About Us Vejthani

ကျန်းမာရေးစောင့်ရှောက်မှုတွင် သာလွန်မှုများအတွက် သင်ယုံကြည်စိတ်ချရသော နေရာတစ်ခု

သင့်အတွက်လိုအပ်သော ကုသမှုများ သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိလိုသည်များရှိပါက ကျွန်ုပ်တို့၏ အထူးကုဆရာဝန်များကို ဆက်သွယ်နိုင်ပါသည်။

ဆရာ၀◌န်နဲ့တွေ့ဆုံရန်

World-Class Care, Built on Trusted Expertise

Discover how Vejthani is redefining healthcare

ကျွန်ုပ်တို့သည်မည်သူနည်း
ကျွန်ုပ်တို့အကြောင်းပိုမိုသိရှိနိုင်ဖို့

၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာ ဆေးရုံသည် JCI အသိအမှတ်ပြု အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ပေးဆောင်သည့် ထိုင်းနိုင်ငံရှိ အကောင်းဆုံး ပုဂ္ဂလိက နိုင်ငံတကာ ဆေးရုံများထဲမှ တစ်ခုဖြစ်သည်။ ခေတ်မီ ဆေးဘက်ဆိုင်ရာ နည်းပညာများ၊ နိုင်ငံတကာတွင် လေ့ကျင့်သင်ကြားထားသော အထူးကုများ၊ ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု စံနှုန်းများနှင့် စစ်မှန်သော ဧည့်ဝတ်ကျေပွန်မှုတို့သည် ကျွန်ုပ်တို့၏ အဓိက အရည်အချင်းများ ဖြစ်သည်။ တိကျပြီး ပြည့်စုံသော ဆေးစစ်မှုများနှင့် အခြား လုပ်ထုံးလုပ်နည်းများအတွက် ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့၏ ဆေးရုံသို့ လာရောက်ကုသနိုင်ပါသည်။ ကျွန်ုပ်တို့သည် နှစ်စဉ် နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူနာ ၃၀၀,၀၀၀ ကျော်ကို လူနာတင်ကုတင်ပေါင်း ၂၀၀ ကျော်ဖြင့် ကုသဝန်ဆောင်မှုပေးပါသည်။ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆိုမှုတွင် ပြဿနာမရှိ သေချာစေရန် မိခင်ဘာသာစကား ၂၀ ကျော်ဖြင့် ထိရောက်စွာ ဆက်သွယ်နိုင်သော ကျန်းမာရေးအသိပညာရှိသော ဘာသာပြန်အဖွဲ့ကို ပံ့ပိုးပေးပါသည်။

တားဆီးမှုနံရံများမရှိသော ကျန်းမာရေးစောင့်ရှောက်မှု - ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာဆေးရုံတွင် နိုင်ငံတကာ လူနာများအား ကုသမှုယူရာတွင် မိမိအိမ်တွင်ရှိနေသကဲ့သို့ ခံစားရစေရန် ကူညီပေးခြင်း

ထိုင်းနိုင်ငံရှိ အကောင်းဆုံးဆေးရုံများထဲမှ တစ်ခုဖြစ်သည့် ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာဆေးရုံတွင် အထူးကုဆရာဝန် ၃၀၀ ကျော်ရှိသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများတွင် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု၊ စက်ရုပ်အသုံးပြုကာကျောရိုးခွဲစိတ်ကုသမှု၊ အဆစ်အမြစ်အစားထိုးကုသမှု၊ ကျောက်ကပ်အစားထိုးကုသမှု၊ အလှအပဆိုင်ရာခွဲစိတ်ကုသမှု၊ သွားကျန်းမာရေးကုသမှု၊ အရေပြားနှင့်လေဆာကုသမှု၊ လက်နှင့်ပခုံးခွဲစိတ်ကုသမှု၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါကုသမှု၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါကုသမှု၊ ဝမ်းဗိုက်ခွဲစိတ်ကုသမှု၊ အူမကြီးခွဲစိတ်ကုသမှုနှင့် မီးယပ်အထူးကုဆရာဝန်များ ပါဝင်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဆေးရုံတွင် အကောင်းဆုံးဆေးစစ်မှုများကို ပေးဆောင်ပြီး အကောင်းဆုံးစောင့်ရှောက်မှုကို ပေးဆောင်ရန် ကြိုးစားလုပ်ဆောင်ပါသည်။ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုကို နှစ်ပေါင်းများစွာအတွေ့အကြုံရှိပြီး နိုင်ငံတကာလေ့ကျင့်မှုနှင့် အသိအမှတ်ပြုလက်မှတ်များရရှိထားသော ကျွမ်းကျင်ခွဲစိတ်ဆရာဝန်များနှင့် အထူးကုဆရာဝန် ရာပေါင်းများစွာမှ သေချာစေပါသည်။

