Health Article

လေဖြတ်လူနာများအတွက် စက်ရုပ်အကူအညီကိုသုံး၍လက်မောင်းကို လေ့ကျင့်ခြင်းဖြင့် ပြန်လည်ထူထောင်ရေး ရလာဒ်ကို မြှင့်တင်ပေးခြင်း

Share:

လေဖြတ်ခြင်းသည် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း၊ ကျဉ်းမြောင်းခြင်း သို့မဟုတ်ပိတ်ဆို့ခြင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။၎င်းသည်ဦးနှောက်တစ်သျှူးများကိုပျက်စီးစေခြင်း၊လက်နှင့်ခြေထောက်များကိုအားနည်းစေခြင်း၊လက်နှင့်ခြေထောက်တို့ပေါင်းစပ်လှုပ်ရှားမှုကိုပျက်ပြားစေသည်။ပြန်လည်ထူထောင်ရေးအတွက် သင့်တော်မှန်ကန်သော လေ့ကျင့်မှု ကုသမှုကိုအချိန်မီအဆက်မပြတ်ဆောင်ရွက်နိုင်ပါက လူနာသည်ယခင်ကဲ့သို့လှုပ်ရှားမှုကိုပြန်လည်ရရှိရန်အခွင့်အလမ်းရှိမည်ဖြစ်သည်။ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ၏အဓိကအချက်မှာ“နှောင့်နှေးခြင်းမရှိဘဲသင့်လျော်သောရလာဒ်ကိုရရှိစေရန်” ဖြစ်သည်။

Vejthaniဆေးရုံမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ◌်များတွင် အထူးပြုလေ့လာဆည်းပူးထားသော ဒေါက်တာTachipatSereearunoက Vejthaniဆေးရုံတွင် အသုံးပြုသောLokomat၊,CMillနှင့်Keeogoကဲ့သို့သော ပြန်လည်ထူထောင်ရေးအတွက်ဖန်တီးထားသည့် စက်ရုပ်များသည် လှုပ်ရှားမှုပြန်လည်ထူထောင်ရေး၊ ဟန်ချက်ထိန်းရန်နှင့်လမ်းလျှောက်လေ့ကျင့်မှုများတွင် အသုံးပြုနိုင်စေခြင်းဖြင့် အဆင့်မြင့်ပြန်လည်ထူထောင်ရေးစင်တာများတွင် လေဖြတ်လူနာများကို လေ့ကျင့်ပေးလျှက်ရှိပါသည်။ လက်နှင့်လက်မောင်းများ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာပြန်လည်ထူထောင်နိုင်ရန်အတွက်ပြန်လည်ထူထောင်ရေး စက်ရုပ်များကို  Vejthani ဆေးရုံသည် မကြာသေးမီကစတင်အသုံးပြုခဲ့ပါသည်။ လက်နှင့်လက်မောင်းလှုပ်ရှားမှုများအတွက် ပြန်လည်ထူထောင်ရေးတွင် အသုံးများသော စက်ရုပ်အသစ်များမှာ-

