သည်းခြေအိတ်ကျောက်တည်ခြင်း

အကျဉ်းချုပ်

သည်းခြေကျောက်များသည် အစာခြေအရည်များသည် သည်းခြေအိတ်အတွင်း စုစည်းကာ အစိုင်အခဲအဖြစ်မာကျောလာပြီး ကျောက်အဖြစ်ဖွံ့ဖြိုးဖြစ်ပေါ်လာသည်။ သည်းခြေအိတ်သည် ဝမ်းဗိုက်၏ ညာဘက်ခြမ်းရှိ အသည်းအောက်တွင် သစ်တော်သီးပုံသဏ္ဍာန် အင်္ဂါငယ်တစ်ခုအနေဖြင့် တည်ရှိသည်။ သည်းခြေသည် သည်းခြေအိတ်တွင် သိုလှောင်ထားပြီး အူသိမ်ထဲသို့ ထုတ်လွှတ်သည့် အစာခြေအရည်ဖြစ်သည်။

သည်းခြေကျောက်များ၏အရွယ်အစားသည် ဂေါက်သီးလုံးခန့်ထိကြီးနိုင်ပြီး သဲမှုန်ခန့်လောက်ထိ သေးငယ်နိုင်သည်။ အချို့လူများတွင် သည်းခြေကျောက်တစ်လုံးသာတည်တတ်သော်လည်း အချို့မှာ တစ်ချိန်ထဲတွင် သည်းခြေကျောက်များစွာရှိနေနိုင်သည်။

သည်းခြေကျောက်များသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားပြီး အသက် ၆၅ နှစ်ကျော်ရှိသူ၏ ၂၀% နှင့် အရွယ်ရောက်ပြီးသူများ၏ ၁၀% တွင်သည်းခြေကျောက်များရှိနေတတ်သည်။ ကုသမှုမှာ သည်းခြေကျောက်ရှိသူ၏ ၂၀% သာ ဆေးကုသမှုလိုအပ်နိုင်သည်။

ရောဂါလက္ခဏာပြသောသည်းခြေကျောက်ရှိသူများအတွက် သည်းခြေအိတ်ဖယ်ရှားခြင်းခွဲစိတ်မှုသည် ပုံမှန်အားဖြင့် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် သည်းခြေကျောက်များသည် ရောဂါလက္ခဏာများ မပြပါက ကုသရန်မလိုအပ်ပါ။

ရောဂါလက္ခဏာများ

သည်းခြေကျောက်များသည် လက္ခဏာလုံးဝမပြပဲရှိနေနိုင်သကဲ့သို့ သည်းခြေကျောက်သည် သည်းခြေပြွန်တွင်ပိတ်ဆို့နေခြင်းကြောင့် အောက်ပါလက္ခဏာများရှိနိုင်သည်

  • ဝမ်းဗိုက်အပေါ်ညာဘက်ခြမ်းတွင် ရုတ်တရက် လျင်မြန်စွာဖြစ်ပေါ်လာသော နာကျင်ခြင်း
  • ရင်ဘတ်ရိုးအောက်၊ ဝမ်းဗိုက်အလယ်တွင် ရုတ်တရက်စူးရှပြီး လျင်မြန်စွာ နာကျင်မှုပြင်းထန်လာခြင်း
  • ပခုံးကျောရိုးအလယ်ဗဟိုတွင် ကျောနာခြင်း
  • ညာဘက်ပခုံးနာကျင်ခြင်း
  • မူးခြင်း၊ ပျို့အန်ခြင်း

သည်းခြေကျောက်ကြောင့် နာကျင်မှုသည် မိနစ်အနည်းငယ်မှ နာရီအနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။

ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် သွားရောက်ပြသရန် စီစဉ်ပါ။ သို့သော် သည်းခြေကျောက်၏ နောက်ဆက်တွဲပြဿနာများ၏ လက္ခဏာများ ခံစားရပါက ချက်ချင်းဆေးကုသမှုခံယူပါ-

