Health Article

ဘယ်အချိန်မှာလေဖြတ်နိုင်သလဲ

Share:

WHO ရဲ့စာရင်းဇယားများအရ ၁၀ ရာခိုင်နှုန်း (သို့) ၅.၅ သန်း နီးပါး လေဖြတ်ခြင်းကြောင့် သေဆုံးရကြောင်း သိရှိရပါတယ်။ လေဖြတ်ရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံး ထဲက တစ်ခု အဖြစ်နေပါသေးတယ်။လေဖြတ်ခြင်းနှစ်မျိုးမှာ သွေးကြောကျဉ်း၊ပိတ်၍ လေဖြတ်ခြင်းနှင့်၊သွေးကြောပေါက်၍လေဖြတ်ခြင်းတို့ဖြစ်ပါတယ်။ 

သွေးကြောကျဉ်း၊ပိတ်၍ လေဖြတ်ခြင်း သည် အဖြစ်များပြီး သွေးတွင်းရှိကိုလက်စထရောများ ကြောင့် သွေးကြောကျဉ်းပြီး သွေးခဲခြင်းဖြစ်ပေါ်စေပါတယ်။ အဲဒီနောက် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေပါတယ်။ 

သွေးကြောပေါက်၍လေဖြတ်ခြင်း သွေးတွင်းဖိအားများခြင်းနှင့် သွေးတိုးခြင်းကြောင့် သွေးကြောပေါက်ခြင်း ဖြစ်ပေါ်ပြီး လေဖြတ်ခြင်း  ကိုဖြစ်စေပါတယ်။လူနာတော်တော်များများသည် သေဆုံးမှု ရာခိုင်နှုန်း ၅၀ လောက်မြင့်မားနိုင်ပြီး တစ်ချို့သူများတွင်တော့ မသန်စွမ်းခြင်းကဲ့သို့သော အခြေအနေကို ရောက်စေနိုင်ပါတယ်။ 

ယနေ့ လူများသည် ကုသခြင်းထက် ကာကွယ်ခြင်းကို ဦးစားပေးလာကြသည်။ ကျန်းမာရေးနှင့် မညီညွှတ်သော နေထိုင်ခြင်းသည် လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ကျန်းမာရေးအသိရှိသောသူများနှင့် မိသားစုအတွင်း လေဖြတ်ဖူးသော ရာဇဝင်ရှိပါက ပုံမှန် ဆေးစစ်ခြင်းတို့ကို ပြုလုပ်သင့်သည်။ Carotid Doppler Scan ဖြင့် လေဖြတ်ခြင်းဖြစ်လာနိုင်ခြင်းရှိ မရှိ ကြိုတင် စစ်ဆေးနိုင်ပါတယ်။  

Carotid သွေးကြောများသည် လည်ပင်းဘေး တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။ ဦးခေါင်းပိုင်းနှင့် လည်ပင်းသွားသော သွေးကြောများမှ တစ်ဆင့် ဦးနှောက်ကို သွေးထုတ်လွှတ်သည်။ ထိုသွေးကြောများကို ပိတ်ဆို့ခြင်းဖြစ်ပေါ်ပါက လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

သွေးကြောပိတ်ဆို့ခြင်းကို ဘယ်အရာကဖြစ်စေသလဲ? 

ကျွန်ုပ်တို့သည် အသက်ကြီးလာသည်နှင့်အမျှ သွေးကြောများတွင် သွေးဥမွှားများ၊ ကိုလက်စထရောများ၊ အခြားသောသွေးမှုန်းမွှားများဖြင့် ပြည့်လာတတ်ပါတယ်။ ထိုအရာများစုဆောင်းမှုများလာသောအခါ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ 

အောက်ဖော်ပြပါ လူများတွင် ပိုမိုဖြစ်နိုင်ပါတယ်- 

 

  • ဆေးလိပ်သောက်ခြင်း 
  • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း 
  • မကောင်းသောအဆီနှင့်ကိုလက်စထရောများသော အစားစာများ 
  • အဝလွန်ခြင်း 
  • ဆီးချိုသွေးချို 
  • သွေးဖိအားများခြင်း 
  • မျိုးရိုးဆိုင်ရာပြဿနာများ

 Carotid Doppler Scan ဆိုတာဘာလဲ? 

