ကျောရိုးအာရုံကြောကျဥ်းခြင်း (Spinal Stenosis) ၏ အစောပိုင်းလက္ခဏာများကို သတိထားကြည့်ခြင်း
၎င်းသည် intervertebral discs၊ အရွတ်များနှင့် အဆစ်များအပါအဝင် အသက်အရွယ်နှင့်ဆိုင်သော ကျောရိုး၏ ယိုယွင်းမှုမှ
ကွန်ပြူတာ ရှေ့တွင် ၂ နာရီဆက်တိုက်ထိုင်ပါက ခါးအနောက်ဖက် နာကျင်ခြင်းနှင့် ပေါင်မှ ခြေထောက်တလျှောက် ထုံကျင်လာခြင်းတို့ဖြစ်တတ်ပါသည်။
ဝေ့ဌာနီဆေးရုံကြီးမှ ကျောရိုး ခွဲ့စိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ ပတ်ထာရာကိုဆာနွန့် (Dr. Pattara Kosanunt) ၏ပြောကြားချက်အရ
အလေးအပင်မခြင်း၊ ကားကြာရှည်စွာမောင်းရခြင်း၊ ခါးကို မကြာမဏ ဘယ်ညာ ကိုင်းညွတ်ခြင်း (သို့) လေ့ကျင့်ခန်း အပြင်းအထန်လုပ်စဉ် ခါးကို ကြိမ်ဖန်များစွာ လည့်ခြင်း၊ ကျောရိုး နှင့်ခါးကို ထိခိုက်ဒါဏ်ရာ ရခဲ့ဘူးခြင်း၊ စသည့် အကြောင်းအရင်းများကြောင့် ခါးဆစ်ရိုးတစ်ခုနှင့် တစ်ခုကြား တွင် ခုခံ ပေးထားသော အရိုးနုပြားများ ပွန်းစား၍ ရေရှည် တွင် ၎င်းအရိုးနုပြားများ သည် ခါးဆစ်ရိုးများ အကြားမှ ကျွံထွက် လာခြင်းကို ကျောရိုး အဆစ်ကြား အရိုးနုပြားကျွံသည့် ရောဂါ (Herniated Disk) ဟုခေါ်ဆိုပါသည်။
ထိုကဲ့သို့ ကျောရိုး အဆစ်ကြား အရိုးနုပြားကျွံသည့် ဝေဒနာရှင်များတွင် အဖြစ်များသည့် လက္ခဏာများမှာ ခါး အနောက်ဘက် နာကျင်ခြင်း ပေါင်နှင့်ခြေထောက်များ နာကျင်ခြင်း သို့မဟုတ် ထုံ ခြင်းတို့ဖြစ်သည်။ ဤရောဂါသည် အားကစားသမားများ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်လေ့ရှိသူများ၊ အထိုင်များသော သူများ၊ ရုံးသမားများ နှင့် ကွန်ပြူတာနှင် ကြာရှည် အလုပ်လုပ်ရသောသူများတွင် အဖြစ်များတတ်ပါသည်။
ထို့အပြင် အသက် ၄၀ အထက်သက်လတ်ပိုင်းများ နှင့် အဝလွန်သော သူများတွင်လည်း အဖြစ်များသည်။ အဘယ့်ကြောင့်ဆိုသော် လေ့လာချက်များ အရ လူအများစုတွင် အသက် ၄၀ ကျော်လျှင် အရိုးများသိပ်သည်းဆ လျော့နည်းလာပြီး အရိုးကြံ့ခိုင်မှုအားနည်းလာကာ ကိုယ်ခန္ဓာ အလေးချိန်ကို မ ထောက်ပံ့နိုင်တော့သည့် အတွက်ကြောင့် ဖြစ်သည်ဟု ဒေါက်တာ ပတ်ထာရာ မှ ပြောကြားထားပါသည်။
နာကျင်မှုဝေဒနာအနည်းဆုံးနှင့် ဘေးအကင်းဆုံး ဖြစ်အောင် တိကျထိရောက်စွာ ခေတ်မှီခွဲစိတ်ကရိယာဖြင့် (Micro/endoscopic Spine Surgery) ဟုခေါ်သော အဏုမြူမှန်ပြောင်းအသုံးပြုကာ ဝှေ့ဠာနီဆေးရုံကြီးတွင် ခွဲစိတ်ကုသနိုင်ပြီဖြစ်ပါသည်။ ၎င်းခွဲစိတ်ကုသနည်းမှာ သမရိုးကျ ကျောရိုးခွဲစိတ်နည်းများထက် စာလျင် ခွဲစိတ်စဉ် သွေးဆုံးရှုံးမှုနည်းပါးခြင်း၊ ကျောရိုး ကြွက်သားများအား ထိခိုက်မှုပိုမိုနည်းပါခြင်း၊ ခွဲစိတ် ပြီးချိန် နာကျင်မှုဝေဒနာ အလွန်နည်းပါခြင်း၊ နာလန်ထချိန်ပိုမို မြန်ဆန်ခြင်းကြောင့် ခွဲစိတ်ပြီး ဆေးရုံ တက်ရက် တိုတောင်းခြင်း တို့ဖြစ်ပါသည်။ ဝေ့ဌာနီ ဆေးရုံကြီး၌ အထက်ပါနည်းပညာ အပြင် ကျောရိုးခွဲစိတ်နေစဉ် အတွင်း အာရုံကြောများ၏ လုပ်ဆောင်ချက်ကို အချိန်နှင့် တပြေးညီ စောင့်ကြပ်ကြည့်ရှုနိုင်သော (Intraoperative Neuromonitoring Technology) ကို ပါအသုံးပြုနိုင်သောကြောင့် ကျောရိုးခွဲစိတ်ကုသမှုများတွင် ကြုံတွေ့ရနိုင်သည့် အာရုံကြောများ ထိခိုက်မိခြင်းအား ကာကွယ်နိုင်ပြီး ဘေးကင်းစိတ်ချစွာ ခွဲစိတ်ကုသနိုင်ပြီ ဖြစ်ပါသည်။
အသေးစိတ် အချက်အလက်များအတွက် Facebook Messenger မှဖြစ်စေ၊ Myanmar Viber Hotline +66 819 845 111 သို့ဖြစ်စေ မြန်မာဘာသာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။