ဝမ်းဗိုက်သွေးလွှတ်ကြောမကြီးရောင်ရမ်းခြင်း

ခြုံငုံသုံးသပ်ချက်များ

သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း သည်သွေးလွှတ်ကြောမကြီး၏ နံရံ ပုံမှန်မဟုတ်ဘဲ ကျယ်လာခြင်း သို့မဟုတ် ဖောင်းလာခြင်းဟု သတ်မှတ်နိုင်သည်။ သွေးလွှတ်ကြောမကြီးသည် နှလုံးမှ ခန္ဓာကိုယ်သို့ သွေးများကို သယ်ဆောင်ပေးသော အကြီးဆုံး သွေးလွှတ်ကြောဖြစ်သည်။ ဝမ်းဗိုက်ရှိ သွေးလွှတ်ကြောမကြီး၏ အစိတ်အပိုင်းတွင် ဖြစ်ပွားသောအခါ ၎င်းကို ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း abdominal aortic aneurysm (AAA) ဟုခေါ်သည်။ ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်း ပေါက်ပြဲခြင်းသည် အသက်အန္တရာယ်ရှိသော သွေးယိုစီးမှုကို ဖြစ်စေနိုင်သည်။

ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်း ပေါက်ပြဲခြင်း အတွက် ကုသမှုများစွာရှိပြီး ပေါက်ပြဲမှု၏ အရွယ်အစားနှင့် ရောဂါ အခြေအနေပေါ် မူတည်၍ ဂရုတစိုက် စောင့်ဆိုင်းခြင်းနှင့် အရေးပေါ် ခွဲစိတ်ကုသမှု တို့ပါဝင်ပါသည်။

ရောဂါလက္ခဏာများ

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ဖောင်းကြွခြင်းရှိသော လူနာအများစုသည် ရောင်ရမ်း ဖောင်းပွမှု ပေါက်ကွဲလုနီးပါးဖြစ်သည်အထိ ရောဂါလက္ခဏာမပြဘဲ အောက်ပါလက္ခဏာများ ခံစားရနိုင်သည်။

· ဝမ်းဗိုက်နာကျင်မှုသည် နက်ရှိုင်းပြီး ကြာရှည်စွာဖြစ်ပေါ်ခြင်း

· နောက်ကျော မှာ နာကျင် မှု ခံစားရခြင်း

· ဝမ်းဗိုက်တွင် သွေးခုန်နှုန်းလို ခံစားရသောခံစားချက် (နှလုံးခုန်ခြင်းနှင့်ဆင်တူသည်)

အောက်ပါရောဂါလက္ခဏာများကို ခံစားနေရပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းခံယူပါ –

· ရုတ်တရက် ဝမ်းဗိုက်ပြင်းထန်စွာ နာကျင်ခြင်း

· အသက်ရှူရ ခက်ခဲခြင်း

· သတိလစ်သွားခြင်း

· နှလုံးခုန်နှုန်းမြန်လာခြင်း

ရောဂါဖြစ်စေသော အကြောင်းရင်းများ

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်း ပေါက်ပြဲခြင်း သည် သွေးလွှတ်ကြောမကြီး ၏ဝမ်းဗိုက်အပိုင်းတွင် ဖြစ်ပွားနိုင်သည်။ သို့သော် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီးရောင်ရမ်းခြင်း ကို သွေးလွှတ်ကြောမကြီးတစ်ခုလုံး၏ မည်သည့်အစိတ်အပိုင်းတွင်မဆို တွေ့ရှိနိုင်သည်။ ၎င်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်သည်။

ရောဂါဖြစ်စေသော အကြောင်းရင်းများတွင် အောက်ပါတို့ ပါဝင်သည်-

· သွေးလွှတ်ကြောများ ထူလာခြင်း– သွေးကြောအတွင်း အဆီနှင့် အခြားပစ္စည်းများ စုပုံလာခြင်းကြောင့် သွေးလွှတ်ကြောများ ထူလာခြင်း။

· သွေးတိုးရောဂါ – သွေးလွှတ်ကြောမကြီးနံရံများကို ပျက်စီးစေပြီး အားနည်းစေနိုင်သည်။

· သွေးကြောရောဂါများ– သွေးကြောများ ရောင်ရမ်းခြင်းကို ဖြစ်စေသည်။

· ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်သော သွေးလွှတ်ကြောမကြီး– ရှားရှားပါးပါးသာ ဖြစ်ပွားလေ့ရှိသည်။

ရောဂါဖြစ်စေသောအချက်များ

ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်မားသော အချက်များစွာရှိပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-

