ေ၀့ဌာနီဆေးရုံကြီး နှလုံးကုသဆောင်မှ နှလုံးကုသခြင်းများကို ဘက်ပေါင်းစုံမှ တစ်နေရာတည်းကုသနိုင်သော Cath Lab ခန်း
ကုသမှုအတွက် ဆေးဘက်ဆိုင်ရာကိရိယာများကို သွေးကြောအတွင်း သွေးလွှတ်ကြောငယ်ထဲသို့ catheter အသေးဖြင့်
အောက်ပါလက္ခဏာများဖြင့်လာရောက်သောလူနာများကိုအထူးစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ ဆေးရုံတွင် မြေညီထပ် G-floor ၌အဝင်ပေါက်တစ်ပေါက်သာရှိပါမည်။ ထိုအဝင်ပေါက်တွင် အပူချိန်တိုင်းကင်မရာ Thermoscan Camera ဖြင့် လူတိုင်းအားစစ်ဆေးမည်ဖြစ်ပါသည်။ ဆေးရုံ၏မြေအောက်ထပ်ကားပါကင်မှလာသော လူနာများအနေနှင့်လည်း မြေညီထပ်အဝင်ပေါက်မှသာဝင်ရောက်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆေးရုံ၏ ဒုတိယ၊တတိယနှင့်စတုတ္ထထပ်များရှိကားပါကင်များမှ လာရောက်သောလူနာများအတွက်လည်း အကြိုအပို့ကားများ စီစဉ်ပေးထားပါသည်။
1. ၂။ အထူးသူနာပြုများ၊ ဆရာဝန်များနှင့် ဖွဲ့စည်းထားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကုသမှုစင်တာဖွင့်လှစ်ထားရှိပါသည်။
2. ၃။ သံသယလူနာများသယ်ယူပို့ဆောင်ရန် သီးသန့်ဓာတ်လှေကားထားရှိထားပါသည်။
3. ၄။ သံသယလူနာများအားထားရှိရန်နှင့် ကူးစက်မှုမှတားဆီးရန် Negative Pressure Room များလည်းဖွင့်လှစ်ထားပါသည်။
4. ၅။ စက်လှေကားနှင့် အခြားထိတွေ့များသော အရာများအားလုံးအား အထူး ပိုးသက်ဆေးဖြင့် မကြာခဏဆေးကြောခြင်းပြုလုပ်ပါသည်။
5. ၆။ သံသယရှိသူလူနာနှင့် ထိတွေ့ရမည့် ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်စေပါသည်။
6. ၇။ ကူးစက်ခံလူနာအား သယ်ယူပို့ဆောင်ရန် သီးသန့်လမ်းကြောင်းထားရှိထားပါသည်။
7. ၈။ ကျန်းမာရေးဝန်ထမ်းများမှ ဆေးရုံလာသူတိုင်းအား ဘေးကင်းစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။
8. လူနာများ၏ ဘေးကင်းရေးကိုဆောင်ရွက်ရသည့်အတွက် အဆင်မပြေမှုများရှိခဲ့ပါက တောင်းပန်အပ်ပါသည်။