ERCP- ပန်ကရိယနှင့် သည်းခြေရောဂါများကို ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းအတွက် အဆင့်မြင့် Endoscopic မှန်ပြောင်းကြည့်ကိရိယာများ
ကျန်းမာရေးဆိုင်ရာ စာစောင်များ
ERCP မှန်ပြောင်းကြည့်ခြင်းဆိုသည်မှာ-
Endoscopic retrograde cholangiopancreatography သို့မဟုတ် ERCP သည် သည်းခြေပြွန်နှင့် ပန်ကရိယရောဂါအချို့ကို ကုသရန်အတွက်သုံးသော ဆေးပညာသုံးပစ္စည်းတစ်ခုဖြစ်ပါသည်။ ဆရာဝန်များသည် ယင်းအင်္ဂါများအတွင်းပိုင်းကို ကြည့်ရှုနိုင်ပြီး ဆေးပညာသုံးဆေးနှင့် X-rays များပေါင်းစပ်ထားသော ရောဂါဖြစ်စဥ်၏ ပြဿနာများကို သေချာစွာစစ်ဆေးနိုင်သည်။
ဘာကြောင့် ERCP လိုအပ်နိုင်သလဲ။ – ERCP အသုံးပြုရန်လိုအပ်သည့်အခြေအနေများ
ERCP သည် သေချာမသိနိုင်သော ဝမ်းဗိုက်နာခြင်း သို့မဟုတ် အသားဝါခြင်း (အရေပြားနှင့် မျက်လုံးများ အဝါရောင်ဖြစ်နေခြင်း) ၏ အကြောင်းရင်းကို ရှာဖွေရန်နှင့် ကုသရန် အသုံးပြုပါသည်။ သင့်တွင် ပန်ကရိယရောင်ခြင်း သို့မဟုတ် ကင်ဆာနှင့်ဆက်စပြီးဖြစ်သော အသည်း၊ သို့မဟုတ် သည်းခြေပြွန်များကို ထိခိုက်စေသော အခြေအနေများရှိပါကလည်း ယင်းကိရိယာဖြင့်စစ်ဆေးမှုများလုပ်ဆောင်နိုင်ပါသည်။
ERCP ဖြင့် ရှာဖွေတွေ့ရှိပြီး ကုသနိုင်သည့် အခြားသော လက္ခဏာများမှာ-
Bile duct stones cholangitis ရှိ/မရှိ သည်းခြေကျောက်ဖြင့် သည်းခြေရောင်ခြင်း (သည်းခြေပြွန်ပိုးဝင်ခြင်း)
Biliary strictures (သည်းခြေပြွန်ကျဉ်းခြင်း)
သည်းခြေ သို့မဟုတ် ပန်ကရိယပြွန်များမှ ယိုစိမ့်ခြင်း။
ကင်ဆာအကျိတ်ကြောင့် သည်းခြေပြွန်ပိတ်ခြင်း
ပန်ကရိယပြွန်ထဲမှာ ကျောက်များဖြင့်ပြည့်နေခြင်း
သည်းခြေကျောက်ကြောင့် ပြင်းထန်သောပန်ကရိယရောင်ခြင်း။
အချို့လူနာများတွင်ရုတ်တရက် သည်းခြေရောင်ခြင်း Acute cholecystitis
ERCP သည် အချို့ကျန်းမာရေးပြဿနာများတွင် ခွဲစိတ်မှုကို လုပ်ဆောင်ရန်မလိုပဲ ကူညီပေးနိုင်သည်။
ERCP ရဲ့ ဆိုးကျိုးအန္တရာယ်များအနေဖြင့်
သင့်တွင် ဆေးဝါးများ၊ ဆေးပညာသုံးဆေး သို့မဟုတ် အိုင်အိုဒင်းနှင့် ဓာတ်မတည့်မှုများရှိလျှင် ချက်ချင်းအသိပေးပါ။
ERCP ကြောင့်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ-
Pancreatitis (ပန်ကရိယရောင်ခြင်း) သို့မဟုတ် cholecystitis (သည်းခြေအိတ်ရောင်ခြင်း)
ရောဂါပိုး၀င်ခြင်း
သွေးထွက်ခြင်း၊ အစာခြေလမ်းကြောင်းအပေါ်ပိုင်းရှိအတွင်းနံရံများထိခိုက်ခြင်း
Biloma ( biliary system သည်းခြေအပြင်ဘက်တွင် သည်းခြေရည် စုဆောင်းခြင်း)
ERCP အတွက်မည်သို့ပြင်ဆင်ရမည်နည်း?
သင်၏ ERCP ကို ဘေးကင်းစေရန်ကြိုတင်ပြင်ဆင်ရန်လိုအပ်သည့် အရေးကြီးသော အဆင့်များ ရှိပါသည်။ သင့်ဆရာဝန်မှပေးသော ညွှန်ကြားချက်များကို သေချာလိုက်နာပါ။
ကုထုံးမစမှီကြိုတင်စီစဉ်ခြင်း။
မေ့ဆေးဆိုင်ရာ ကြိုတင်အကဲဖြတ်ခြင်း။
Anticoagulants နှင့် အခြားဆေးများ ပြန်လည်စစ်ဆေးခြင်း။
ဓာတ်ခွဲစမ်းသပ်မှုများနှင့် ပုံရိပ်ဖော်ခြင်းများကြိုတင်လုပ်ခြင်း။
သဘောတူညီချက်- ဆရာဝန်သည် လုပ်ထုံးလုပ်နည်းအသေးစိတ်များ၊ ၎င်း၏အကျိုးနှင့် အန္တရာယ်များအကြောင်း ကြိုတင်ရှင်းပြပြီး သဘောတူလက်မှတ်ထိုးခြင်း
လုပ်ထုံးလုပ်နည်းမတိုင်မီ စားသောက်မှုအခြေအနေကို တွက်ချက်ခြင်း
စမ်းသပ်မှုမပြုလုပ်မီ ညသန်းခေါင်ကျော်တွင် မည်သည့်အစာကိုမျှ မစားရပါ
စမ်းသပ်မှုမပြုမီ သုံးနာရီအတွင်း မည်သည့်အရည်ကိုမျှမသောက်ပါနှင့်။
ကုထုံးလုပ်အပြီး စောင့်ရှောက်မှုအနေဖြင့်
ပြန်လည်ထူထောင်ရေး- ကုထုံးပြီးနောက်၊ ဆေး၏အာနိသင်များ လျော့ပါးသွားပြီး သတိပြန်လည်ရရှိချိန်ထိ စောင့်ကြည့်အခန်းတွင် သင့်အား စောင့်ကြည့်မည်ဖြစ်သည်။
အစားအသောက်အနေဖြင့်- အစပိုင်းတွင် ကြည်လင်သော အရည်များသာစားနိုင်ပြီးနောက်ပိုင်းမှ ပုံမှန်အတိုင်း ပြန်စားနိုင်မည်ဖြစ်ပါသည်။
Readers’ Rating
3.5 out of 5 stars (based on 2 reviews)