· ဆေးလိပ်သောက်ခြင်း – ၎င်းသည် သွေးလွှတ်ကြောနံရံများကို အားနည်းစေပြီး သွေးလွှတ်ကြော ရောင်ရမ်းခြင်း နှင့် သွေးလွှတ်ကြော ရောင်ရမ်းကွဲအက်ခြင်းဖြစ်နိုင်ခြေကို တိုးစေနိုင်သောကြောင့် အန္တရာယ်မြင့်မားသောအချက်ဖြစ်သည်။ ဖြစ်ပွားနိုင်ခြေ အန္တရာယ်သည် သင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးဝါးခြင်း နှစ် မည်မျှ များပြီ လဲပေါ်တွင်လည်း မူတည်ပါသည်။ အသက် ၆၅-၇၅ နှစ်ကြားရှိ အမျိုးသားများ ဆေးလိပ်သောက်လေ့ရှိသူများသည် ရောဂါဖြစ်နိုင်ခြေ ရှိ/မရှိ ရှာဖွေရန် သွေးလွှတ်ကြော ရောင်ရမ်းခြင်း တစ်ကြိမ် စစ်ဆေးခြင်း (သို့မဟုတ်) အာထရာဆောင်း ပြုလုပ်ရန် အကြံပြုထားသည်။

· အသက်အရွယ် – အသက် ၆၅ နှစ်နှင့်အထက်ရှိသူများတွင် ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း များ အများဆုံးတွေ့ရသောကြောင့်ဖြစ်သည်။

· လိင် – အမျိုးသမီးများထက် အမျိုးသားများတွင် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း များ ပိုမိုတွေ့ရှိရသည်။

· လူမျိုး – လူဖြူများသည် ရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။

· မျိုးရိုးဗီဇ – မိသားစုဝင်တစ်ဦးဦးတွင် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း ရှိဖူးသူ (သို့မဟုတ်) ရှိဖူးသူ ရှိ ခြင်းသည် ရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေသည်။

ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်း ဖောင်းပွမှု အန္တရာယ်ရှိနေပါက အားနည်းနေသော သွေးကြောများအပေါ် ရှိ ဖိအားကို သက်သာစေရန် ကူညီပေးသည့် သွေးပေါင်ချိန် ကျ ဆေးများ ကဲ့ သို့သော အခြား ကုသမှု အချို့ကိုလည်း အကြံပြုနိုင် ပါသည်။

ရောဂါရှာဖွေခြင်း

အများစုတွင် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း များကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု သို့မဟုတ် နှလုံး (သို့မဟုတ်) ဝမ်းဗိုက် အာထရာဆောင်းကဲ့သို့သော အခြား ရည်ရွယ်ချက် အတွက် ပြုလုပ်သော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတစ်ခုအတွင်း တွေ့ရှိရနိုင်သည်။

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်းရောဂါ ကို ရှာဖွေခြင်းသည် လူနာ၏ခန္ဓာကိုယ်ကို စစ်ဆေးခြင်း၊ ဆေးမှတ်တမ်းကို ပြန်လည်သုံးသပ်ခြင်းနှင့် မျိုးရိုးဗီဇ ဆိုင်ရာ အန္တရာယ်ရှိ/မရှိ စစ်ဆေးခြင်းမှ စတင်သည်။ သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်းရောဂါ ရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် ရောဂါရှိနေကြောင်း အတည်ပြုရန် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်းရောဂါ အတွက် ရောဂါရှာဖွေစစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည် –

ဝမ်းဗိုက် အာထရာဆောင်း- ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး အပါအဝင် ဝမ်းဗိုက်၏ အချိန်နှင့်တပြေးညီ ပုံရိပ်များကို ဖန်တီးရန် အသံလှိုင်းများကို အသုံးပြုခြင်း။ ရေဒီယိုဓာတ်မှန်ရိုက်သူ နည်းပညာရှင်တစ်ဦးသည် ဝမ်းဗိုက်ဧရိယာပေါ်တွင် အာထရာဆောင်း စစ်ဆေးသည့်ကိရိယာ (transducer) ကို ရှေ့တိုးနောက်ငင် မရွှေ့မီ အနည်းငယ်ဖိ ပေးခြင်းဖြင့် ဝမ်းဗိုက် အာထရာဆောင်း ကို ပြုလုပ်မည်ဖြစ်သည်။