Carotid Doppler ကအာထရာဆောင်းကဲ့သို့ဖြစ်ပြီး သွေးကြောများကြားသွေးစီးဆင်းနေမှုကို ပြသပါတယ်။နာကျင်မှုမရှိဘဲ အသံလှိုင်းဖြင့် ပုံရိပ်ဖော်၍ သွေးကြောများစီးဆင်းနေမှုကို ကြည့်ရှုခြင်းဖြစ်ပါတယ်။ 

Carotid Doppler ကို carotid artery duplex scan, carotid ultrasound, vascular ultrasound, carotid artery Doppler sonography  ဟုလည်းခေါ်နိုင်ပါတယ်။ Carotid Doppler ကို Conventional Ultrasound နှင့် Doppler ultrasound နှစ်မျိုးပေါင်းစပ်ထားပါတယ်။  

Conventional Ultrasound
 

B-mode ဟုလည်းခေါ်ပါတယ် အသံလှိုင်းများကို အသုံးပြု၍ သွေးကြောဖွဲ့စည်းပုံနှင့် ဖြစ်ပေါ်နေမှုကို ပုံရိပ်ဖော်ပေးပါတယ်။ 

Doppler ultrasound
 

Doppler ultrasound ကို သွေးကြောအတွင်းသွေးများစီးဆင်းမှုကို ကြည့်ရန်ဖြစ်ပါတယ်။ဆရာဝန်သည် အသံလှိုင်းများမှတစ်ဆင့် သွေးစီးဆင်းမှုများကို ကြည့်ရှုနိုင်ပါတယ်။ လူနာသည် carotid duplex scan ဟုလည်းအတွင်း ဖိအားအနည်းငယ် လည်ပင်းပတ်ပတ်လည်တွင် ခံစားရနိုင်ပါသည်။ နာကျင်မှုမခံစားရဘဲ စမ်းသပ်မှုအတွင်း ငြင်သာသောအသံ ကိုလည်းကြားနိုင်ပါတယ်။ 

ဘာကြောင့် Carotid Doppler ကိုစမ်းသပ်သင့်သလဲ? 

လည်ပင်းသွေးလွှတ်ကြောနှင့် သွေးကြောဖြာများသည် လေဖြတ်ခြင်း၏ အဓိကတည်နေရာ ဖြစ်ပါတယ်။ Carotid Duplex ကဦးနှောက်ဆီသွားသော လည်ပင်းသွေးခဲများကို စမ်းသပ်စစ်ဆေးနိုင်ပါကြောင့် လေဖြတ်ခြင်းကို စောစီးစွာ ကြိုတင် သိရှိကာကွယ်နိုင်ပါတယ်။

အောက်ပါလက္ခဏာများတွေ့ရှိပါကလေဖြတ်ခြင်းအစသို့မဟုတ်အသေးစားလေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။ 

  • အားနည်းခြင်း၊ထုံခြင်း၊ခန္တာကိုယ်တစ်ဖက်တည်းကျင်ခြင်း၊ လက်မောင်းသို့ ခြေထောက်ပါကျင်လာခြင်း 
  • လက်မောင်းသို့ ခြေထောက်များလှုပ်ရှားမှုမပြုလုပ်နိုင်ခြင်း 
  • ရှင်းလင်းပီသစွာစကားမပြောနိုင်ခြင်း 
  • မျက်လုံးတစ်ဖက်တည်းဖြင့် ကောင်းစွာမမြင်နိုင်ခြင်း 

အကယ်၍အထက်ပါ လက္ခဏာများခံစားရပါက ပျောက်သွားသည့်တိုင် ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါတယ်။သင့်တွင် လေဖြတ်ခြင်း၊လေဖြတ်ရောဂါဖြစ်နေနိုင်ကြောင်း ရှေ့ပြေးလက္ခဏာပင် ဖြစ်ပါတယ်။ 

ဆရာဝန်က သင့်ရဲ့လက္ခဏာများနှင့် ဆေးကုသမှုရာဇဝင်ကို မေးပါလိမ့်မည်။ ဆရာဝန်က လည်ပင်းသွေးကြော သွေးစီးဆင်းမှုကို နားထောင်ပြီး သွေးဖိအားကို တိုင်းတာပါလိမ့်မည်။ လည်ပင်းဆိုင်ရာသွေးကြောတွင် တစ်ခုခု ရှိပါက carotid duplex ပြုလုပ်ရန်ညွှန်းကြားပါလိမ့်မည်။လိုအပ်ပါက ဦးနှောက် MRI,MRA သို့မဟုတ် MRV ပြုလုပ်ရန်ညွှန်းပါလိမ့်မည်။ 

 ဆရာဝန်က မည်သည့် အခြေအနေတွင် Duplex Scan, MRI ,MRV ကိုစမ်းသပ်ခိုင်းသလဲ? 

