အသက်အရွယ်အိုမင်းခြင်းနှင့် နုပျိုခြင်းဆိုင်ရာစင်တာ (Q-Life)

Doctors

Overview

November 13, 2019

သင့်ဘဝမှာ အရေးကြီးဆုံးနဲ့ အဖိုးတန်ဆုံးအရာက သင့်ကျန်းမာရေးပါပဲ။ သင်၏ငယ်ရွယ်မှုအချိန်နှင့် ကျန်းမာသောဘ၀ကို ထိန်းသိမ်းထားချင်သည့် ဆန္ဒရှိခြင်းသည် ကျန်းမာသောဘ၀တစ်ခု၏အခြေခံ ခံယူချက်ပင်ဖြစ်သည်။ Vejthani Q-Life တွင်၊ ကျွန်ုပ်တို့သည် ခေတ်မီသိပ္ပံနည်းကျနှင့် ဆေးဘက်ဆိုင်ရာနောက်ဆုံးပေါ်နည်းပညာများဖြင့် အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ရေးနှင့် ပြန်လည်နုပျိုခြင်းဆိုင်ရာ အသစ်သစ်သောကုထုံးများကို အထူးကုဆရာဝန်များမှ အသေးစိတ် ပံ့ပိုးပေးပါသည်။ Vejthani Q-Life မှ Holistic Medicine သည် အကောင်းဆုံးသော ကျန်းမာရေးကို ရှာဖွေရာတွင် လူတစ်ယောက်ချင်းစီ၏ မတူညီသော ကျန်းမာနေထိုင်မှုပုံစံပေါ်မူတည်ပြီး အဓိကထားကုသပေးသော ပုံစံတစ်ခုဖြစ်သည်။ ကုသမှုအစီအစဥ်များသည် အသက်အရွယ်အလိုက်သော်လည်းကောင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြည့်စီးခြင်းဖြင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုလျော့ချခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်ချို့တဲ့မှုကိုပြုပြင်ခြင်း၊ ကိုယ်ခန္ဓာနှင့် ပြင်ပအခြေအနေအတွင်း သင့်လျော်မျှတသောလူနေမှုပုံစံကို ရရှိခြင်းစသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက်ပေါ်မူတည်ပြီး တစ်ဦးချင်းစီအတွက် အထူးဂရုစိုက်ထားခြင်းပင်ဖြစ်ပါသည်။ လူနာတစ်ဦးချင်းစီကို သေချာစစ်ဆေးပြီးနောက် ကျွန်ုပ်တို့၏ အထူးကုအဖွဲ့သည် သင့်လျော်မည့်ကုသနည်းဖြင့် နုပျိုခြင်းများကို ဖြည့်စွမ်းပေးမည်ဖြစ်ပါသည်။ ကျန်းမာသောလူနေမှုပုံစံကိုထိန်းသိမ်းရန်၊ အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ်ကို နှေးကွေးစေရန်၊ ဆုတ်ယုတ်လာသောရောဂါများကို ကာကွယ်ရန်နှင့် နောက်ဆုံးတွင် ကောင်းမွန်မျှတကျန်းမာသောဘဝတစ်ခုကို ရရှိစေရန်အတွက် လူနာ၏တစ်ဦးစီလိုအပ်သော လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက် သီးသန့်ဆေးဝါးများ၊ အာဟာရနှင့်ဟော်မုန်းများစသည့်တို့ဖြင့် နောက်ဆုံးပေါ်နည်းပညာများပေါင်းစပ်ကာ သင့်အား အသက်အရွယ်နှင့်ဆိုင်သော ချို့ယွင်းချက်များကို ရှာဖွေနိုင်၊ ကာကွယ်ရန်နှင့် ပြန်လည်နုပျိုစေရန်ကူညီပေးနေသည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို နားလည်သဘောပေါက်ပြီး ကုထုံးယူစဥ်တစ်လျှောက်တွင် အခက်အခဲမရှိကူညီပံ့ပိုးပေးမည့် ကျွမ်းကျင်ဝန်ထမ်းများမှလည်း သင့်ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် ရောဂါကာကွယ်ခြင်းဆိုင်ရာ အကြံဉာဏ်များနှင့် အကြံပြုချက်များကို ပေးဆောင်ရန်အမြဲအဆင်သင့်ရှိနေသည်ဖြစ်ပါသည်၊။