ဝမ်းဗိုက် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT)- ၎င်းသည် X-ray များကို အသုံးပြု၍ ဝမ်းဗိုက် ဖွဲ့စည်းပုံများ၏ ဖြတ်ပိုင်းပုံရိပ်များအပြင် သွေးလွှတ်ကြောမကြီး၏ ရှင်းလင်းသောပုံရိပ်များကို ဖန်တီးမည်ဖြစ်သောကြောင့် နာကျင်မှုမရှိပါ။ ၎င်းသည် သွေးလွှတ်ကြောမကြီး၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို ဆုံးဖြတ်ရန် ကူညီပေး မည်ဖြစ်သည်။ ဆရာဝန်က CT scan ရိုက်နေချိန်မှာ CT စက်ထဲကူတင်ပေါ်မှာ လှဲနေဖို့ ဆရာဝန်က ပြောပါလိမ့်မယ်။ ပုံရိပ်တွေမှာ သွေးကြောတွေကို ပိုရှင်းရှင်းလင်းလင်း ပေါ်လွင်စေဖို့အတွက် သွေးကြောထဲကို ဆေးဘက်ဆိုင်ရာဆိုးဆေး ပစ္စည်းတစ်မျိုး ထိုးသွင်း မည်ဖြစ်သည်။

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး သွေးကြောပိတ်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း

ဆေးလိပ်သောက်သူ အမျိုးသားများသည် ဝမ်းဗိုက်သွေးလွှတ်ကြော ရောင်ရမ်းခြင်းရောဂါ aneurysm ဖြစ်နိုင်ခြေ ပိုများသည်။ ဤရောဂါ အတွက် စစ်ဆေးခြင်းကို အောက်ပါ အုပ်စုများ အတွက် ယေဘုယျအားဖြင့် အကြံပြုထားသည်။

· ဆေးလိပ်သောက်ဖူးသည့် ရာဇဝင်ရှိသော အသက် ၆၅-၇၅ နှစ်အရွယ် အမျိုးသားများ အတွက် ဝမ်းဗိုက်အာထရာဆောင်း ဖြင့် တစ်ကြိမ်တည်းစစ်ဆေးခြင်း။

· ဆေးလိပ် မသောက်ဖူးသော်လည်း မိသားစုဝင်တစ်ဦးတွင် သွေးကြော ရောင်ရမ်းခြင်း ရောဂါ ရာဇဝင်ရှိ ခြင်းကဲ့သို့သော အန္တရာယ်အချက်ရှိသော အသက် ၆၅-၇၅ နှစ်အရွယ် အမျိုးသားများ

ဆေးလိပ် သောက်သည့် ရာဇဝင်ရှိသော သို့မဟုတ် ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး သွေး ကြောပိတ် သည့် မိသားစုရာဇဝင် ရှိသော အသက် ၆၅-၇၅ နှစ်အရွယ် အမျိုးသမီးများသည် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး သွေးကြောပိတ်ခြင်း စစ်ဆေးခြင်း ခံယူရန် သင့်/မသင့်ကို မပြောနိုင်သေးပါ။ သို့သော် ယေဘုယျအားဖြင့် ဆေးလိပ်မသောက်သော အမျိုးသမီးများတွင် ရောဂါစစ်ဆေးရန် မလိုအပ်ပါ။

ကုသမှုခံယူခြင်း

ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း ပေါက်ပြဲခြင်းကို စောင့်ကြည့်ခြင်းနှင့် ခွဲစိတ်ခြင်း ကုသမှုနှစ်မျိုး ဖြင့် ကုသပေးပါသည်။ ဆရာဝန်သည် သွေးလွှတ်ကြောမကြီး၏ အရွယ်အစား၊ ရောဂါတိုးတက်မှုနှင့် တည်နေရာပေါ် မူတည်၍ ကုသမှုကို ရွေးချယ်ပါမည်။

ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ခြင်း

ဆေးဘက်ဆိုင်ရာ စောင့်ကြည့်ခြင်းကို ရောဂါလက္ခဏာမပြသော သေးငယ်သော ဝမ်းဗိုက် သွေးလွှတ်ကြော ရှိသည့် လူနာများအတွက် အများအားဖြင့် အသုံးပြုပါသည်။ ဤ ဆေးဘက် ဆိုင်ရာ လုပ်ငန်းစဉ်တွင် ဆရာဝန်သည် ရောဂါတိုးတက်မှုအပြင် သွေးတိုးရောဂါကဲ့သို့သော ရောဂါဖြစ်စေသည့်အချက်များကို စောင့်ကြည့်ရန် လူနာနှင့်အတူ ပုံမှန်စစ်ဆေးမှုများနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ပါမည်။

ယေဘုယျအားဖြင့် ရောဂါ ရှာဖွေ တွေ့ရှိပြီးနောက် အနည်းဆုံး ခြောက်လတစ်ကြိမ် ဝမ်းဗိုက် အာထရာဆောင်း စစ်ဆေးမှုကို ပုံမှန်ရက်ချိန်း မှုများဖြင့် ပြုလုပ်ခြင်းသည် ရောဂါလက္ခဏာမပြသော ဝမ်းဗိုက်သွေးလွှတ်ကြောငယ်ရှိသည့် လူနာများအတွက် အကြံပြုထားသည်။

