အဆုတ်သွေးလွှတ်ကြောအဆို့ရှင် ပိတ်ဆို့ခြင်း

အကျဉ်းချုပ်အကြောင်းအရာ

အဆုတ်သွေးလွှတ်ကြောအဆို့ရှင် ပိတ်ဆို့ခြင်းရောဂါသည် နှလုံးမှအဆုတ်သို့ သွေးစီးဆင်းမှုကို ခွင့်ပြုပေးသော အဆို့ရှင် ပုံမှန်မဟုတ်ဘဲ ဖြစ်တည်လာခြင်းကြောင့် ဖြစ်ပွားပါသည်၊၊ ထိုနေရာတွင် တစ်ရှူးများ အလွန်အကျွံ ဖုံးအုပ်ပိတ်ဆို့နေသဖြင့် အဆို့ရှင်သည် လုံးဝပွင့်နိုင်ခြင်း သို့မဟုတ် ပိတ်နိုင်ခြင်း မရှိတော့ပါ၊၊ အဆုတ်သို့ သွေးရောက်ရှိမှု နည်းပါးခြင်းသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရရှိမှု နည်းပါးခြင်းကို ဖြစ်စေပါသည်၊၊

ယေဘုယျအားဖြင့် ဤမွေးရာပါ နှလုံးရောဂါသည် အသက်အန္တရာယ်ရှိပြီး ကလေးမွေးဖွားချိန်မှစ၍ ရောဂါရှာဖွေတွေ့ရှိနိုင်ပါသည်၊၊ မွေးကင်းစကလေးငယ်များတွင် အဆုတ်သို့ သွေးစီးဆင်းနိုင်ရန် အခြားသော သဘာဝနှလုံးလမ်းကြောင်းများ ရှိနေတတ်ပါသည်၊၊ ဤလမ်းကြောင်းများသည် မိခင်ဝမ်းဗိုက်အတွင်းရှိစဉ် ကလေးအတွက် အရေးကြီးသော်လည်း များသောအားဖြင့် မွေးဖွားပြီးသည်နှင့် ချက်ချင်းပိတ်သွားတတ်ပါသည်၊၊

ဤရောဂါသည် ခန္ဓာကိုယ်အတွင်း လုံလောက်သော အောက်ဆီဂျင် ပို့ဆောင်မှုကို ကန့်သတ်လိုက်သဖြင့် ကလေးငယ်၏ အရေပြားအရောင်မှာ ပြာနှမ်းနေတတ်ပြီး နှလုံးလုပ်ဆောင်ချက် ကောင်းမွန်လာစေရန် ဆေးဝါးများ သို့မဟုတ် ခွဲစိတ်မှုဖြင့် ကုသရန် လိုအပ်ပါသည်၊၊

ရောဂါလက္ခဏာများ

ဤရောဂါရှိသော ကလေးငယ်များသည် မွေးဖွားပြီးပြီးချင်းတွင် လက္ခဏာများ ပြတတ်ပါသည်၊၊ ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

  • အရေပြားအရောင် ပြာနှမ်းခြင်း သို့မဟုတ် မီးခိုးရောင်ဖြစ်ခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • နုံးချိခြင်း သို့မဟုတ် အားအင်ကုန်ခမ်းခြင်း
  • နို့တိုက်ရာတွင် အခက်အခဲရှိခြင်း

အခြေအနေအများစုတွင် ကလေးမွေးဖွားပြီးနောက် ဆရာဝန်က ဤရောဂါကို ချက်ချင်းသိရှိနိုင်ပါသည်၊၊ အကယ်၍ ကလေးငယ်သည် အိမ်သို့ရောက်ရှိပြီးမှ လက္ခဏာများ စတင်ပြသလာပါက ဆေးကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ပါသည်၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း နှလုံး၏ လုပ်ဆောင်ချက်ကို သိရှိခြင်းဖြင့် ဤရောဂါ မည်သို့ဖြစ်ပေါ်သည်ကို နားလည်နိုင်ပါသည်၊၊