  • ချမ်းတုန်ပြီး အဖျားတက်ခြင်း
  • ဗိုက်အလွန်အမင်းနာကျင်မှုကြောင့် ငြိမ်ငြိမ်မထိုင်နိုင်ခြင်း သို့မဟုတ် သက်တောင့်သက်သာရှိသော အနေအထားကို ရှာမတွေ့နိုင်ခြင်း
  • အရေပြားနှင့် မျက်လုံးများ၏ အဖြူရောင်အပိုင်းတွင် အဝါရောင်ပြောင်းလဲခြင်း (အသားဝါခြင်း)

အကြောင်းရင်းများ

သည်းခြေကျောက်ဖြစ်ပေါ်ရသည့် အကြောင်းရင်းအတိအကျကို မသိရှိရသေးပါ။ ဆရာဝန်များ၏ အဆိုအရ သည်းခြေကျောက်များသည် အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်လာနိုင်သည်-

  • သည်းခြေတွင် ကိုလက်စထရောအဆီဓာတ် အလွန်အကျွံပါဝင်ခြင်း။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ရှိ သည်းခြေရည်တွင် အသည်းမှ စွန့်ထုတ်သော ကိုလက်စထရောအဆီဓာတ်ကို ချေဖျက်ရန် လုံလောက်သည်။ သို့သော် သင့်အသည်းသည် သင့်သည်းခြေရည် ဖျောင်နိုင်သည်ထက်ပိုသော ကိုလက်စထရောကို ပိုမိုစွန့်ထုတ်ပါက အပိုကိုလက်စထရောသည် အခဲများဖြစ်လာပြီး နောက်ဆုံးတွင် ကျောက်များဖြစ်လာနိုင်သည်။
  • သည်းခြေရည်တွင် ဘီလီရူဘင်သည်းခြေဓာတ် အလွန်အကျွံပါဝင်ခြင်း။ ခန္ဓာကိုယ်သည် သွေးနီဥများကို ဖျက်ဆီးသောအခါ ဘီလီရူဘင်ဟုခေါ်သောသည်းခြေဓာတ်တစ်မျိုးကို ဖန်တီးသည်။ သင့်အသည်းသည် အသည်းခြောက်ခြင်း၊ သည်းခြေလမ်းကြောင်း ပိုးဝင်ခြင်းနှင့် သွေးရောဂါများကဲ့သို့သော အခြေအနေအချို့တွင် ဘီလီရူဘင်ဓာတ်ကို အလွန်အကျွံ ထုတ်လုပ်လာသည်။ ထိုကဲ့သို့ပိုလျှံနေသောဘီလီရူဘင်ဓာတ်သည် သည်းခြေကျောက်တည်ရန် ပိုပြီးဖြစ်ပေါ်စေသည်။
  • သည်းခြေအိတ်၏ စွန့်ထုတ်မှုမကောင်းခြင်း။ သင့်သည်းခြေအိတ်သည် သည်းခြေကိုအပြည့်အဝမစွန့်ထုတ်ခြင်း သို့မဟုတ် မကြာခဏ အကြိမ်ရေလုံလောက်စွာ မစွန့်ထုတ်ပါက သည်းခြေသည် အလွန်စုပုံလာနိုင်ပြီး ထိုမှတစ်ဆင့် သည်းခြေကျောက်တည်ခြင်းကို ဖြစ်စေနိုင်သည်။

သည်းခြေကျောက် အမျိုးအစားများ

သည်းခြေအိတ်တွင် ဖြစ်ပွားနိုင်သော သည်းခြေကျောက် အမျိုးအစားများသည် အောက်ပါအတိုင်းဖြစ်သည်။

