လေဆာဖြင့် လိပ်ခေါင်းရောဂါ ကုသနည်း (Hemorrhoids laser treatment)

ကျန်းမာရေးဆိုင်ရာ စာစောင်များ
Featured Image

လိပ်ခေါင်းရောဂါ (Hemorrhoids) ကို အဆင့် ၄ ဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။

အဆင့် ၂ နှင့်အဆင့် ၃ ကို လေဆာ(Laser) ဖြင့်ကုသခြင်းဟာ အထိရောက်ဆုံးပါ။ အဆင့် ၁ လောက်ဆို ဆရာဝန်မှ ဝမ်းပျော့ဆေး ပေးခြင်း၊ အမျှင်ဓာတ်ပါသည့် အသီး အရွက်များ စားသုံးခြင်း၊တနေ့ ရေ ၈ ခွက်လောက်(သို့) ၂လီတာခန့် သောက်သုံးခြင်း၊ဝမ်းသွားချင်သည့်အခါ မအောင့်ထားခြင်း၊ အိမ်သာတက်ချိန် စာဖဖတ်ခြင်း ၊ဖုန်းမဆော့ခြင်း စသည့် နေထိုင်မှုအလေ့အကျင့်များ ညွှန်ကြားပါမည်။အဆင့် ၄ ထိရောဂါပြင်းထန်သူကို လေဆာကုသမှု (Laser Treatment) ရော ခွဲစိတ်ကုသမှု (Surgery) နှစ်မျိုးလုံး တွဲ၍ကုသသင့်ပါသည်။

   လေဆာဖြင့်ကုသနည်း (Laser Treatment) ဆိုသည်မှာ လိပ်ခေါင်း (Hemorrhoids) ဆီသို့ သွယ်တန်းနေသည့် သွေးကြောကို လေဆာရောင်ခြည် (Laser) ဖြင့် ဖျက်ဆီးပစ်ခြင်း ကိုခေါ်ပါသည်။

ထို့ကြောင့် လိပ်ခေါင်းတွေ တဖြည်းဖြည်းကျု့ံသွားစေပြီး သက်သာရရစေပါသည်။ဤနည်းဖြင့်ကုသခြင်းမှာ အချိန် ၁၅ မိနစ်မှ ၂၀ မိနစ်ထိသာကြာပါသည်။ လေဆာ (Laser) ဖြင့် ကုသပြီး ၁ ပတ်အတွင်း မနက် ၁ ကြိမ် ညအိပ်ယာဝင် ၁ ကြိမ် ရေနွေးကို ၁၅ မိနစ်ခန့် စိမ်ခြင်းဖြင့် ပိုးဝင်မှုမရှိခြင်းနှင့် လျင်မြန်စွာသက်သာစေပါသည်။

  လေဆာဖြင့် 👉ကုသခြင်း (Laser Treatment) ၏အားသာချက်များ

၁-နာကျင်မှုနဲပြီး     အနာကျက်မြန်ခြင်း၊

၂-ခွဲစိတ်ဒဏ်ရာမရှိခြင်း၊

၃- ၁ရက် ၂ရက်ခန့်သာ အနားယူရခြင်း၊ ၄- ကုသမှုပြီးနောက် မနာကျင်ပါက နေ့စဉ်နိစ္စဓူဝလုပ်ငန်းနှင့် လေ့ကျင့်ခန်းများ လုပ်လို့ရပါသည်။

Readers’ Rating

0.0 out of 5 stars (based on 0 reviews)