နှလုံးအလုပ်လုပ်ပုံ-

နှလုံးတွင် အခန်း (၄) ခန်းရှိပြီး ခန္ဓာကိုယ်အနှံ့သို့ သွေးညှစ်ထုတ်ပေးရန် လုပ်ဆောင်ပါသည်၊၊ အဆုတ်သွေးလွှတ်ကြောများသည် နှလုံးညာဘက်အခန်းများမှ သွေးကို အဆုတ်သို့ ပို့ဆောင်ပေးပါသည်၊၊ အဆုတ်သွေးပြန်ကြောများသည် အဆုတ်မှ အောက်ဆီဂျင်ရရှိလာသော သွေးများကို နှလုံးဘယ်ဘက်အခန်းများသို့ ပြန်လည်ပို့ဆောင်ပေးပါသည်၊၊ ထို့နောက် အောက်ဆီဂျင်ကြွယ်ဝသော ထိုသွေးများကို ပင်မသွေးလွှတ်တော်ကြီးမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ညှစ်ထုတ်ပေးပါသည်၊၊ သွေးသည် နှလုံးအဆို့ရှင်များ၏ အဖွင့်အပိတ်ဖြင့် နှလုံးခုန်နှုန်းနှင့်အညီ လမ်းကြောင်းတစ်ခုတည်းသို့ စီးဆင်းပါသည်၊၊

ဤရောဂါရှိသူများတွင် အဆုတ်သွေးလွှတ်ကြောအဆို့ရှင်မှာ ကောင်းမွန်စွာ ဖြစ်တည်မလာသဖြင့် နှလုံးညာဘက်အောက်ခန်းမှ အောက်ဆီဂျင်ယူရန် အဆုတ်သို့ သွေးညှစ်ထုတ်ပေးနိုင်ခြင်း မရှိပါ၊၊

မိခင်ဝမ်းဗိုက်အတွင်းရှိစဉ်တွင် ကလေးငယ်သည် အဆုတ်မှတစ်ဆင့်မဟုတ်ဘဲ အချင်းမှတစ်ဆင့် အောက်ဆီဂျင်ရရှိသဖြင့် ပုံမှန်မဟုတ်သော အဆို့ရှင်ကြောင့် အသက်အန္တရာယ် မရှိနိုင်သေးပါ၊၊

နှလုံးညာဘက်ခြမ်းသည် လက်ခံရရှိသော သွေးများကို နှလုံးအပေါ်ခန်းနှစ်ခုကြားရှိ အပေါက်ငယ်မှတစ်ဆင့် စီးဆင်းစေပါသည်၊၊ ထို့နောက် အောက်ဆီဂျင်ပါသောသွေးများကို ခန္ဓာကိုယ်အနှံ့သို့ ညှစ်ထုတ်ပေးပါသည်၊၊

မွေးဖွားပြီးနောက်တွင် အဆုတ်သည် ခန္ဓာကိုယ်သို့ အောက်ဆီဂျင်ပေးရန် တာဝန်ယူရသဖြင့် ဤရောဂါရှိသော နှလုံးသည် အဆုတ်သို့ သွေးပို့ရန် အခြားလမ်းကြောင်းကို အသုံးပြုရပါသည်၊၊ အပေါ်ခန်းကြားရှိ အပေါက်ငယ်မှာ မွေးဖွားပြီးနောက် သဘာဝအတိုင်း ပိတ်သွားတတ်သော်လည်း ဤရောဂါကြောင့် ထိုအပေါက်မှာ မပိတ်ဘဲ ပွင့်နေနိုင်ပါသည်၊၊