  • အရောင်ရှိသော သည်းခြေကျောက်။ သင့်သည်းခြေတွင် ဘီလီရူဘင်ဓာတ် အလွန်အကျွံ ရှိပါက အညိုရောင် သို့မဟုတ် အနက်ရောင် ကျောက်များ ဖြစ်ပွားနိုင်သည်။
  • ကိုလက်စထရော သည်းခြေကျောက်။ သည်းခြေကျောက်၏ အဖြစ်အများဆုံး ပုံစံဖြစ်သော ကိုလက်စထရော သည်းခြေကျောက်သည် မကြာခဏ အဝါရောင်ရှိသည်။ ဤသည်းခြေကျောက်များသည် အဓိကအားဖြင့် မပျော်ဝင်သော ကိုလက်စထရောဖြင့် ဖွဲ့စည်းထားပြီး အခြားပစ္စည်းများလည်း ပါဝင်နိုင်သည်
  • ကျား/မ: အမျိုးသမီးများသည် အမျိုးသားများထက် သည်းခြေကျောက်ပိုတည်နိုင်ခြေရှိသည်။
  • အသက်အရွယ်: အသက် ၄၀ နှစ် သို့မဟုတ် ၄၀ထက်ကြီးသောသူများ
  • လူမျိုး : နေးတစ်အမေရိကန် သို့မဟုတ် မက္ကဆီကန်ဇာတိဖြစ်သော ဟစ်စပန်းနစ်လူမျိုးများ
  • အဝလွန်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်များခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • လှုပ်ရှားမှုနည်းပါးသောနေထိုင်မှုပုံစံများ
  • အဆီများသော၊ ကိုလက်စထရောများသော သို့မဟုတ် အမျှင်ဓာတ်နည်းသော အစားအစာများ စားသုံးခြင်း
  • မိသားစုရာဇဝင် – သည်းခြေကျောက်တည်ဖူးသော မိသားစုများရှိခြင်း
  • အသည်းရောဂါရှိခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • သွေးအားနည်းရောဂါ သို့မဟုတ် သွေးကင်ဆာကဲ့သို့သော သွေးရောဂါများရှိခြင်း
  • ရုတ်တရက်ကိုယ်အလေးချိန်ကျဆင်းသွားခြင်း
  • ကိုယ်ဝန်တားဆေးသောက်ဆေးများ သို့မဟုတ် ဟော်မုန်းကုထုံးဆေးဝါးများကဲ့သို့သော အီစထရိုဂျင်ပါဝင်သော ဆေးဝါးများ သုံးစွဲခြင်း။

ရောဂါရှာဖွေခြင်း

သည်းခြေအိတကျောက်တည်ခြင်း (Gallstones) နှင့် ၎င်း၏ နောက်ဆက်တွဲ ပြဿနာများကို ရောဂါရှာဖွေအတည်ပြုရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်လေ့ရှိပါသည်။

  • ဝမ်းဗိုက် အာထရာဆောင်းရိုက်ခြင်း (Abdominal ultrasound): သည်းခြေကျောက် လက္ခဏာများကို ရှာဖွေရာတွင် အသုံးအများဆုံး စစ်ဆေးမှု ဖြစ်ပါသည်။ transducer ဟုခေါ်သော ကိရိယာလေးကို သင့်ဝမ်းဗိုက်ပေါ်တွင် ရှေ့နောက်ရွှေ့လျား၍ စစ်ဆေးခြင်းဖြစ်ပြီး၊ ကွန်ပျူတာမှတစ်ဆင့် သင့်ဝမ်းဗိုက်အတွင်းရှိ အင်္ဂါရပ်များကို ပုံရိပ်ဖော်ပေးပါသည်။
  • မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း (Endoscopic ultrasound – EUS): ဝမ်းဗိုက်အာထရာဆောင်းဖြင့် ရှာမတွေ့နိုင်သော သေးငယ်သည့် ကျောက်များကို ရှာဖွေရာတွင် ဤနည်းလမ်းကို အသုံးပြုပါသည်။ ပါးစပ်မှတစ်ဆင့် အစာခြေလမ်းကြောင်းအတွင်းသို့ endoscope ဟုခေါ်သော ပျော့ပျောင်းသည့် ပြွန်ငယ်လေးကို ထည့်သွင်း၍ စစ်ဆေးခြင်း ဖြစ်ပါသည်။ ပြွန်အတွင်းရှိ သေးငယ်သော transducer လေးက အနီးနားရှိ တစ်သျှူးများကို တိကျသော ပုံရိပ်များ ဖော်ထုတ်ပေးပါသည်။
  • အခြားသော ပုံရိပ်ဖော်စစ်ဆေးမှုများ: အခြားပြုလုပ်နိုင်သည့် စစ်ဆေးမှုများမှာ ပါးစပ်မှတစ်ဆင့် ဆေးသောက်၍ သည်းခြေအိတ်ကို ဓာတ်မှန်ရိုက်ခြင်း (Oral cholecystography)၊ သည်းခြေလမ်းကြောင်း ပုံရိပ်ဖော်စစ်ဆေးခြင်း (HIDA scan)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန်ဖြင့် သည်းခြေနှင့် ပန်ကရိယလမ်းကြောင်းကို ပုံရိပ်ဖော်ခြင်း (MRCP) သို့မဟုတ် မှန်ပြောင်းဖြင့် သည်းခြေနှင့် ပန်ကရိယလမ်းကြောင်းကို ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (ERCP) တို့ဖြစ်ကြသည်။ ERCP နည်းလမ်းဖြင့် စစ်ဆေးစဉ် သည်းခြေကျောက်များကို တွေ့ရှိပါက တစ်ပါတည်း ဖယ်ထုတ်နိုင်ပါသည်။
  • သွေးစစ်ခြင်း (Blood tests): သွေးစစ်ခြင်းအားဖြင့် ပိုးဝင်ခြင်း၊ အသားဝါခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) နှင့် သည်းခြေကျောက်ကြောင့် ဖြစ်ပေါ်တတ်သော အခြားပြဿနာများကို သိရှိနိုင်ပါသည်