ဝေ့ဌာနီ အပြည်ပြည်ဆိုင်ရာ ဆေးရုံသည် အမေရိကန်ပြည်ထောင်စု၊ Joint Commission International (JCI) မှ လူနာဘေးကင်းရေးစံနှုန်းများ အမြင့်ဆုံးရှိသော ထိပ်တန်းဆေးရုံများကို အသိအမှတ်ပြုသည့် Clinical Care Program Certifications (CCPCs) အများအပြားကို ရရှိခဲ့သည်။ ဝေ့ဌာနီ အပြည်ပြည်ဆိုင်ရာ ဆေးရုံ၏ ဆီးချိုရောဂါကုသခြင်းများ၊ အသည်းရောင်အသားဝါ B ပိုး၊ ဒူးအစားထိုးကုသမှုနှင့် Lumbar Decompression and Fixation အတွက် လက်တွေ့စောင့်ရှောက်မှု ကုသခြင်းများတွင်လည်း JCI CCPCs လက်မှတ်များ ရရှိထားသည်။ ဤအောင်မြင်သောကုသမှုများကြောင့် အရိုးအကြောဆိုင်ရာ နယ်ပယ်တွင်လည်း ကျွန်ုပ်ပ်တို့ဆေးရုံကို ‘အရိုးများ၏ဘုရင်’ ဟူသော ဂုဏ်သတင်းကို ထောက်ခံပြီး လူနာများ၏ အတွေ့အကြုံများနှင့် လူပြောများလာစေသော အချက်များအဖြစ် သက်သေပြလျှက်ရှိပါသည်။ ဝေ့ဌာနီ အပြည်ပြည်ဆိုင်ရာ ဆေးရုံသည် Hepatitis B CCPC ကို ရရှိသော ကမ္ဘာ့ပထမဆုံး ဆေးရုံဖြစ်ပြီး အရှေ့တောင်အာရှတွင် Lumbar Decompression and Fixation CCPC ကို ရရှိသော ပထမဆုံး ဆေးရုံဖြစ်သည်။

တုံ့ပြန်ချက်များပေးရန်
healthier-world

ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာဆေးရုံကြီးအကြောင်း

vision-icon

ကျွန်ုပ်တို့အမြင်

အရှေ့တောင်အာရှတွင် ထိပ်တန်းပုဂ္ဂလိက tertiary hospital အဆင့် စောင့်ရှောက်မှုဆေးရုံကြီး ဖြစ်လာရန်

ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာဆေးရုံကြီးအကြောင်း

mission-icon

ကျွန်ုပ်တို့တာ၀န်

ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာ ဆေးရုံသည် နိုင်ငံတကာစံနှုန်းများအပေါ်အခြေခံ၍ လူနာနှင့် မိသားစုအတွေ့အကြုံများကို မြှင့်တင်ပေးသည့် ဆန်းသစ်သော ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းစောင့်ရှောက်မှုပေးရန် အကောင်းဆုံးနေရာအဖြစ် ဆရာဝန်များနှင့် ဝန်ထမ်းများက ကျွန်ုပ်တို့ကို အသိအမှတ်ပြုကြသည်။

