အရေပြားကင်ဆာကုထုံးထဲတွင် နောက်ဆုံးပေါ်ကုသနည်းတစ်ခုဖြစ်သည့် Mohs Surgery ဆိုတာဘာလဲ

ကျန်းမာရေးဆိုင်ရာ စာစောင်များ

Mohs Surgery ဟုလည်းလူသိများသော Mohs Micrographic Surgery သည် အချို့သောအရေပြားကင်ဆာအမျိုးအစားများကို ကုသရန်အတွက် အထူးပြုခွဲစိတ်နည်းပညာတစ်ခုဖြစ်သည်။ အထူးသဖြင့် မျက်နှာ၊ နှာခေါင်း၊ နှုတ်ခမ်း၊ မျက်ခမ်းနှင့် နားများကဲ့သို့သော အသွင်အပြင် သို့မဟုတ် လုပ်ငန်းဆောင်တာ အရေးကြီးသည့်နေရာများတွင် ကင်ဆာအကျိတ်အလွှာများကို ဖယ်ရှားစဉ် တတ်နိုင်သမျှ ကျန်းမာသောတစ်သျှူးများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ အကျိတ်/အရေပြား၏ အလွှာတစ်ခုစီကို အဏုကြည့်မှန်ပြောင်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး ကင်ဆာဆဲလ်များကို တွေ့ရှိပါက၊ နောက်ထပ်တစ်ရှူးများကို ထိုနေရာများမှ ဂရုတစိုက် ဖယ်ရှားမည်ဖြစ်သည်။ ကင်ဆာဆဲလ်များ မကုန်မချင်း ဤလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြစ်ပါသည်။

Moh ခွဲစိတ်မှု ဘယ်အချိန်မှာ လိုအပ်လဲ။

Mohs ခွဲစိတ်မှုသည် အရေပြားကင်ဆာ၏ အဖြစ်အများဆုံး ပုံစံနှစ်မျိုးဖြစ်သည့် Basal Cell Carcinoma (BCC) နှင့် Squamous Cell Carcinoma (SCC) အတွက် လုပ်ဆောင်သည်။ ၎င်းကို အချို့သော melanomas၊ dermatofibrosarcoma protuberans၊ microcystic adnexal carcinoma၊ sebaceous carcinoma နှင့် extramammary Paget disease ကဲ့သို့သော အခြားအမျိုးအစားများတွင်လည်း အသုံးချနိုင်သည်။

Mohs ခွဲစိတ်ကုသမှုကို ဘယ်လိုလုပ်ဆောင်သလဲ။

  1. အလွှာအလိုက် ဖယ်ရှားခြင်း- ကင်ဆာရှိသော ဧရိယာတစ်ဝိုက် အရေပြားထုံကျဉ်ပြီးနောက် ခွဲစိတ်ဆရာဝန်သည် အနီးနားရှိ တစ်ရှူးအလွှာနှင့်အတူ မြင်နိုင်သော အကျိတ်၏ အစိတ်အပိုင်းကိုသာ ဖယ်ရှားပြီး ကျန်းမာသော အသားအရေကို တတ်နိုင်သမျှ ထိန်းသိမ်းပေးမည်ဖြစ်သည်။
  2. အဏုကြည့်မှန်ပြောင်းဖြင့် ချက်ချင်းစစ်ဆေးခြင်း- ဖယ်ရှားလိုက်သော တစ်ရှူးများမှ ကင်ဆာဆဲလ်များကို သိရှိနိုင်စေရန် အဏုကြည့်မှန်ဘီလူးအောက်တွင် အချိန်နှင့်တပြေးညီ စစ်ဆေးမည်ဖြစ်သည်။
  3. ကင်ဆာဆဲလ်အားလုံးကို မကုန်မချင်း ဖယ်နိုင်သမျှဖယ်နိုင်သောလုပ်ငန်းစဥ်- ကင်ဆာဆဲလ်များကို တစ်သျှူး၏အနီးနားတွင် တွေ့ရှိပါက၊ ခွဲစိတ်ဆရာဝန်သည် ကျန်းမာသောတစ်ရှူးများကို မထိခိုက်စေပဲ အပိုတစ်ရှူးများကိုသာ ဖယ်ရှားပေးမည်ဖြစ်သည်။
  4. ဒဏ်ရာကို ပြုပြင်ခြင်း- ကင်ဆာဆဲလ်များ မကျန်တော့ကြောင်း သေချာသည်နှင့်တကွ ခွဲဒဏ်ရာကို ကောင်းမွန်စွာ ပိတ်သွားမည်ဖြစ်သည်။ အချို့နေရာများအတွက် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းမှတစ်ရှူးများယူခြင်း သို့မဟုတ် အနီးအနားမှတစ်ရှူးများမှ skin flap ကိုအသုံးပြု၍ဒဏ်ရာကိုပြန်လည်ပြုပြင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင်၊ အကောင်းဆုံးရလဒ်ရရှိရန် ဤနည်းလမ်းများကို ပေါင်းစပ်အသုံးပြုသည်။ ပိုမိုရှုပ်ထွေးသော အခြေအနေများအတွက်—မမျှော်လင့်ဘဲ ကြီးမားသောအကျိတ်များ သို့မဟုတ် မျက်လုံးအနီးရှိ ကင်ဆာများကဲ့သို့နေရာများတွင် အနာပြန်ပြင်ရန်လိုအပ်ပါက မျက်နှာပလပ်စတစ်ခွဲစိတ်ဆရာဝန် သို့မဟုတ် oculoplastic ခွဲစိတ်ဆရာဝန်ကဲ့သို့ အထူးကုခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှု လိုအပ်နိုင်သည်။

Mohs ခွဲစိတ်မှုရဲ့ အဓိကအကျိုးကျေးဇူးတွေက ဘာတွေလဲ။

  1. အချို့သောအရေပြားကင်ဆာများအတွက် အမြင့်ဆုံးကောင်းမွန်သည့် ကုသနှုန်းဖြစ်စေပါသည်။ (အချို့စစ်တမ်းများတွင်> 99% ကျော်ထိကုသနိုင်သည်ဟုဆိုပါသည်)
  2. ကျန်းမာသောတစ်ရှူးများကို မထိရအောင် အတတ်နိုင်ဆုံးရှောင်လွှားနိုင်သည်။ 
  3. တစ်ချို့အရေပြားနေရာတစ်ချို့တွင် ခက်ခဲသောအခြေအနေများ သို့ ကင်ဆာပိုဆိုးသောအခါများတွင် သုံးနိုင်သည်။
  4. အရေပြားကင်ဆာပြန်လည်ဖြစ်ပွားမှုများအတွက် 94% အထိ ကုသပေးပါသည်။
  5. မျက်နှာ၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လက်ချောင်း၊ ခြေချောင်းများနှင့် လိင်အင်္ဂါများကဲ့သို့သော ထိခိုက်လွယ်သောနေရာများတွင် အရေပြားကင်ဆာကို ဖယ်ရှားရန်အတွက် ပိုအသုံးပြုသည်။
  6. အနည်းဆုံး ထိုးဖောက်ခွဲစိတ်မှု (MIS) ချဉ်းကပ်နည်းကို အသုံးပြု၍ နာကျင်မှုနည်းပါးစေသော သေးငယ်သော ခွဲစိတ်မှုများ ပါ၀င်ပြီး၊ အနာကျက်မြန်စေရန်နှင့် အမာရွတ်အနည်းငယ်သာ ဖြစ်ပေါ်စေပါသည်။

Procedure လုပ်ပြီးသွားသောအခါ

Mohs ခွဲစိတ်မှု အပြီးတွင် လူနာအများစုသည် အနည်းငယ်မသက်မသာ ခံစားရလေ့ရှိသော်လည်း ရက်အနည်းငယ်အတွင်း သက်သာလာကာ နာကျင်မှုကို ထိန်းချုပ်နိုင်သော ဆေးဝါးများဖြင့် ဆက်လက်ကုသလေ့ရှိသည်။ လူနာသည် နောက်ဆက်တွဲဘက်တီးရီးယားပိုးမွှားကူးစက်မှုကို 7-10 ရက်ကြာကာကွယ်ရန် ပိုးသတ်ဆေးများကို သောက်နေရမည်ဖြစ်ပြီး ထပ်မံရက်ချိန်းကို အနာကုသမှုအတွက် လာရောက်ပြသရန်လိုအပ်ပါသည်။

ပြန်လည်ထူထောင်ရေးနှင့် ရလာဒ်အားဖြင့်

Mohs ခွဲစိတ်မှုမှ အမာရွတ်များ လုံးဝပျောက်ကင်းရန် ယေဘုယျအားဖြင့် ၁၂ လမှ ၁၈ လခန့် ကြာသည်။ အမာရွတ်များ ဆက်လက်ကျန်မည်ကိုလည်း သင်စိုးရိမ်ပါက၊ အမာရွတ်ပြန်လည်ပြင်ဆင်မှုအတွက် ရွေးချယ်စရာများကို ရှာဖွေရန် သင့်ခွဲစိတ်ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။

Medically Reviewed by

DR. CHANATIP DETWANITKUL
DR. CHANATIP DETWANITKUL

Dermatology

Dermatologist - General

Readers’ Rating

5.0 out of 5 stars (based on 2 reviews)