မွေးကင်းစကလေးငယ်များတွင် ပင်မသွေးလွှတ်တော်ကြီးနှင့် အဆုတ်သွေးလွှတ်ကြောကို ဆက်သွယ်ပေးထားသော သွေးကြောလမ်းကြောင်းတစ်ခု ရှိပါသည်၊၊ ၎င်းသည် အောက်ဆီဂျင်နည်းသော သွေးများကို အဆုတ်သို့ ပို့ဆောင်ပေးရန် လုပ်ဆောင်ပါသည်၊၊ ထိုလမ်းကြောင်းသည် မွေးဖွားပြီးနောက် သဘာဝအတိုင်း ပိတ်သွားတတ်သော်လည်း ၎င်းကို ဆက်လက်ပွင့်နေစေရန် ဆေးဝါးများဖြင့် ထိန်းထားနိုင်ပါသည်၊၊

အချို့ကလေးငယ်များတွင် အဆို့ရှင်ပိတ်ခြင်းအပြင် နှလုံးအောက်ခန်းနှစ်ခုကြား နံရံတွင် အပေါက်ပါခြင်းလည်း တွဲဖြစ်တတ်ပါသည်၊၊ ထိုအပေါက်သည် ညာဘက်အောက်ခန်းမှ သွေးများကို ဘယ်ဘက်အောက်ခန်းသို့ စီးဆင်းစေပါသည်၊၊ ဤသို့ ရောဂါနှစ်မျိုးတွဲဖြစ်သူများတွင် အဆုတ်နှင့် သွေးလွှတ်တော်ဆိုင်ရာ ပြဿနာများစွာ ရှိနေတတ်ပါသည်၊၊

နှလုံးအောက်ခန်းကြားနံရံ အပေါက်မပါဘဲ အဆို့ရှင်ပိတ်နေသော ရောဂါသည် မွေးဖွားခြင်းမပြုမီ နှလုံးညာဘက်အောက်ခန်းသို့ သွေးလုံလောက်စွာ မရောက်ရှိသဖြင့် ထိုအခန်းမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးမလာခြင်းကို ဖြစ်စေပါသည်၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

အတိအကျ အကြောင်းရင်းကို မသိရသော်လည်း မွေးရာပါ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေသော အချက်များမှာ-

  • မိဘများတွင် မွေးရာပါ နှလုံးရောဂါ ရှိခြင်း
  • မိခင်သည် ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန် အလွန်အကျွံ များနေခြင်း
  • ကိုယ်ဝန်ဆောင်စဉ် အပါအဝင် ဆေးလိပ်သောက်သည့် ရာဇဝင်ရှိခြင်း
  • မိခင်တွင် ဆီးချိုရောဂါရှိသော်လည်း မကုသဘဲ သို့မဟုတ် မထိန်းသိမ်းဘဲ ထားခြင်း
  • မိခင်သည် ကိုယ်ဝန်ဆောင်စဉ် ဝက်ခြံပျောက်ဆေးကဲ့သို့သော အချို့ဆေးဝါးများကို သောက်သုံးခြင်း

