆောင်သော နည်းလမ်းသည် သင့်ဆရာဝန်အတွက် သင့်ရောဂါအခြေအနေနှင့် အသင့်တော်ဆုံးဖြစ်မည့် ဆေးပမာဏကို ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိစေရန် အထောက်အကူပြုပါသည်။

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး ကို လက်တွေ့ကုသမှုအတွက် ဘယ်မှာသုံးကြလဲ?

BiTE ကုထုံးကို ကင်ဆာရောဂါ အမျိုးအစားအချို့တွင် အောင်မြင်စွာ အသုံးပြုလျက်ရှိပြီး အချို့ကိုလည်း သုတေသနပြု လေ့လာနေဆဲ ဖြစ်ပါသည်။ အထူးသဖြင့် အောက်ပါရောဂါများတွင် အသုံးပြုပါသည် –

  • သွေးနှင့် ပတ်သက်သော ကင်ဆာရောဂါများ (Hematologic malignancies):
    • သွေးကင်ဆာ (Leukemia) နှင့်
    • အချို့သော ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) အမျိုးအစားများ။
  • အကျိတ်လုံး ကင်ဆာများ (Solid tumors):
    • လက်ရှိတွင် လက်တွေ့ကုသမှုဆိုင်ရာ ဖော်ထုတ်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း အဆင့်များ၌ ရှိနေပါသည်။

လူနာများကို ဤကုထုံးဖြင့် ကုသရန် ရွေးချယ်ရာတွင် ကင်ဆာအကျိတ်၏ ဝိသေသလက္ခဏာများ၊ အမှတ်အသား (Antigen) ဖော်ပြမှု အခြေအနေနှင့် လူနာ၏ အလုံးစုံသော ကျန်းမာရေး အခြေအနေတို့အပေါ် မူတည်၍ ဆုံးဖြတ်ပါသည်။

ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်း

အခြားသော ကိုယ်ခံအားစနစ်သုံး ကုထုံးများကဲ့သို့ပင် BiTE ကုထုံးဖြင့် ကုသရာတွင် ကိုယ်ခံအားစနစ်နှင့် ဆက်စပ်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ ယင်းတို့တွင် အောက်ပါတို့ ပါဝင်ပါသည် –

  • ဆိုက်တိုကိုင်း ထုတ်လွှတ်မှု လက္ခဏာစု (Cytokine release syndrome – CRS)
  • ဖျားခြင်း၊ နုံးချိခြင်း သို့မဟုတ် အချို့သော အာရုံကြောဆိုင်ရာ လက္ခဏာများ။

ထို့ကြောင့် BiTE ကုထုံးကို အောက်ပါအချက်များနှင့် ပြည့်စုံသော အထူးကုဆေးရုံကြီးများတွင်သာ ကုသမှု ခံယူသင့်ပါသည်။

  • အတွေ့အကြုံရှိသော ဘာသာရပ်စုံ ကျွမ်းကျင်ပညာရှင်အဖွဲ့များ ရှိခြင်း
  • စနစ်တကျ စောင့်ကြပ်ကြည့်ရှုနိုင်မည့် စနစ်များ ရှိခြင်း
  • ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများကို ချက်ချင်း စီမံခန့်ခွဲနိုင်စွမ်း ရှိခြင်း

BiTE အဆင့်မြင့် ကိုယ်ခံအားသုံး ကင်ဆာကုထုံး ဖြင့် ကုသနိုင်သော ရောဂါအခြေအနေများ

ပုံမှန်ကုသမှု နည်းလမ်းများဖြင့် ထိရောက်မှု မရှိတော့သည့် အခြေအနေတွင် အောက်ပါ ရောဂါဝေဒနာရှင်များအတွက် BiTE ကုထုံးကို ထည့်သွင်းစဉ်းစားနိုင်ပါသည် –

