Health Article

ထိုင်းတွင် IVF လုပ်ခြင်းသည် အမြွာကလေးမျာ ရရှိရန်များစွာအ‌ထောက်အပံ့ဖြစ်စေပါသည်

Share:

in vitro fertilization (IVF) ၏ ခရီးတစ်လျှောက်လုံးတွင် မိဘများ၏ မျှော်လင့်ခြင်း နှင့် စိတ်ခံစားမှုများစွာကို ဖြစ်စေသော အတွေ့အကြုံတစ်ရပ်အနေဖြင့် ပါ၀င်ပါသည်။ အမွှာကိုယ်ဝန်ယူလိုသော စုံတွဲများအတွက်၊ ယခုနည်းလမ်းသည် ပုံမှန်ထက်ပိုမိုရှုပ်ထွေးနိုင်ပြီး စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရနိုင်ကာ အောင်မြင်မှုအတွက်လည်း ပုံမှန်ထက် နှစ်ဆတိုးစေသည်မှာအမှန်အကန်ပါ။ ဤစာစောင်တွင်၊ ကျွန်ုပ်တို့၏ IVF ခရီးစဉ်တွင် စိတ်ခံစားမှုနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများကို အသေးစိတ်ဖော်ပြပေးမည်ဖြစ်ပြီး အမြွှာလေးများကို မျှော်မှန်းထားသော စုံတွဲများအတွက် ထိုင်းနိုင်ငံရှိ Vejthani ဆေးရုံ၏ V-Fertility Center တွင် မည်သို့တိုင်ပင်ဆွေးနွေးလုပ်ဆောင်ပေးနေသည်ဆိုသည်ကိုပါပြောပြပေးသွားမည်ဖြစ်ပါသည်။

Vejthani ဆေးရုံ၏ V-Fertility Center သည် ထိုင်းနိုင်ငံရှိ IVF နှင့် အခြားသော မျိုးပွားခြင်းဆိုင်ရာပြဿနာများရှိနေသောစုံတွဲများအတွက် ကောင်းမွန်သောကျန်းမာရေးဝန်ဆောင်မှုများကို ပေးနေသည်မှာ ဆယ့်ငါးနှစ်ကြာမျှ ရှိနေပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင် ခွဲစိတ်ပြီးသုတ်ပိုးပြန်ထုတ်ခြင်း (SSR)၊ မျိုးဥနှင့် သုက်ပိုးအေးခဲခြင်း၊ မျိုးရိုးဗီဇဆိုင်ရာရောဂါရှာဖွေကာ ကြိုတင်ထည့်သွင်းခြင်း (PGD)၊ INTRAUTERINE INSEMINATION (IUI)၊ နှင့် intracytoplasmic sperm injections (ICSI) တို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် သန္ဓေသား၏ကြီးထွားမှုကိုခြေရာခံပြီး ၎င်းတို့ပုံမှန်အတိုင်းကြီးထွားနေကြောင်းသေချာစေရန် EmbryoScope Plus incubator ကိုလည်းအသုံးပြုနိုင်ပါသည်။

IVF ၏ စိတ်ခံစားမှုဆိုင်ရာအချို့

IVF ကို တကယ်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချနိုင်မှုသည် မကြာခဏဆိုသလို မိဘများအတွက် လွန်စွာနက်နဲသောဆုံးဖြတ်ချက်တစ်ခုပင်ဖြစ်သည်။ ယင်းတွင် စိတ်ပိုင်းဆိုင်ရာ အတက်အကျများဖြစ်စေနိုင်သော ကာလတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ စုံတွဲများသည် IVF ကို တကယ်လုပ်ဆောင်ရာတွင် လုပ်‌ေဆာင်နေစဥ်အတွင်း မျိုးပွားနိုင်ခြင်းဆိုင်ရာ ရှုပ်ထွေးမှုများနှင့် မိမိကလေး၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် မိဘများ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကိုပါရင်ဆိုင်နိုင်ရန် နားလည်ထားကြသည်။ အမြွှာကိုယ်ဝန်ဆောင်ခြင်း အမှန်တကယ်အောင်မြင်လာပြီဆိုပါက ကိုယ်ဝန်ရနိုင်ခြေကို တိုးမြင့်လာစေရန်နှင့် ကိုယ်၀န်ဆောင်စဥ်တွင် အခက်အခဲများမရှိစေရင် ရရှိနိုင်သော လုပ်ထုံးလုပ်နည်းများကို ဆရာ၀န်များနှင့်အတူ စေ့စေ့စပ်စပ် နားလည်ပြီး ကျန်းမာသန်စွမ်းသော အမြွာလေးများမွေးဖွားလာစေရန် အားလုံးအတူတူကြိုးစားကာကွယ်စောင့်ရှောက်ကြခြင်းဖြစ်ပါသည်။

