ဇီဝကမ္မဖြစ်စဉ် ချို့ယွင်းခြင်းသည် သင်၏ ကိုယ်အလေးချိန် လျှော့ချရန် ကြိုးပမ်းမှုများကို တားဆီးစေပါသည်။

[…] ခံစားနေရသူများသည်လည်း အခြေခံကိုယ်တွင်းဇီဝဖြစ်စဉ်နှုန်းကို ကျဆင်းစေပါတယ်။ အမျိုးသမီးများသည် အမျိုးသားများထက် ပျမ်းမျှ ဇီဝဖြစ်စဉ်နှုန်း နည်းပါးပါသည်။ မျိုးရိုးဗီဇဆိုင်ရာအခြေအနေများ အထိုင်များသောလူနေမှုပုံစံ ဆီးချိုရောဂါ ဇီဝဖြစ်ပျက်မှု ချို့ယွင်းခြင်းများတွင် ရှောင်လွှဲ၍မရသော အကျိုးဆက်များမှာ အဝလွန်ခြင်း နှင့် အဝလွန်ခြင်းကြောင့်ဖြစ်သော ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဒူးအရိုးအဆစ်ရောင်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြစ်မှုတို့ ပါဝင်ပါသည်။လက်ရှိတွင် ကျွန်ုပ်တို့တွင် “ Gastric Balloon” ဟုခေါ်သော ခွဲစိတ်သည့်နည်းလမ်းမဟုတ်သည့် ဆန်းသစ်သောကိုယ်အလေးချိန်လျှော့ချနည်းတစ်ခုရှိပါသည်။ ယင်းသည် endoscope မှန်ပြောင်းမှတဆင့် အစာအိမ်အတွင်း ပူဖောင်းကို ထည့်သွင်းခြင်းဖြင့်ကိုယ်အလေးချိန် လျှော့ချခြင်း ဖြစ်သည်။အစာအိမ်ဘောလုံးကို biocompatible ဆီလီကွန်ဖြင့်ပြုလုပ်ထားပြီး အတွင်းဘက်တွင် ပိုးသန့်စင်ထားသောအရည် 400-500ml ပါရှိသည်။ Gastric Balloon ထည့်ခြင်းသည် လူများကို ဗိုက်ပြည့်လွယ်စေပြီး အစားမကြာခဏစားလိုစိတ်နည်းပါးစေရန်အတွက် ဗိုက်ထဲတွင်အစားအစာကို အစားထိုးနေရာယူထားသည့် ပုံစံဖြင့် […]

တနေ့တာအတွက်စွမ်းအင်လုံလောက်ပြီး အဝမလွန်အောင် ကယ်လိုရီဘယ်လောက်စားသုံးရမလဲ?

[…] ကလေး၊လူလတ်ပိုင်းအမျိုးသမီး၊အသက်ကြီးပိုင်းတွေအတွက် 1600ကီလိုကယ်လိုရီ/၁ ရက် လူငယ်ပိုင်းနဲ့အလုပ်လုပ်တဲ့အမျိုးသားတွေအတွက် 2000ကီလိုကယ်လိုရီ/၁ ရက် အားစိုက်ရသူများ-အားကစားသမား၊လယ်သမား၊ဆောက်လုပ်ရေးသမားများအတွက် 2400 ကီလိုကယ်လိုရီ/၁ ရက် လိုအပ်ပါတယ် အကယ်၍တနေ့တာအတွက် လုံလောက်တဲ့အာဟာရ- ကာပိုဟိုက်ဒရိတ်၊အရွက်၊အသီး၊အသား၊ကြက်,ဘဲဥ၊ပဲ(အနီရောင်)နဲ့ နို့ စတဲ့ဓာတ်စာ (၅) အုပ်စုကို စနစ်တကျစားပေးလျှင် မိမိခန္ဓာကိုယ်လည်း လုံလောက်တဲ့စွမ်းအင်ရရှိပြီး အဝလွန်ခြင်းလည်းမဖြစ်တော့ပါဘူး။ မိမိကိုယ်တိုင် အစားအသောက်မဆင်ခြင်နိုင်သူ၊ညဉ့်နက်ပိုင်းစားတတ်သူနဲ့ အဝလွန်နေသူများအတွက် အန္တရာယ်ကင်းစွာဝိတ်လျှော့နိုင်ဖို့ အစာအိမ်ဘောလုံး ( Gastric balloon) ထည့်တဲ့ နည်းပညာထွက်ပေါ်လာပါပြီ။ အစာအိမ်ဘောလုံးထည့်ခြင်းအားဖြင့် စားနိုင်တဲ့ပမာဏနဲလာပြီး အစာအိမ်အရွယ်အစားလည်းသေးလာမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် 24 ကီလိုဂရမ် လောက်ထိဝိတ်လျှော့နိုင်ပါတယ်။ နောက်တစ်နည်းကတော့ Rilaglutide လို့ခေါ်တဲ့ ထိုးဆေးထိုးခြင်းဖြစ်ပါတယ်။ ဒီထိုးဆေးကတော့ အစာအိမ်လှုပ်ရှားမှုနှေးစေပြီး ဆာလောင်မှုနဲအောင်ထိန်းပေးနိုင်ပါတယ်။ ဒီဆေးထိုးပြီးလျှင် အစားနဲခြင်း၊ဝမ်းပြည့်လွယ်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်းကြောင့် 3လ အတွင်း မိမိကိုယ်အလေးချိန်ရဲ့ 5-10% အထိ လျှော့နိုင်မှာဖြစ်ပါတယ်။