 

  • သွေးခဲခြင်း 
  • သွေးကြောကျဉ်းခြင်း 
  • အခြားအကြောင်းများကြောင့် လည်ပင်းသွေးကြောပိတ်ခြင်း 
  • ဦးနှောက်သွေးယိုခြင်း 

ဆရာဝန်က ချက်ချင်း ကုသမှုပေးနိုင်ပါတယ်။ 

 Carotid Doppler Scan ၏အကျိုးကျေးဇူးများ 

  • ကြိုတင် ပြင်ဆင်စရာမလိုခြင်း၊ ခန္ဓာကိုယ်အတွင်းမည်သည့်ပစ္စည်းမှထည့်သွင်းစရာမလိုခြင်း 
  • စမ်းသပ်စစ်ဆေးခြင်းသည်နာကျင်မှုမရှိပါ 
  • သွေးကြောများကို ကြည့်ရှုခြင်းဖြင့် လေဖြတ်နိုင်ချေ ရှိမရှိ စစ်ဆေးနိုင်ခြင်း

 တိကျသောရလဒ်ကိုဟန့်တားကောင်းဟန့်တားနိုင်သောအကြောင်းများ 

  • အလွန်အမင်းဝခြင်း 
  • နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း 
  • နှလုံးရောဂါ 
  • အတွေ့အကြုံနည်းသော ဓာတ်ခွဲပညာရှင် 

 

ပုံမှန်ရလဒ် 

ပုံရိပ်နှင့်သွေးစီးဆင်းမှုသည် သွေးကြောအခြေအနေကို စမ်းသပ်ကြည့်ရှုနိုင်ပါသည်။ဥပမာအားဖြင့် သွေးကြောများသည် ၁၀ ရာခိုင်နှုန်း၊၅၀ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်း အထိ ပုံမှန်သွေးစီးဆင်းမှုရှိနေခြင်းကို ရလဒ်ကောင်းမွန်သည်ဟုခေါ်ဆိုနိုင်ပါတယ်။ 

ရာခိုင်နှုန်းပုံမှန်မဟုတ်သောရလဒ်ဆိုသည်မှာ 

ပုံမှန်မဟုတ်သောရလဒ်ဆိုသည်မှာ လည်ပင်းသွေးလွှတ်ကြောတွင် သွေးခဲပိတ်နေခြင်းကို ခေါ်ပါတယ်။သွေးကြောပိတ်ခြင်း လက္ခဏာကို သွေးစီးဆင်းမှုများမှ တစ်ဆင့် အခြေအနေကို စမ်းသပ်ကြည့်ရှုနိုင်ပါတယ်။ ၇၀ ရာခိုင်နှုန်းခန့် သွေးကြောပိတ်ခြင်း ပိုမိုဆိုးရွားပါက ဆရာဝန်သည် အောက်ပါ တို့ကို လုပ်ဆောင်ရန် ညွှန်းကြားပါတယ်။ 

  • ခွဲစိတ်မှုကို စဉ်းစားခြင်း 
  • နောက်ထပ်ပြုလုပ်နိုင်သော စစ်ဆေးမှုများ (cerebral angiography, CT angiography, နှင့် magnetic resonance angiography) 
  • သွေးကြောများမာလာခြင်းကို ကာကွယ်ရန် ကျန်းမာသောနေထိုင်မှုပုံစံများ 
  • နောက်ထပ် သေချာစေရန် စစ်ဆေးမှုများကို ထပ်မံပြုလုပ်ပါ 

 

ပြင်ဆင်ခြင်း 

  • ဆရာဝန်က စမ်းသပ်စစ်ဆေးမှု၏ အကျိုးအကြောင်းကို ရှင်းပြပါတယ်  
  • ကုသမှုကိုခွင့်ပြုကြောင်း နှင့် မရှင်းလင်းသည့်များကို သေချာစွာ မေးမြန်း၍ လူနာတာဝန်ခံခြင်း ဖောင်တွင် လက်မှတ်ထိုးရပါမယ်။ 
  • ဆရာဝန်က ဆေးလိပ်သောက်ခြင်းနှင့်ကဖင်းပါဝင်သော အရည်များသောက်ခြင်းနှင့် ပတ်သက်ပြီး ညွှန်ကြားချက်ပေးပါလိမ့်မည်။ ဆေးလိပ်သောက်ခြင်းက သွေးကြောကို ကျဉ်းစေနိုင်သောကြောင့် စစ်ဆေးခြင်းမပြုလုပ်မီအနည်းဆုံး၂နာရီမတိုင်ခင်ဆေးလိပ်မသောက်ထားရပါ။ကဖင်းပါဝင်သောအရည် များသောက်သုံးခြင်း ကိုလည်း၂နာရီမတိုင်ခင် ရှောင်ရှား ထားရပါမယ်။ 
  • သင့်ရဲ့ကျန်းမာရေးအခြေနေအပေါ် မူတည်ပြီး သင့်လျော်သော ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ 

ကုသမှုအတွင်း 

ဆရာဝန် ကရွေးချယ်ဆောင်ရွက်သော အခြေနေပေါ်မူတည်၍ ဆေးရုံတက် ၍ သို့မဟုတ် ပြင်ပလူနာဌာနတွင် ဆောင်ရွက်နိုင်ပါတယ်။ 