IVF နှင့် ၎င်း၏ အစိတ်အပိုင်းများကို နားလည်ခြင်း။

In vitro မျိုးအောင်ခြင်းကို IVF ဟု အများအားဖြင့် သိကြပြီး သားအိမ်အပြင်ဘက်တွင် မျိုးဥနှင့် သုတ်ပိုးများ ပေါင်းစပ်ကာ သားအိမ်အတွင်း သန္ဓေသားလောင်းကို ဖန်တီးသည့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ယင်းတွင် အဓိကအဆင့်များစွာ ပါဝင်သည်-

  • Ovarian Stimulation- အမျိုးသမီးသည် ရင့်ကျက်ပြီး ကျန်းမာသော မျိုးဥများထွက်လာစေရန် သားအိမ်လှုံ့ဆော်မှုကို ခံယူရသည်။
  • မျိုးဥပြန်လည်ရယူခြင်း- သားဥအိမ်မှ ရင့်ကျက်ကောင်းမွန်သောသားဥများကို ထုတ်ယူရန်အတွက် အသေးစားခွဲစိတ်မှုတစ်ခု လုပ်ဆောင်ရသည်။
  • မျိုးအောင်ခြင်း- ဓာတ်ခွဲခန်းတွင် မျိုးဥများကို သုက်ပိုးများနှင့် ပေါင်းစပ်ပြီး မျိုးအောင်ခြင်း လွယ်ကူစေရန် လုပ်ဆောင်ရသည်။
  • သန္ဓေသားလောင်းအမျိုးအစား- မျိုးအောင်ပြီးခါစ မျိုးဥများသည် ဓာတ်ခွဲခန်းတွင် ရက်အနည်းငယ်ကြာ မွေးမြူထားပြီးနောက် သန္ဓေသားအဖြစ် ပေါက်ဖွားလာသည်။
  • သန္ဓေသားလွှဲပြောင်းခြင်း- ရရှိလာသောသန္ဓေသားလောင်းကို အမျိုးသမီး၏သားအိမ်ထဲသို့ လွှဲပြောင်းထည့်ခြင်းဖြင့်‌ အောင်မြင်သောကိုယ်၀န်ဖြစ်တည်မှုအတွက် ဆက်လက်လုပ်ဆောင်သည်။

ဤအဆင့်များအပြင်၊ စုံတွဲများသည် ၎င်းတို့၏ အမြွာကိုယ်၀န်ရရှိမှု အောင်မြင်စေနိုင်သည့် အခြားအခွင့်အရေးများဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် နောက်ထပ်လုပ်ထုံးလုပ်နည်းများကို ရွေးချယ်နိုင်သည်။ Intracytoplasmic sperm ထိုးဆေး (ICSI) တွင် သုက်ပိုးတစ်မျိုးတည်းကို သားဥထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြင့် မျိုးအောင်နိုင်သည့် အခွင့်အလမ်းကို မြှင့်တင်ပေးခြင်းဖြစ်သည်။ Preimplantation genetic diagnosis သည် chromosomal မူမမှန်မှုများကို စစ်ဆေးရန်အတွက် ဓာတ်ခွဲခန်းရှိ သန္ဓေသားလောင်းများတွင် အသုံးပြုနိုင်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ကျန်းမာသောကိုယ်ဝန်ဆောင်နိုင်ခြေကို ပိုမိုတိုးမြင့်စေပါသည်။

Vejthani ဆေးရုံ၏ V Fertility Center

ဘန်ကောက်မြို့လယ်တွင် တည်ရှိပြီး Vejthani ဆေးရုံရှိ V-Fertility Center သည် အာရှ၏ ထိပ်တန်းမျိုးပွားရေးစင်တာများထဲမှ တစ်ခုဖြစ်ပြီး အမြွှာကိုယ်ဝန်ဆောင်ရန် မျှော်လင့်ထားကြသော စုံတွဲများအတွက် မျှော်လင့်ချက်ရောင်ခြည်ကို ပေးဆောင်နိုင်သည်။ V-Fertility Center ၏ ခေတ်မီသော ဆေးရုံတွင်းဖွဲ့စည်းမှုများနှင့် အထူးကျွမ်းကျင်သူများသည် IVF ခရီးစဉ်၏ ခြေလှမ်းတိုင်းကို ၎င်း၏လူနာများ၏ သီးခြားလိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် အမြဲမပြတ် ဂရုစိုက်စောင့်ရှောက်ပေးပါသည်။