ကုသခြင်း

သည်းခြေကျောက်တည်သူ အများစုသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြပါက ဆေးကုသမှု ခံယူရန် မလိုအပ်ပါ။ သင့်တွင် ခံစားနေရသော လက္ခဏာများနှင့် ရောဂါရှာဖွေစစ်ဆေးချက် ရလဒ်များပေါ် မူတည်၍ ကုသမှု လိုအပ်ခြင်း ရှိ၊ မရှိကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မည်။

ဗိုက်၏ ညာဘက်အပေါ်ပိုင်း အောင့်ခြင်းကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများကို ဂရုတစိုက် စောင့်ကြည့်ရန် ဆရာဝန်က အကြံပြုနိုင်ပြီး၊ နောင်တွင် လက္ခဏာများ ပေါ်ပေါက်လာပါက ကုသမှု ခံယူနိုင်ပါသည်။

သည်းခြေကျောက်ကို ကုသနိုင်သော နည်းလမ်းများမှာ –

  • သည်းခြေအိတ် ထုတ်ပစ်ခြင်း (Cholecystectomy): သည်းခြေကျောက်သည် များသောအားဖြင့် ပြန်လည်ဖြစ်ပွားတတ်သောကြောင့် ဆရာဝန်က သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားရန် အကြံပြုနိုင်ပါသည်။ သည်းခြေအိတ်ကို ထုတ်လိုက်ပြီးနောက် သည်းခြေရည်များသည် သည်းခြေအိတ်ထဲတွင် သိုလှောင်ထားရန် မလိုတော့ဘဲ အသည်းမှတစ်ဆင့် အူသိမ်အတွင်းသို့ တိုက်ရိုက် စီးဆင်းသွားမည် ဖြစ်ပါသည်။

သည်းခြေအိတ် ထုတ်လိုက်ခြင်းက သင့်အစာခြေစနစ်နှင့် အသက်ရှင်သန်မှုကို မထိခိုက်စေသော်လည်း ယာယီအားဖြင့် ဝမ်းလျှောခြင်း ဖြစ်ပေါ်နိုင်ပါသည်။

  • သည်းခြေကျောက်ပျော်ဆေးများ: သောက်ဆေးများ အသုံးပြု၍ သည်းခြေကျောက်များကို အရည်ပျော်စေနိုင်ပါသည်။ သို့သော် ဤနည်းလမ်းဖြင့် ကျောက်များ အမြစ်ပြတ်ရန် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး ဆေးဖြတ်လိုက်ပါက ကျောက်များ ပြန်လည်ဖြစ်ပေါ်လာနိုင်ပါသည်။

ထို့ပြင် အချို့တွင် ဆေးအာနိသင် မထိရောက်သောကြောင့် ဤဆေးများကို ခွဲစိတ်မှု မပြုလုပ်နိုင်သူများအတွက်သာ အဓိက အသုံးပြုလေ့ရှိပါသည်။

Doctors who treat this condition