ပုံမှန်အားဖြင့် Carotid Doppler Scan ကိုအောက်ပါအတိုင်းဆောင်ရွက်နိုင်ပါတယ်။
 

၁။ သင့်ရဲ့ အဝတ်အစား၊လက်ဝတ်ရတနာများ၊အခြားပစ္စည်းများ စကင်ဖတ်တဲ့အခါမှာ  အနှောင့်အယှက်ဖြစ်နိုင်သောလည်ပင်းမှပစ္စည်းများကို ချွတ်ထားပေးရပါမယ်။ 

၂။ သင့်အဝတ်အစားများချွတ်ပြီးနောက် ဆေးစစ်ဆေးဝတ်စုံကို ဝတ်ရပါမယ်။ 

၃။ သင်လည်ပင်းကို အနည်းငယ်မြင့်ထားပြီးစမ်းသပ်တဲ့ နေရာတွင်လဲလျောင်းရပါမယ်။ 

၎။ လည်ပင်းသွေးကြောများရှိနိုင်သောနေရာတွင် အရေပြားပေါ်ကို ဂျဲလိမ်းပေးပါလိမ့်မည်။ 

၅။ Doppler transducer ကသင့်သွေးကြောပတ်ပတ်လည်ကိုစမ်းသပ်ပါလိမ့်မယ်။ 

၆။သွေးစီးဆင်းမှုအသံကို“whoosh,whoosh”ဆိုပြီးကြားရပါလိမ့်မည်။လည်ပင်း၏ညာဘက်နှင့်ဘယ်ဘက်သွေးကြောများကိုတစ်ခုနှင့်တစ်ခုယှဉ်ပြီးနားထောင်ပါမယ်။ 

၇။ စစ်ဆေးမှုပြုလုပ်ပြီးနောက် ဂျဲများကို ပြန်သုတ်ပေးပါလိမ့်မည်။ဓာတ်ခွဲခန်းပညာရှင်က သက်သောင်သက်သာအဖြစ်ဆုံး နည်းလမ်းများနှင့် စစ်ဆေးပေးပါလိမ့်မည်။ 

စစ်ဆေးမှုပြီးနောက် 

Carotid artery duplex scan သည်နာကျင်မှုမရှိပါ။စစ်ဆေးမှုအတွင်း လည်ပင်းဆန့်ပြီးလဲလျောင်းထားရတဲ့အတွက် မသက်သာမှု အနည်းငယ်ရှိကောင်းရှိနိုင်ပါတယ်။ 

စားသောက်နေထိုင်မှုနှင့် လှုပ်ရှားမှု ကန့်သတ်ချက်များ ကို ဆရာဝန်ကမညွှန်ကြားလျှင် ပြုပြင်ပြောင်းလဲစရာမလိုပါဘူး 

သို့သော်လည်း အချိန်အတိုင်းတာတစ်ခုတွင် ဆရာဝန်က carotid Doppler scan ပြန်ဖတ်ရန် ညွှန်ကြားကောင်းညွှန်ကြားနိုင်ပါတယ်။ 

 

ဝေ့ဌာနီဆေးရုံကြီးဦးနှောက်နှင့်အာရုံကြောဌာနသည် အာရုံကြောနှင့်ပတ်သက်သော ရောဂါများကိုအကောင်းမွန်ဆုံးကုသမှုပေးနေပါတယ်။ခေါင်းကိုက်ခြင်း၊ကြွှက်သားအားနည်းခြင်း၊တက်ခြင်း၊ဦးခေါင်းထိခိုက်ခြင်း၊ပင်မအာရုံကြောအဖွဲ့အစည်းပိုးဝင်ခြင်းစသော ရောဂါများကို ရောဂါစစ်တမ်းတိကျစွာထုတ်ခြင်းနှင့်ကုသမှုအပိုင်းကိုအကောင်းမွန်ဆုံးလုပ်ဆောင်ပေးနေပါတယ်။ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ၊ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်ကြီးများ၊ဦးနှောက်နှင့်အာရုံကြောဆိုင်ရာသူနာပြုများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာအဆင့်အတန်းနှင့်အညီ ပြင်ပလူနာများ၊အတွင်းလူနာများအား ရက်ရွေးချယ်သည်ဖြစ်စေ၊ အရေးတကြီးခွဲစိတ်ကုသသည်ဖြစ်စေလူနာများအား စိတ်ချအယုံကြည်ရဆုံးဖြစ်အောင်အစွမ်းကုန် ကုသမှုများကိုပေးနေပါတယ်။ 

ဝေ့ဌာနီဦးနှောက်နှင့်အာရုံကြောစင်တာ ၅ထပ် 

Phone. 66 (0) 2734-0000 ext. 5400, 5444
Fax.  66 (0) 2734-0000 ext 5407
E-mail : [email protected] 


Related Posts