သားအိမ်လှုံ့ဆော်မှုကောင်းမွန်စေရန်နှင့် သန္ဓေပြောင်းရာတွင်လည်း တိကျသောရွေးချယ်မှုကို သေချာစေခြင်းဖြင့် အမွှာကိုယ်ဝန်ဆောင်ရန် အခွင့်အလမ်းများကို တိုးမြင့်စေသည့် ကျွန်ုပ်တို့၏အထူးပညာရှင်များအဖွဲ့သည် အမြဲအဆင်သင့်ရှိနေသည်ဖြစ်ပါသည်။

IVF ခရီးစဉ်တစ်ခုလုံးအတွက် Holistic Care

Vejthani ဆေးရုံတွင် လူနာများအား ပြုစုစောင့်ရှောက်ရာတွင် အမြွာကိုယ်ဝန်ရရုံနှင့်မပြီးသွားပါ။ V-Fertility Center သည် မိခင်နှင့် အမွှာနှစ်ဦးစလုံး၏ ကျန်းမာရေးကို အထူ‌ေစာင့်ရှောက်နိုင်စေရန်အတွက်လည်း မွေးဖွားပြီးနောက် သီးသန့်အခန်းများတွင် ထားရှိကာ စောင့်ရှောက်မှုကို ပေးစွမ်းလျက်ရှိပါသည်။ ဤသို့ အသေးစိတ်ပြုစုစောင့်ရှောက်ခြင်းများသည် စုံတွဲများအား မိမိတို့မျှော်လင့်ချက်အတိုင်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါသည်၊ ကနဦး တိုင်ပင်ဆွေးနွေးမှုမှသည် ၎င်းတို့၏အမွှာများကို ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားနိုင်သည့် အခြေအနေသို့ရောက်အောင် ပျော်ရွှင်စရာ အခိုက်အတန့်အထိကိုဖြစ်စေသည်အထိကို ပံ့ပိုးမှုပေးပါသည်။  

ထို‌့ကြောင့် အမြွာအိပ်မက်ရှိသောစုံတွဲများအတွက် V-Fertility Center တွင် ချိန်းဆိုဖို့ ခုပဲဆက်သွယ်နိုင်ပါသည်။

ရင်သွေးနှစ်ယောက် ဆင်တူလေးမွေးဖွှားဖို့ အိပ်မက်မက်နေသည့် စုံတွဲများအတွက် Vejthani ဆေးရုံသည် ၎င်းတို့၏ မိသားစုဘဝခရီးအတွက် ကောင်းမွန်သောအခြေအနေဖြစ်အောင် ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် တဖက်တလမ်းမှ ဖေးမကူညီမှုပေးပါသည်။ ခေတ်မီနည်းပညာများ၊ သီးသန့် ပြုစုစောင့်ရှောက်မှုနှင့် အဖွဲ့လိုက် ပံ့ပိုးကူညီမှုတို့ ပေါင်းစပ်လိုက်သောအခါ မိသားစုဦးရေပိုမို တိုးပွားလိုသူများအတွက် V-Fertility Center အား အကောင်းဆုံးသော ပံ့ပိုးမှုထောက်တိုင်အဖြစ်သတ်မှတ်စေပါသည်။

ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်အဖွဲ့သည် သင့်အား IVF ၏အဆင့်တစ်ခုခြင်းစီတွင် မိမိနဲ့သင့်တော်မည့် အခြေအနေအရပ်ရပ်မျာကို သေချာ လမ်းညွှန်ကာ သင့်အမွှာကိုယ်ဝန်ဆောင်နိုင်ခြေကို ကျန်းမာပြီး အမြင့်မားဆုံးဖြစ်အောင် ပံ့ပိုးကူညီမှုနှင့် ကျွမ်းကျင်မှုတို့ကို ပေးဆောင်ရန် အဆင်သင့်ရှိနေသည်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating