အကျဉ်းချုပ်

အူယောင်ငန်းဖျားရောဂါဟု လူသိများသောဆယ်လ်မိုနဲလားပိုးကူးစက်ခံရခြင်းရောဂါသည် အစာအိမ်နှင့်အူလမ်းကြောင်းကို ထိခိုက်စေသော ဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်သည်။ ဆယ်လ်မိုနဲလားဘက်တီးရီးယားသည် တိရစ္ဆာန်များနှင့် လူသားများ၏ အူလမ်းကြောင်းတွင် အများအားဖြင့်နေထိုင်ပြီး ၎င်းတို့ကို မစင်မှတစ်ဆင့် စွန့်ထုတ်လေ့ရှိသည်။ လူများတွင် အများဆုံးကူးစက်ခြင်းမှာ ပိုးရှိသောရေ သို့မဟုတ် အစားအစာရင်းမြစ်များမှတစ်ဆင့် ဖြစ်ပွားလေ့ရှိသည်။

အချို့လူများတွင် ရောဂါလက္ခဏာမပြသော်လည်း လူအများစုသည် ရောဂါပိုးနှင့်ထိတွေ့ပြီး ၈ နာရီမှ ၇၂ နာရီအတွင်း ဝမ်းလျှောခြင်း၊ ဖျားခြင်းနှင့် ဝမ်းဗိုက်အောင့်ခြင်းတို့ကို ခံစားရလေ့ရှိသည်။ ပုံမှန်ကျန်းမာသောလူအများစုသည် ဆေးကုသမှုမလိုအပ်ဘဲ ရက်အနည်းငယ်မှ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြသည်။

သို့သော် ဝမ်းလျှောခြင်းကြောင့် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်ပွားနိုင်ပြီး ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်နိုင်သည်။ ထို့အပြင် ပိုးဝင်ခြင်းသည် အူလမ်းကြောင်းပြင်ပသို့ ပျံ့နှံ့သွားပါက အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ သန့်ရှင်းသောသောက်သုံးရေနှင့် သင့်လျော်သော မိလ္လာစွန့်ပစ်စနစ်များ မရှိသော ဒေသများသို့ ခရီးသွားသည့်အခါ ဆယ်လ်မိုနဲလားရောဂါပိုးကူးစက်ခံရနိုင်ခြေ မြင့်မားသည်။

လက္ခဏာများ

အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရခြင်းသည် အစိမ်း သို့မဟုတ် ကျက်အောင်မချက်ပြုတ်ထားသော အသား၊ ကြက်၊ ကြက်ဥ သို့မဟုတ် ပိုးသတ်မထားသောနို့ကို စားသုံးခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည်။ ထိတွေ့မှုမှ ရောဂါစတင်ခြင်းအထိ ရောဂါပျိုးချိန်သည် ၆ နာရီမှ ၆ ရက်အထိ ကွဲပြားနိုင်သည်။ အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရသူများသည် ၎င်းတို့၏ ရောဂါလက္ခဏာများကို အစာအိမ်တုပ်ကွေးနှင့် ရောထွေးသွားတတ်သည်။

အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရခြင်းဟုယူဆရသော လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-

  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းလျှောခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းဗိုက်နာကျင်ကိုက်ခဲခြင်း
  • ဝမ်းထဲတွင် သွေးပါခြင်း

အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရခြင်း၏ ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် ရက်အနည်းငယ်မှ တစ်ပတ်အထိ ကြာရှည်တတ်သည်။ ဝမ်းလျှောခြင်းသည် ၁၀ ရက်အထိ ကြာရှည်နိုင်သော်လည်း ဝမ်းသွားခြင်းသည်ပုံမှန်ပြန်ဖြစ်လာရန် လပေါင်းများစွာ ကြာနိုင်သည်။

အူယောင်ငန်းဖျားရောဂါဘက်တီးရီးယား မျိုးကွဲအချို့သည် တိုက်ဖွိုက်အဖျားကို ဖြစ်စေနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပိုမိုအဖြစ်များသော အသက်အန္တရာယ်ရှိသော ရောဂါတစ်ခုဖြစ်သည်။

အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရသူ အများစုသည် ဆေးကုသမှု မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အတွင်း သူ့အလိုလို ပျောက်ကင်းသွားသောကြောင့်ဖြစ်သည်။ သို့သော် ရောဂါခံစားနေရသူသည် မွေးကင်းစ၊ကလေးငယ်၊သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်ခံအားစနစ် ချို့ယွင်းနေသူတစ်ဦးဖြစ်ပါက၊ အောက်ပါရောဂါရှိပါက ဆရာဝန်နှင့် ဆက်သွယ်ရန် အကြံပြုလိုပါသည်-

  • အဖျားတက်ခြင်း သို့မဟုတ် သွေးပါသော ဝမ်းသွားခြင်း။
  • ဆီးအရောင်ရင့်ခြင်း၊ ဆီးသွားနည်းခြင်း၊ နှုတ်ခမ်းနှင့် လျှာခြောက်သွေ့ခြင်းကဲ့သို့သော ရေဓာတ်ခန်းခြောက်ခြင်းရောဂါလက္ခဏာများကို ဖြစ်စေခြင်း။
  • ရက်အနည်းငယ်အကြာတွင် မပျောက်ကင်းသွားခြင်း။

အကြောင်းရင်းများ

အူယောင်ငန်းဖျားရောဂါဘက်တီးရီးယားသည် လူသားများ၊ တိရစ္ဆာန်များနှင့် ငှက်များ၏ အူလမ်းကြောင်းတွင် နေထိုင်သည်။ လူသားများသို့အူယောင်ငန်းဖျားရောဂါကူးစက်ခြင်း၏ အဓိကနည်းလမ်းမှာ မစင်များပါဝင်မှုရှိနေသောအစားအစာ သို့မဟုတ် ရေကို စားသုံးခြင်းမှတစ်ဆင့်ဖြစ်သည်။

အစားအစာနှင့် ရေမသန့်ရှင်းခြင်း၊ပိုးပေါက်နေခြင်း

မသန့်ရှင်းသောအစားအစာများတွင် မကြာခဏအားဖြင့်အောက်ပါတို့ ပါဝင်သည်-

  • အပြည့်အဝမကျက်သောကြက်ဥများ- အကာအကွယ်အခွံရှိသော်လည်း၊ ပိုးကူးစက်ခံရသော ကြက်အချို့သည် ဥအခွံမဖွဲ့စည်းမီ အူယောင်ငန်းဖျားရောဂါပါဝင်သော ဥများကို ဥနိုင်သည်။ ကြက်ဥအစိမ်းများကို mayonnaise နှင့် hollandaise ဆော့စ်ကဲ့သို့သော အိမ်လုပ်အစားအစာများတွင် အများအားဖြင့် အသုံးပြုကြသည်။
  • ကျက်အောင် ချက်ပြုတ်မထားသော အသားများ၊ ကြက်သားများနှင့် ပင်လယ်စာများ- သားသတ်ခြင်းလုပ်ငန်းစဉ်အတွင်း မစင်များသည် အသားအစိမ်းနှင့် ကြက်သားအစိမ်းများနှင့် ထိတွေ့နိုင်သည်။ ညစ်ညမ်းနေသော ရေအရင်းအမြစ်များမှ ဖမ်းယူမိသော ပင်လယ်စာများသည်လည်း ပိုးရှိနေနိုင်သည်။
  • သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ- အချို့သော လတ်ဆတ်သော ထွက်ကုန်များ၊ အထူးသဖြင့် တင်သွင်းလာသော မျိုးကွဲများကို စိုက်ပျိုးခြင်း သို့မဟုတ် ပြုပြင်ခြင်းအတွင်း အူယောင်ငန်းဖျားရောဂါပိုးပါဝင်နေသောရေဖြင့် ရေလောင်းခြင်း သို့မဟုတ် ဆေးကြောခြင်း ပြုလုပ်မိနိုင်သည်။ အသားအစိမ်းများနှင့် ကြက်ငှက်များမှ အရည်များသည် အသုပ်များကဲ့သို့သော မချက်ပြုတ်ရသေးသော အစားအစာများနှင့် ထိတွေ့သောအခါ မီးဖိုချောင်အတွင်းတွင် ပိုးဝင်ခြင်းဖြစ်ပေါ်နိုင်သည်။
  • ပိုးသတ်မထားသော နို့ထွက်ပစ္စည်းများ- အပူပေးသည့် ပိုးသတ်လုပ်ငန်းစဉ်သည် အူယောင်ငန်းဖျားရောဂါအပါအဝင် အန္တရာယ်ရှိသော ဘက်တီးရီးယားများကို ဖယ်ရှားရန်အတွက် အရေးကြီးပါသည်။ ပိုးသတ်မထားသော နို့နှင့် နို့ထွက်ပစ္စည်းများ (နို့စိမ်း) တွင် အူယောင်ငန်းဖျားရောဂါဘက်တီးရီးယားများ ရှိနိုင်သည်။