Venjthani Victory DNA

ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးရှိ ဝန်ထမ်းအားလုံးသည် အောက်ပါ တူညီသော ဝိသေသလက္ခဏာ ၃ ခုအောက်တွင် အလုပ်လုပ်ကာ ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေသည်-

  • အနိုင်ရရှိရန် စိတ်ဆန္ဒပြင်းပြခြင်း
  • နိုင်ငံတကာပညာရှင်ဆန်ခြင်း
  • အသစ်အသစ်သောတီထွင်မှုများကို လေ့လာခြင်း

အဓိက အရည်အချင်း

ကျွန်ုပ်တို့သည် ဗဟုသုတ၊ ကျွမ်းကျင်သူများ၏ အထူးပြုကျွမ်းကျင်မှုများနှင့် ကုသမှုအပေါ် မတူညီသောရှုထောင့်များကို လေးစားမှုနှင့် ဂုဏ်သိက္ခာရှိရှိ ပေါင်းစပ်ခြင်းဖြင့် လူနာများ၊ မိသားစုနှင့် အသိုင်းအဝိုင်းအတွက် အဆင့်မြင့်ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုမှတစ်ဆင့် အကောင်းဆုံးစောင့်ရှောက်မှုကို ပေးဆောင်ပါသည်။

  • အရည်အသွေးမြင့်သောသတိထားစောင့်ကြည့်မှု
  • သာလွန်သောကျန်းမာရေးစောင့်ရှောက်မှု
  • အောင်မြင်မှုများကို ဦးတည်ခြင်း
  • တာ၀န်ယူမှု
  • အသင်းအဖွဲ့ဖြင့်လုပ်ဆောင်မှု
  • စဥ်ဆက်မပြတ် လေ့လာမှု

ထိုင်းနိုင်ငံမှာ အကောင်းဆုံး ဆေးကုသမှုခံယူဖို့အတွက် ဝေ့ဌာနီ အပြည်ပြည်ဆိုင်ရာ ဆေးရုံကို ဆက်သွယ်ပြီး ဒီနေ့ပဲ ရက်ချိန်းယူလိုက်ပါ။

"ဝေ့ဌာနီ အပြည်ပြည်ဆိုင်ရာ ဆေးရုံမှာ ကျွန်တော်တို့ဟာ အဆင့်မြင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုနဲ့ ခေတ်မီနည်းပညာတွေကို ပေါင်းစပ်ပြီး ကမ္ဘာတစ်ဝှမ်းက လူနာတွေကို ယုံကြည်စိတ်ချရတဲ့ စောင့်ရှောက်မှုတွေ ပေးအပ်ပါတယ်။ ကျွန်တော်တို့ကို အမှန်တကယ် ထူးခြားစေတာက လူနာတိုင်းရဲ့ အသံကို ကျွန်တော်တို့ တန်ဖိုးထားပြီး ပထမဆုံး ထိတွေ့မှုကနေ သူတို့ ကျွန်တော်တို့ရဲ့ ကုသမှုမှသက်သာပျောက်ကင်းပြီး အမိနိုင်ငံသို့ ပြန်သွားတဲ့အထိ သူတို့ရဲ့ တုံ့ပြန်ချက်ကို နှလုံးသားထဲ ထည့်သွင်းစဉ်းစားတာပါပဲ။ အပြန်အလှန် ဆက်သွယ်မှုတိုင်းဟာ ကျွန်တော်တို့ရဲ့ ထူးချွန်မှု ကတိကဝတ်ကို ထင်ဟပ်စေပြီး ဝန်ဆောင်မှုတိုင်းကို လူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေရုံသာမက ချောမွေ့ပြီး အမှန်တကယ် ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု ခရီးတစ်ခုကို ရရှိစေမည်မှာ သေချာစေပါတယ်။"

Charkrit Soucksakit, Ph.D.

အမှုဆောင်အရာရှိချုပ်

ကိုးကားချက်

ဝေ့ဌာနီအပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးအကြောင်း ပိုမိုရှာဖွေကြည့်ပါ