Carpal Tunnel Syndrome ၏လက္ခဏာများ- လက်ကောက်ဝတ်နာကျင်ခြင်းနှင့် လက်တွင်ထုံကျင်ခြင်း။
ကွန်ပြူတာ သို့မဟုတ် ဖုန်းအသုံးပြုခြင်း ကြာရှည်စွာလုပ်ခြင်းသည် အလုပ်ခွင်တွင် တွေ့ရလေ့ရှိသည့် Carpal Tunnel Syndrome (CTS)
ခြေဖနောင့်အရွတ်ယောင်ယမ်းခြင်း Achilles tendinitis သို့မဟုတ် plantar fasciitis နှင့် ခြေချင်းဝတ်နောက်ဘက်နာတာရှည်နာကျင်မှုတို့ကို ကုသဖို့ ကုသမှုများစွာသုံးလာကြသည့်အထဲ လက်ရှိတွင် PRP ဟုခေါ်သော ဆေးဘက်ဆိုင်ရာ နည်းပညာသစ်တစ်ခုတွင် Platelet Rich Plasma ဆိုသော သွေးရည်ကြည်ထိုးဆေးကို ဒဏ်ရာရရှိသောနေရာကို ပြန်လည်ကောင်းမွန်သက်သာစေရန်အတွက် အသုံးပြုနေပြီဖြစ်သလို ထိရောက်သောနည်းလမ်းတစ်ခုဖြစ်လာပါသည်။
Plantar fasciitis သည် သက်ကြီးရွယ်အိုလူနာများတွင် အဖြစ်များသည်။ ကနဦးတွင်၊ ဆရာဝန်မှ လေ့ကျင့်ခန်း ကုထုံး သို့မဟုတ် အချို့သော ပုံမှန်ထက်ပိုမိုလှုပ်ရှားမှုများတွင် ဒဏ်မဖြစ်စေရန် ကိုယ်အလေးချိန်ချခိုင်းခြင်း၊ ဆီလီကွန် insoles နှင့် ဖိနပ်ပြောင်းခြင်းကဲ့သို့သော သတိထားရှောင်ကြဥ◌်ခြင်းတို့ကို အကြံပေးကြပါသည်။ ကနဦးနည်းလမ်းများကို စမ်းသပ်ပြီးနောက် တိုးတက်မှုမပြပါက ဆရာဝန်သည် PRP သို့မဟုတ် Platelet Rich Plasma သွေးရည်ကြည် ထိုးဆေးကို စတင်ကုသရန်အကြံပေးပါလိမ့်မည်။
ဆရာဝန်သည် လူနာထံမှသွေးကိုယူကာ သွေးရည်ကြည်လှည့်သည့် စက်ကိရိယာတစ်ခုတွင် သွေး၏အခြားအစိတ်အပိုင်းများကို ခွဲခြားခြင်းဖြင့် စတင်ထုတ်ယူပါသည်။ထို့နောက် ကုသမှုအတွက် နောက်ဆုံးအပိုင်းကို အောက်ပါနည်းလမ်းများဖြင့် အသုံးပြုပါမည်။
ပုံမှန်အားဖြင့် platelets သည် ၂ပတ် မှ ၄ ပတ်အထိ အာနိသင်ဖြစ်စေပါသည်။ သို့သော် တခါတရံ ဆေးထိုးတဲ့နေရာပေါ်လည်း မူတည်တယ်။ ဆေးထိုးသည့်နေရာပေါ်တွင် မတူညီသော ထိရောက်မှုအဆင့်များရှိသည်။ ယနေ့ခေတ်တွင် ဆေး ၁ ကြိမ်သာထိုးရန် အကြံပြုထားပြီး ရောဂါလက္ခဏာများကို အရင်စောင့်ကြည့်သင့်ပါသည်။ အခြေခံအားဖြင့်၊ ဆရာဝန်များသည် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် ကြွက်သားများ၏ ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုကို တိုးမြင့်လာစေရန်အတွက် ကြွက်သားများသန်မာခြင်းနှင့် ဆန့်ထုတ်ခြင်းတို့ပါ၀င်သည့် လေ့ကျင့်ခန်းဆိုင်ရာကုသမှုကို အဓိက ဦးစားပေးပြုလုပ်ခိုင်းမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် platelet ကြွယ်ဝသော သွေးရည်ကြည်ပေါ်မှာသာ အားကိုးနေပါက ကု
ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ platelet ကြွယ်ဝသော သွေးရည်ကြည်ဆေးထိုးခြင်းသည် အမှန်တကယ်ထိရောက်သော ကုသမှုတစ်ခုဖြစ်သော်လည်း အထိရောက်ဆုံးကုသမှုကိုရရှိရန် အမြဲသတိထားစောင့်ကြည့်နေရမည်မှာလည်း ဆရာ၀◌န်တို့ရဲ့ တာ၀◌န်တစ်ရပ်ပင်ဖြစ်ပါသည်။