ဂရုစိုက်မှုအရည်အသွေးများအနေဖြင့် Vejthani Q-Life မှ Anti-aging Holistic Medicine သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ရှုထောင့်တိုင်းကို ထည့်သွင်းစဉ်းစားသည့် ကုသရေးပုံစံတစ်ခုဖြစ်သည်။ အကောင်းမွန်ဆုံးသော ကျန်းမာရေးကို ရရှိစေရန် ရည်ရွယ်ချက်ဖြင့်၊ ကုသရေးအစီအစဉ်များသည် ကဏ္ဍပေါင်းစုံတွင် တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ပြည့်မီစေရန်အတွက် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကုထုံးများသည် အသက်အရွယ်ဆိုင်ရာရောဂါများအတွက် ကုသမှု၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို မြှင့်တင်ပေးခြင်း၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်ချို့တဲ့ခြင်းဆိုင်ရာ ပြဿနာများအပြင် ပတ်၀န်းကျင်နှင့် ကိုယ်ခန္ဓာဟန်ချက်ညီမှုနှင့် သင့်လျော်သော လူနေမှုပုံစံကို ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။ လူနာတစ်ဦးချင်းစီကို အကဲဖြတ်ပြီးနောက်၊ ကျွန်ုပ်တို့၏ အထူးပြုအဖွဲ့သည် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောလူနေမှုပုံစံကို ထိန်းသိမ်းရန်၊ အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ်ကို နှေးကွေးစေရန်၊ ယိုယွင်းလာသောရောဂါများကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန်အတွက် ဆေးဝါးအဆင့်အာဟာရနှင့် ဟော်မုန်းများကို အသုံးပြုပါသည်။ သို့မှသာ နောက်ဆုံးတွင် ကောင်းမွန်မျှတသော ကျန်းမာသည့်ဘဝတစ်ခုကို ရရှိစေနိုင်မည်ဟုလည်း ယုံကြည်ထားပါသည်။

အသေးစိတ်ကုသခြင်းများသည် ကောင်းမွန်သော လူနေမှုဘဝ၏ အခြေခံသော့ချက်ဖြစ်ပါသည်။ Vejthani Q-Life သည် Vejthani Hospital ပင်မဆောင်ရှိ ၁၁လွှာတွင် တည်ရှိသည်။ စင်တာသည် တိတ်ဆိတ်ကျယ်ဝန်းငြိမ်းချမ်းပြီး spa ကဲ့သို့သော စင်တာများသာမက ကုထုံးများယူရာတွင်လည်း မိမိအတွက် သီးသန့်နေရာတစ်ခုကဲ့သို့အသွင်ကဲ့တို့ ဒီဇိုင်းဖန်တီးထားသည်အတွက်လည်း ကုထုံးမှာသည် သင့်စိတ်ဖိစီးမှုများကိုပါ လျော့ပါးစေနိုင်မည်ဖြစ်ပါသည်။

၀န်ဆောင်မှုပေးသောအချိန်များ

တနင်္လာ - သောကြာ : 08.00 am - 05.00 pm

စနေနေ့ - တနင်္ဂနွေ : 08.00 am - 04.00 pm

တည်နေရာ

Executive Healthcare Center, 11th Floor, Vejthani Hospital

ကြိုတင်ဘိုကင်တင်ခြင်းနှင့် စုံစမ်းရန်

Call : (+66)2-734-0000 Ext. 1183

၀န်ဆောင်မှုများ

  • ဟော်မုန်းစစ်ဆေးခြင်း
  • အသက်အရွယ်ဆိုင်ရာစစ်ဆေးခြင်း
  • ဟော်မုန်းနှင့် ဗီတာမင်စစ်ဆေးခြင်း
  • ဆံပင်ကျွတ်ခြင်းကို စစ်ဆေးခြင်း
  • Q-Life Regenerative: Comprehensive Health Check-up with Hormone and Vitamin Level Test
  • မျိုးရိုးဆိုင်ရာရောဂါများစစ်ဆေးခြင်း
  • ဗီတာမင်နှင့် သတ္တုဓာတ် ၁၆မျိုးကို စစ်ဆေးခြင်း
  • ဗီတာမင်အားဆေးသွင်းခြင်း
  • သွေးရည်ကြည်သွင်းခြင်း
  • ဗီတာမင်ဒီအားဆေးသွင်းခြင်း
  • တစ်ဦးချင်းစီလိုအပ်သော အားဖြည့်စာများ
  • Super C IV & Injection
  • ကြွက်သားနှင့်အရိုးသန်မာမှုဆိုင်ရာ ကုထုံးများ
Back to top

Conditions Treated

အသက်အရွယ်အိုမင်းခြင်းနှင့် နုပျိုခြင်းဆိုင်ရာစင်တာ (Q-Life)

Medical Departments & Centers အသက်အရွယ်အိုမင်းခြင်းနှင့် နုပျိုခြင်းဆိုင်ရာစင်တာ (Q-Life)