ရောဂါရှာဖွေခြင်း

ဤရောဂါအတွက် စစ်ဆေးမှုများစွာ ရှိပါသည်၊၊ ၎င်းတို့မှာ-

  • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း။ ဤနည်းလမ်းသည် နှလုံးနှင့် အဆုတ်၏ အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို ဖော်ပြပေးသဖြင့် ဆေးဘက်ဆိုင်ရာအဖွဲ့မှ ရောဂါ၏ အတိုင်းအတာကို သိရှိနိုင်စေပါသည်၊၊
  • နှလုံးစက်လှိုင်းတိုင်းတာခြင်း။ ဤစစ်ဆေးမှုသည် နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် နှလုံးကြွက်သားများ ပုံမှန်မဟုတ်ဘဲ ဝန်ပိနေခြင်းတို့ကို သိရှိနိုင်ရန် ကူညီပေးပါသည်၊၊ ဆရာဝန်သည် နှလုံး၏ လျှပ်စစ်စီးဆင်းမှုကို စောင့်ကြည့်ရန် ရင်ဘတ်၊ လက် သို့မဟုတ် ခြေထောက်တို့တွင် အာရုံခံကိရိယာများ တပ်ဆင်၍ ကွန်ပျူတာမှတစ်ဆင့် ရလဒ်များကို ကြည့်ရှုခြင်း ဖြစ်ပါသည်၊၊
  • နှလုံးကို အသံလှိုင်းဖြင့် ပုံရိပ်ဖော်ခြင်း။ ဤသည်မှာ ရောဂါကို ရှာဖွေဖော်ထုတ်ရန် အဓိကနည်းလမ်းဖြစ်ပြီး အသံလှိုင်းများကို အသုံးပြု၍ လှုပ်ရှားနေသော နှလုံးပုံရိပ်များကို ဖော်ဆောင်ပေးပါသည်၊၊ မိခင်ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်တွင် ဤရောဂါရှိ၊ မရှိ သိရှိနိုင်ရန် ကိုယ်ဝန်ဆောင် အမျိုးသမီးအား ဤနည်းလမ်းဖြင့် စစ်ဆေးနိုင်ပါသည်၊၊
  • နှလုံးသွေးကြောအတွင်းသို့ ပိုက်ထည့်၍ စစ်ဆေးခြင်း။ ဤလုပ်ငန်းစဉ်တွင် ပိုက်ငယ်တစ်ခုကို လက် သို့မဟုတ် ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် နှလုံးသွေးလွှတ်တော်သို့ ထည့်သွင်းခြင်း ဖြစ်ပါသည်၊၊ ဓာတ်မှန်ပုံရိပ်များကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်ရစေရန် ဆေးရည်တစ်မျိုးကိုလည်း အသုံးပြုပါသည်၊၊

ကုသခြင်း

ရောဂါလက္ခဏာခံစားနေရသော ကလေးငယ်များသည် ဆေးကုသမှုကို ချက်ချင်းခံယူရန် လိုအပ်ပါသည်၊၊ ဆရာဝန်သည် ကလေးငယ်၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ခွဲစိတ်မှုအပါအဝင် သင့်လျော်သော ကုသမှုနည်းလမ်းကို ရွေးချယ်ပါလိမ့်မည်၊၊

ဆေးဝါးများ

ဆရာဝန်သည် ပင်မသွေးလွှတ်တော်ကြီးမှ အဆုတ်သွေးလွှတ်ကြောသို့ သွေးစီးဆင်းနိုင်ရန် သဘာဝသွေးကြောလမ်းကြောင်းကို မပိတ်သွားစေရန် ဆေးဝါးများ ပေးတတ်ပါသည်၊၊ ဤနည်းလမ်းမှာ ယာယီသာဖြစ်သော်လည်း ကလေးငယ်အတွက် အသင့်တော်ဆုံး ခွဲစိတ်မှု အမျိုးအစားကို ဆုံးဖြတ်ရန် ဆေးဘက်ဆိုင်ရာအဖွဲ့ကို အချိန်ရစေပါသည်၊၊

ခွဲစိတ်ခြင်း သို့မဟုတ် အခြားလုပ်ငန်းစဉ်များ

အချို့သောအခြေအနေများတွင် ပေါင်ခြံရှိ သွေးကြောကြီးမှတစ်ဆင့် ပိုက်ငယ်တစ်ခုထည့်သွင်းပြီး နှလုံးအထိ ပို့ဆောင်၍ ကုသနိုင်ပါသည်၊၊ ဤသို့ ပိုက်ငယ်အသုံးပြု၍ ကုသသော နည်းလမ်းများစွာ ရှိပါသည်၊၊ ၎င်းတို့မှာ-