သန့်ရှင်းစွာ မကိုင်တွယ်ထားသော အစားအစာ

အိမ်သာသုံးပြီးနောက်၊ အနှီးလဲပြီးနောက် သို့မဟုတ် မသန့်ရှင်းသောအစားအစာများကို ကိုင်တွယ်ပြီးနောက် လက်ကို သေချာစွာ မဆေးကြောသူများ ကိုင်တွယ်သောအခါ အစားအစာများစွာသည် ရောဂါပိုးဝင်ရောက်နိုင်သည်။

ပိုးရှိသောမျက်နှာပြင်များ

လူများသည် ပိုးရှိသောမျက်နှာပြင်များကို ထိကိုင်ပြီးနောက် ၎င်းတို့၏ လက်ချောင်းများကို ပါးစပ်ထဲသို့ ထည့်ပါက ရောဂါပိုး ကူးစက်နိုင်သည်။

အိမ်မွေးတိရစ္ဆာန်များနှင့် အခြားတိရစ္ဆာန်များကူးစက်ခံရခြင်း

တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ငှက်များနှင့် တွားသွားသတ္တဝါများသည် ၎င်းတို့၏ အမွေး၊ အရေပြား သို့မဟုတ် ၎င်းတို့၏ မစင်များတွင် အူယောင်ငန်းဖျားရောဂါဘက်တီးရီးယားများ ရှိနိုင်သည်။ ထို့အပြင်၊ အိမ်မွေးတိရစ္ဆာန် အစားအစာအချို့တွင် အူယောင်ငန်းဖျားရောဂါပိုးများပါဝင်နိုင်ပြီး တိရစ္ဆာန်များသို့ ရောဂါပိုး ကူးစက်နိုင်ခြေကို ဖြစ်စေနိုင်သည်။

အူယောင်ငန်းဖျားရောဂါပိုမိုဖြစ်ပွားစေလွယ်သောအချက်များ

အူယောင်ငန်းဖျားရောဂါပိုး ကူးစက်ခံရနိုင်ခြေကို မြင့်တက်စေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည်-

  • အူယောင်ငန်းဖျားရောဂါပိုးမွှားများနှင့် တိုက်ရိုက်ထိတွေ့စေသော အပြုအမူများ။
  • ရောဂါပိုးများ ပိုမိုကူးစက်ခံရနိုင်လွယ်သော ဆေးဘက်ဆိုင်ရာ အခြေအနေများ၊ရောဂါအရင်းခံများရှိခြင်း။

ရောဂါပိုးနှင့်ထိတွေ့မှု မြင့်တက်လာခြင်း

  • ပြည်ပခရီးသွားခြင်း။ သန့်ရှင်းရေး မလုံလောက်သော ဆင်းရဲသော နိုင်ငံများတွင် အူယောင်ငန်းဖျားရောဂါ အထူးသဖြင့် တိုက်ဖွိုက်အဖျားကို ဖြစ်စေသော ကူးစက်မှုများသည် ပိုမိုအဖြစ်များပါသည်။
  • တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်း၊ ထိတွေ့ခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်း။ အူယောင်ငန်းဖျားရောဂါဘက်တီးရီးယားများကို အချို့သော တိရစ္ဆာန်များတွင် အထူးသဖြင့် ငှက်များနှင့် တွားသွားသတ္တဝါများတွင် တွေ့ရှိနိုင်ပါသည်။ အမှိုက်ပုံးများ၊ လှောင်အိမ်များ၊ တိုင်ကီများနှင့် တိရစ္ဆာန်ခြံများတွင် အူယောင်ငန်းဖျားရောဂါပိုးများရှိနေနိုင်သည်။

အစာအိမ် သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ ရောဂါများကဲ့သို့သော အစာခြေစနစ်ဆိုင်ရာ ပြဿနာများ

ခန္ဓာကိုယ်တွင် အူယောင်ငန်းဖျားရောဂါကူးစက်မှုမှ ကာကွယ်ရန် ကာကွယ်ရေး အများအပြား ရှိပါသည်။ဥပမာအားဖြင့် အစာအိမ်အက်ဆစ်မြင့်မားမှုသည် အူယောင်ငန်းဖျားရောဂါဘက်တီးရီးယားမျိုးကွဲများစွာကို ပျက်စီးစေနိုင်သည်။ သို့သော် အချို့သောရောဂါများ သို့မဟုတ် ဆေးဝါးများသည် ဤအကာအကွယ်များကို ကျော်လွန်တားဆီးနိုင်သည်။

ဥပမာအနေဖြင့်၊ အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါ-

  • လက်ရှိပဋိဇီဝဆေးသုံးစွဲမှု။ ရလဒ်အနေဖြင့် သင့်အူလမ်းကြောင်းတွင် ကောင်းမွန်သောပုံမှန်ဘက်တီးရီးယားများ နည်းပါးနိုင်ပြီး အူယောင်ငန်းဖျားရောဂါကူးစက်မှုကို တွန်းလှန်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
  • အစာအိမ်အက်ဆစ်ပြေဆေးများ။ အစာအိမ်၏အက်ဆစ်ဓာတ်ကို လျှော့ချခြင်းသည် အူယောင်ငန်းဖျားရောဂါပိုးမွှားများ ပိုမိုရှင်သန်မှုကို မြှင့်တင်ပေးသည်။
  • အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါ။ ဤအခြေအနေသည် သင့်အူလမ်းကြောင်း၏ အတွင်းအလွှာကို ထိခိုက်ဒဏ်ရာရစေသောကြောင့် အူယောင်ငန်းဖျားရောဂါပိုးမွှားများ ပိုမိုလွယ်ကူစွာ ပျံ့နှံ့နိုင်သည်။

ကိုယ်ခံအားစနစ်နှင့်ပတ်သက်သော ပြဿနာများ

ဆေးဘက်ဆိုင်ရာရောဂါအချို့ သို့မဟုတ် ဆေးဝါးများသည် သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေခြင်းဖြင့် အူယောင်ငန်းဖျားရောဂါကူးစက်ခံရနိုင်ခြေကို မြင့်တက်စေပြီး ရောဂါပိုးများနှင့် ရောဂါများကို ခန္ဓာကိုယ်မှတိုက်ဖျက်နိုင်စွမ်းကို တားဆီးနိုင်သည်။

ဥပမာ

  • စတီးရွိုက်ဆေးဝါးများ
  • ကိုယ်တွင်းအင်္ဂါအစားထိုးပြီးနောက် အသုံးပြုသော ကိုယ်တွင်းခန္ဓာကိုယ်မှ ကိုယ်အင်္ဂါငြင်းပယ်မှုကို ရှောင်ရှားရန် သောက်သုံးရသောဆေးဝါးများ
  • လူ့ခုခံအားကျဆင်းမှုဗိုင်းရပ်စ် (HIV)
  • ငှက်ဖျားရောဂါ
  • သွေးအားနည်း sickle cell ‌ရောဂါ

ရောဂါရှာဖွေခြင်း

ကုသမှု

ကျန်းမာသော လူအများစုသည် သီးခြားဆေးကုသမှု မလိုအပ်ဘဲ ရက်အနည်းငယ်မှ တစ်ပတ်အတွင်း ပြန်လည်ကောင်းမွန်လာလေ့ရှိသည်။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် လုံလောက်သော အရည်သောက်သုံးမှုကို သေချာလုပ်ဆောင်စေခြင်းသည် ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

ရေဓာတ်ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းခြင်း

ဆယ်မိုနဲလားပိုးကူးစက်မှုကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၏ အန္တရာယ်ကို ကုသမှုသည် ခန္ဓာကိုယ်၏ ဆုံးရှုံးသွားသောရေဓာတ်များကို ထိန်းညှိပေးသည့် အရေးကြီးသော သတ္တုဓာတ်များကို ဆုံးရှုံးသွားသော အရည်များနှင့် အီလက်ထရိုလိုက်များကို ပြန်လည်ဖြည့်တင်းရန် အာရုံစိုက်ပါသည်။ ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းဖြစ်ရပ်များတွင် အရေးပေါ်ခန်းစောင့်ရှောက်မှု သို့မဟုတ် ဆေးရုံတက်ရန် လိုအပ်နိုင်ပြီး သွေးကြောထဲသို့ အရည်များကို တိုက်ရိုက်ထည့်သွင်းရန် လိုအပ်နိုင်ပါသည်။

ဆေးဝါးများ

အရည်များများသောက်သုံးရန် အကြံပြုခြင်းအပြင် ဆရာဝန်သည် သင့်ကို အောက်ပါတို့ကို အကြံပြုနိုင်ပါသည်-

  • ပဋိဇီဝဆေးများ- သင့်ဆရာဝန်က ဆယ်မိုနဲလားပိုး၊ ပြင်းထန်သောရောဂါပိုး သို့မဟုတ် အားနည်းသော ကိုယ်ခံအားစနစ်ကြောင့် သွေးကြောထဲသို့ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက ဘက်တီးရီးယားများကို ဖယ်ရှားရန် ပဋိဇီဝဆေးများကို ညွှန်ကြားနိုင်ပါသည်။ သို့သော် ပဋိဇီဝဆေးများသည် အူယောင်ငန်းဖျားရောဂါ ပိုးကူးစက်ခံရမှုအများစုအတွက် အသုံးမဝင်ပါ။ အမှန်မှာ၊ ၎င်းတို့သည် ပိုးသယ်ဆောင်သူအခြေအနေကို ကြာရှည်စေပြီး ပြန်လည်ကူးစက်ခံရခြင်း သို့မဟုတ် ပြန်လည်ဖြစ်ပွားခြင်းအန္တရာယ်ကို တိုးမြင့်စေနိုင်သည်။
  • ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ- loperamide ကဲ့သို့သော ဆေးဝါးများသည် ဝမ်းလျှောခြင်းနှင့်ဆက်စပ်သော ဗိုက်ကြွက်သားများတောင့်တင်းခြင်း တက်ခြင်းကို သက်သာစေနိုင်သည်။ သို့သော် ၎င်းတို့သည် အူယောင်ငန်းဖျားရောဂါ ပိုးကူးစက်ခံရခြင်းနှင့်ဆက်စပ်သော ဝမ်းလျှောခြင်းကိုလည်း ကြာရှည်စေနိုင်သည်။

မိမိကိုယ်ကိုဂရုစိုက်ခြင်း

သင့် အူယောင်ငန်းဖျားရောဂါပိုးကူးစက်ခံရမှုအတွက် ဆေးကုသမှုမလိုအပ်သော်လည်း၊ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့တွင် အဖြစ်များသော ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန် အရေးကြီးပါသည်။

  • ဝမ်းလျှောခြင်း၊ အန်ခြင်း သို့မဟုတ် ဖျားနာခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းကို ခံစားနေရသော ကလေးငယ်များနှင့် မွေးကင်းစကလေးများအတွက် ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ရေဓာတ်ခန်းခြောက်မှုအတွက် သောက်သုံးနိုင်သောဓါတ်ဆားရည်များကို အသုံးပြုရန် အကြံပြုထားသည်။ ဤဓါတ်ဆားရည်များကို သတ်မှတ်ထားသော အချိုးအစားများဖြင့် ဖော်စပ်ထားပြီး ခန္ဓာကိုယ်ရှိ ရေဓါတ်နှင့် ဆားဓါတ်များကို ပြန်လည်ဖြည့်တင်းရန် သောက်သုံးနိုင်သည်။
  • ရေဓာတ်ခန်းခြောက်ခြင်းကို အနည်းငယ်မှအတော်အသင့် ခံစားနေရသော အရွယ်ရောက်ပြီးသူများသည် အရည်များများသောက်သုံးခြင်းဖြင့် ဤလက္ခဏာများကြောင့်သက်သာစေနိုင်သည်။ သစ်သီးဖျော်ရည်နှင့် အချိုရည်များ သောက်သုံးခြင်းသည် ဝမ်းလျှောခြင်းကို ပိုမိုဆိုးရွားစေနိုင်သည်။

Doctors who treat this condition