  • Acute lymphoblastic leukemia (သွေးကင်ဆာ)
  • Lymphoma (ပြန်ရည်ကျိတ်ကင်ဆာ)
  • ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) plasma cell cancer (Multiple myeloma)
  • အဆုတ်ကင်ဆာ (Lung cancer)
  • မှဲ့ကင်ဆာ (Melanoma)

ဝေ့ဌာနီ ကင်ဆာဌာန (Vejthani Life Cancer Center) BiTE ကုထုံးကို အဆင့်သင့် အသုံးပြုနိုင်မှု

BiTE ကုထုံးကို အောင်မြင်စွာ ကုသပေးနိုင်ရန်အတွက် ဆေးရုံ၏ အဆင့်သင့်ဖြစ်မှု အနေအထားသည် အလွန်အရေးကြီးပါသည်။ ဝေ့ဌာနီ ကင်ဆာဌာနတွင် အောက်ပါအချက်များ ပါဝင်သော ဘက်စုံလွှမ်းခြုံသည့် လူနာဗဟိုပြု စနစ်တစ်ခုဖြင့် အဆင့်သင့် ပြင်ဆင်ထားရှိပါသည် –

  • အဆင့်မြင့် ကိုယ်ခံအားစနစ်သုံး ကုထုံးများတွင် ကျွမ်းကျင်သော ကင်ဆာအထူးကု ဆရာဝန်ကြီးများနှင့် သွေးရောဂါအထူးကု ဆရာဝန်ကြီးများ ရှိခြင်း။
  • ကင်ဆာအထူးကု၊ သွေးရောဂါအထူးကု၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်နှင့် ပံ့ပိုးကူညီမှုဆိုင်ရာ ကျွမ်းကျင်သူများ ပူးပေါင်းပါဝင်သော အထူးပြု ဘာသာရပ်စုံအဖွဲ့များ ထားရှိခြင်း။
  • ဘေးအန္တရာယ်ကင်းရှင်းမှု၊ တိကျမှုနှင့် ကုသမှုစဉ်ဆက်မပြတ်မှုတို့ရှိစေရန် နိုင်ငံတကာအဆင့်မီ ကုသမှုလမ်းညွှန်ချက် (Clinical pathways) များအတိုင်း စနစ်တကျ ရေးဆွဲဆောင်ရွက်ခြင်း။
  • ဘေးထွက်ဆိုးကျိုးများကို စောစီးစွာ သိရှိနိုင်ရန်နှင့် ရေရှည်ကုသမှု ရလဒ်ကောင်းများရရှိရန်အတွက် လူနာကို အမြဲမပြတ် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် စနစ်တကျ နောက်ဆက်တွဲ ပြန်လည်စစ်ဆေးခြင်းများ ပြုလုပ်ခြင်း။

အဆိုပါ အရည်အသွေးများနှင့်အတူ လူနာတိုင်း ဘေးကင်းထိရောက်ပြီး မိမိနှင့်အသင့်တော်ဆုံးဖြစ်မည့် ကင်ဆာကုသမှုကို ကမ္ဘာ့အဆင့်မီ ရရှိနိုင်စေရန် အာမခံချက်ပေးထားပြီး၊ ၎င်းမှာ အဆင့်မြင့်ကုသမှုများ ပေးစွမ်းနိုင်ရန်ဟူသော ဝေ့ဌာနီဆေးရုံ၏ ရည်မှန်းချက်ကို ဖော်ပြနေခြင်း ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသည်များကို ဆက်သွယ်ရန်-
ကင်ဆာရောဂါအထူးကုဌာန၊ ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီး
ဖုန်း – 02-734-0000, လိုင်းခွဲ 2720, 2721
မြန်မာဘာသာဖြင့်ဆက်သွယ်ရန် – (+66)63-853-2447

Medically Reviewed by

DR. ITSARA ANONGJANYA
DR. ITSARA ANONGJANYA

Internal Medicine

Hematology

DR. AISSARAPONG SIRICHAVAROJ
DR. AISSARAPONG SIRICHAVAROJ

Internal Medicine

Oncology

Readers’ Rating

5.0 out of 5 stars (based on 2 reviews)