  • နှလုံးအပေါ်ခန်းကြား နံရံကို ချဲ့ခြင်း။ ဤလုပ်ငန်းစဉ်သည် နှလုံးအပေါ်ခန်းနှစ်ခုကြားရှိ သဘာဝအပေါက်ငယ်ကို ပူဖောင်းအသုံးပြု၍ ချဲ့ရန် ရည်ရွယ်ပါသည်၊၊ ဤအပေါက်မှာ မွေးဖွားပြီးနောက် သဘာဝအတိုင်း ပိတ်သွားတတ်သော်လည်း ၎င်းကို ချဲ့ထားခြင်းဖြင့် အဆုတ်သို့ သွေးပိုမိုစီးဆင်းစေပါသည်၊၊
  • သွေးကြောအတွင်း အထောက်အကူပြုပိုက် ထည့်ခြင်း။ မွေးဖွားပြီးနောက် သဘာဝအတိုင်း ပိတ်သွားတတ်သော သွေးကြောလမ်းကြောင်းတွင် အထောက်အကူပြုပိုက်တစ်ခု ထည့်သွင်းထားခြင်းဖြင့် အဆုတ်သို့ သွေးစီးဆင်းမှုကို ကူညီပေးပါသည်၊၊ကလေးငယ်များတွင် ရောဂါဆက်ရှိနေပါက နှလုံးခွဲစိတ်မှု အကြိမ်ကြိမ် ခံယူရန် လိုအပ်နိုင်ပါသည်၊၊ ခွဲစိတ်မှု နည်းလမ်းများစွာ ရှိပြီး နှလုံးညာဘက်အောက်ခန်းနှင့် အဆုတ်သွေးလွှတ်ကြော၏ အရွယ်အစားပေါ် မူတည်၍ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါလိမ့်မည်၊၊
  • သွေးကြောလမ်းကြောင်းသစ် ဖန်တီးခြင်း။ ဆရာဝန်သည် နှလုံးမှသွေးလွှတ်သော ပင်မသွေးလွှတ်တော်နှင့် အဆုတ်သွေးလွှတ်ကြောတို့ကို ဆက်သွယ်ပေးသည့် လမ်းကြောင်းသစ်တစ်ခု ပြုလုပ်ပေးပါသည်၊၊ ၎င်းသည် အဆုတ်သို့ သွေးပိုမိုစီးဆင်းစေပါသည်၊၊ သို့သော် ကလေးငယ်မှာ လျင်မြန်စွာ ကြီးထွားလာသဖြင့် ဤနည်းလမ်းသည် လအနည်းငယ်သာ ထိရောက်မှု ရှိနိုင်ပါသည်၊၊
  • အဆုတ်သွေးလွှတ်ကြောနှင့် သွေးပြန်ကြောကို တိုက်ရိုက်ဆက်ခြင်း။ ဆရာဝန်သည် အဆုတ်သွေးလွှတ်ကြောကို နှလုံးသို့ သွေးပြန်ပို့သော သွေးကြောကြီးတစ်ခုနှင့် တိုက်ရိုက်ဆက်သွယ်ပေးပါသည်၊၊ နှလုံး၏ ညာဘက်ခြမ်းသည် အခြားသွေးကြောကြီးမှ သွေးများကို ဆက်လက်လက်ခံရရှိမည် ဖြစ်ပါသည်၊၊ ထို့နောက် သွေးများကို ခွဲစိတ်ပြုပြင်ထားသော အဆို့ရှင်မှတစ်ဆင့် ညှစ်ထုတ်ပေးခြင်းဖြင့် နှလုံးညာဘက်အောက်ခန်းကို ကြီးထွားလာစေရန် ကူညီပေးပါသည်၊၊
  • သွေးလမ်းကြောင်း လွှဲပြောင်းခြင်း။ ဤခွဲစိတ်မှုကို နှလုံးညာဘက်အောက်ခန်း သေးငယ်သူများအတွက် အကြံပြုပါသည်၊၊ ဆရာဝန်သည် နှလုံးသို့ စီးဝင်သော သွေးအားလုံးနီးပါးကို အဆုတ်သွေးလွှတ်ကြောသို့ တိုက်ရိုက်ရောက်ရှိစေရန် လမ်းကြောင်းတစ်ခု ပြုလုပ်ပေးပါလိမ့်မည်၊၊
  • နှလုံးအစားထိုးခြင်း။ ကုသ၍မရသော နှလုံးပျက်စီးမှုရှိသူများအတွက် ဆရာဝန်က နှလုံးအစားထိုးရန် အကြံပြုနိုင်ပါသည်၊၊

Doctors who treat this condition