ခွဲစိတ်ကုသခြင်း

အမျိုးသမီးတစ်ဦးတွင် အနည်းဆုံး ၅ လက်မနှင့် အမျိုးသားတစ်ဦးတွင် ၅.၅ လက်မအရွယ်အစားရှိသော ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း aneurysm ရှိသူများကို ရောဂါကုသရန် ခွဲစိတ်ကုသမှု ပြုလုပ်ရန် အကြံပြုထားသည်။

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ရောင်ရမ်းခြင်း aneurysm ပြုပြင်ခွဲစိတ်မှုကို ဗိုက်အောင့်ခြင်း (သို့မဟုတ်) အခြားနေရာတွင် သွေးလွှတ်ကြောပေါက်ခြင်း (သို့မဟုတ်) နာကျင်ခြင်းကဲ့သို့သော ရောဂါလက္ခဏာအချို့ခံစားနေရသူများအတွက်လည်း အကြံပြုနိုင်ပါသည်။

ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး နံရံ ရောင်ရမ်းခြင်း aneurysm ၏ အရွယ်အစားနှင့် တည်နေရာသည် လူနာအတွက် သင့်လျော်သော ကုသမှုရွေးချယ်မှုကို ရွေးချယ်ရန် အသုံးပြုသည့် အချက် ဖြစ်သည်။

ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး aneurysm ခွဲစိတ်ကုသမှု ရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်သည်-

· သွေးကြောအတွင်း သွေးကြောဖောင်းပွမှု ပြုပြင်ခြင်း Endovascular aneurysm repair (EVAR): ဝမ်းဗိုက် သွေးလွှတ်ကြောမကြီး နံရံ ရောင်ရမ်းခြင်း aortic aneurysm ကိုကုသရန် ပြုလုပ်နိုင်သော အသေးဆုံး ထိုးဖောက် ခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်ပြီး၊ ၎င်းသည် X-rays ကိုအသုံးပြု၍ ပေါင်ခြံသွေးလွှတ်ကြောများမှတစ်ဆင့် သွေးကြောဖောင်း အတွင်း aneurysm သတ္တုပိုက်လိုင်း အစားထိုးmetal mesh tube (graft) ထည့်သွင်းခြင်းဖြင့် သတ္တုပိုက်လိုင်း အစားထိုး graft ကိုနေရာတကျဖြစ်စေရန် လမ်းညွှန်ပေးပါသည်။ သတ္တုပိုက်လိုင်း အစားထိုး graft ကို aorta ၏ ထိခိုက်နေသော နေရာကို အားကောင်းစေရန် နှင့် သွေးကြောဖောင်း aneurysm ကွဲထွက်ခြင်းမှ ကာကွယ် ရန် ထိခိုက်နေသော နေရာတွင် ချဲ့ထွင်ပြီး တပ်ဆင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဝမ်းဗိုက် aortic aneurysm အားလုံးသည် endovascular ပြုပြင်မှု အတွက် သင့်လျော် မည် မဟုတ်ပါ။

အစားထိုး graft လုပ်ထားသော နေရာတွင် ယိုစိမ့်မှု မရှိစေရန် endovascular သွေးကြော အတွင်း သွေးကြောဖောင်းပွမှု ပြုပြင်ခြင်း ခွဲစိတ်မှုပြီးနောက် လူနာသည် ရံဖန်ရံခါ imaging စစ်ဆေးမှုများကို ခံယူရန် လိုအပ်သည်။

· ဝမ်းဗိုက်ဖွင့် ခွဲစိတ်မှု Open abdominal surgery: ဝမ်းဗိုက်ဖွင့် ခွဲစိတ်မှု သည် သွေးလွှတ်ကြောမကြီး aorta ၏အားနည်းနေသော အစိတ်အပိုင်းကိုဖယ်ရှားပြီး အစားထိုး graft ဖြင့် အစားထိုးသည့် လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်သည်။ ဤခွဲစိတ်မှုအမျိုးအစား ကို ခံယူသော လူနာသည် အနည်းဆုံး တစ်လအတွင်း အပြည့်အဝ ပြန်လည် ကောင်းမွန် လာလေ့ ရှိသည်။

သွေးကြောအတွင်း ခွဲစိတ်မှုနှင့် ဝမ်းဗိုက်ဖွင့် ခွဲစိတ်မှု နှစ်မျိုးလုံးသည် ရေရှည် အသက် ရှင်သန် သည့် ရာခိုင်နှုန်း နှုန်း အတူတူ ဖြစ်သည်။

 

Doctors who treat this condition