  • Luna EMG & Mezos SIT – လက်ကြွက်သားအားနည်းသောလူနာများ၊ လက်မောင်းမလှုပ်ရှားနိုင်သော လူနာများနှင့် လက်မောင်းသန်မာလိုသူများအတွက် လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် Luna စက်ရုပ်သည် ကိုယ်အပေါ်ပိုင်းခြေလက်အင်္ဂါချို့ယွင်းနေသောလူနာများအား လှုပ်ရှားမှုများပြန်လည်ရရှိစေရန် ကူညီပေးပါသည်။ ၎င်းတွင် လှုပ်ရှားမှုကို ခြေရာခံသည့် အာရုံခံကိရိယာများကို ဖော်ပြနေသည့် မော်တာတစ်ခု ပါရှိသည်။ အာရုံခံကိရိယာများမှ အချက်အလက်များကို ကွန်ပျူတာသို့ပေးပို့ခြင်းကို လုပ်ဆောင်ပေးသည်။ ထို့နောက် ကွန်ပြူတာသည် လူနာ၏ တိုးတက်မှုဒေတာများကို ဆရာ၀◌န်အား ဆုံးဖြတ်ပေးနိုင်ရင် ကူညီပေးခြင်းဖြစ်သည်။ ယင်းကလူနာများ၏ biomechanics ကိုအခြေခံ၍ ၎င်းတို့၏လက်မောင်းများလှုပ်ရှားမှု မှန်ကန်သောနည်းလမ်းများကို လုပ်ဆောင်စေပါသည်။ ထိုစက်ပစ္စည်းသည် လူနာများအားတတ်နိုင်သမျှ မှန်ကန်စွာ လှုပ်ရှားနိုင်စေရန်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်နှုတ်ပေးပြီး ၊ကုထုံးဆရာမှ လူနာ၏တိုးတက်မှုကိုခြေရာခံကာလိုအပ်သလိုကုသရေးအစီအစဉ်ကို ချိန်ညှိနိုင်ရန်ကူညီပေးပါသည်။
  • Hand of Hope ပြန်လည်ထူထောင်ရေးစက်ရုပ်သည် လေဖြတ်ခြင်း၊သို့မဟုတ် ကိုယ်တစ်ခြမ်း လေဖြတ်ခြင်းဝေဒနာရှင်များအတွက် ဒီဇိုင်းထုတ်ထားပြီး လက်များကိုလှုပ်ရှားရန်ခက်ခဲခြင်း သို့မဟုတ်ဆုပ်ကိုင်နိုင်မှုအားနည်းသောလူနာများအတွက် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ ၄င်းစက်ရုပ်သည်အာရုံကြောစနစ်၏ လုပ်ဆောင်မှုကို ပြန်လည်ထူထောင်မြှင့်တင်ပေးခြင်းအားဖြင့် အဆိုပါလူနာများ၏ လက်လှုပ်ရှားမှုကို သဘာဝအတိုင်းပြန်လည်ရရှိစေရန်ကူညီပေးပါသည်။
  • Armeo Spring – လက်မောင်းနှင့် လက်လှုပ်ရှားမှု ချို့ယွင်းနေသောလေဖြတ်လူနာများအားလှုပ်ရှားမှုနှင့် လုပ်ဆောင်ချက်များကိုပြန်လည်ရရှိစေရန် စက်ရုပ်နည်းပညာနှင့်virtual reality simulationကိုအသုံးပြုသည့် စက်ရုပ်အသုံးပြုကာ လက်မောင်းလှုပ်ရှားမှုကို ပြန်လည်ထူထောင်ပေးသော ကိရိယာ ဖြစ်ပါသည်။ လက်မောင်းလှုပ်ရှားမှု အားနည်းသော လူနာများအတွက် ဒီဇိုင်းထုတ်ထားပြီး လက်မောင်းအနည်းငယ် လှုပ်ရှားနိုင်သော်လည်း နေ့စဉ်ဘ၀တွင် လှုပ်ရှားမှုများကို ထိန်းချုပ်ရန် လုံလောက်သော ကြံ့ခိုင်မှုမရှိသူများအတွက် အဓိကထားပါသည်။ Armeo spring သည်ကြွက်သားအားထိန်းချုပ်မှုနှင့် လေ့ကျင့်ခန်းလုပ်ခြင်းကို ပိုမိုထိရောက်စေသည်။ လှုပ်ရှားမှုများ၏ ရလာဒ်များကို အချိန်နှင့်တပြေးညီ ဖန်သားပြင်ပေါ်တွင် ပြသပြီး လူနာများအား၎င်းတို့မည်ကဲ့သို့လှုပ်ရှားနေသည်ကိုမြင်နိုင်စေရန်နှင့် လိုအပ်သည့်နည်းစနစ်များကိုလည်း လေ့ကျင့်နေစဥ◌်အတွင်း မှန်ကန်အောင်ပြုလုပ်စေပါသည်။

ဆရာဝန်သည်လူနာ၏လှုပ်ရှားမှုစွမ်းရည်ကိုအဆင့်0-  5ဖြင့်အကဲဖြတ်မည်ဖြစ်ပါသည်။ အဆင့် 0–1 ဖြစ်ပါက ”လူနာသည် ခန္ဓာကိုယ်ကို ရွေ့လျားရန် လုံလောက်သော ခွန်အားမရှိခြင်း” ကိုဆိုလိုခြင်းဖြစ်သည်။

အဆင့် 2-3 တွင် ကြွက်သားများသည် လှုပ်ရှားရန် လုံလောက်သော ခွန်အားကို စတင်ရရှိနေပြီဖြစ်သော်လည်း ခုခံတွန်းအားကို ပြန်လည်မတွန်းလှန်နိုင်သေးပါ။

အဆင့် 4 တွင် ကြွက်သားများသည် သာမန်လူများကဲ့သို့အတိုင်းအတာတစ်ခုအထိ တွန်းလှန်နိုင်စွမ်းရှိသော်လည်း၊ သာမန်အခြေအနေကြွက်သားများနဲ့ တူညီသည့်အဆင့်တော့မဖြစ်သေးပါ။

အဆင့် 5 တွင် ကြွက်သားများသည် ပုံမှန်အတိုင်း ခွန်အားထုတ်နိုင်သော်လည်း အချို့သောလူနာများတွင် ညှိနှိုင်းမှုအားနည်းခြင်းနှင့် လက်လှုပ်ရှားနိုင်မှု အနည်းငယ်ချို့ယွင်းချက်ရှိခြင်းကဲ့သို့သော လက်ကျန်ရောဂါလက္ခဏာအချို့ ရှိနေနိုင်ပါသည်။အကယ်၍ လူနာတစ်ဦးသည် ပြန်လည်ထူထောင်ရေးကို စောစီးစွာ မလုပ်ဆောင်ပါက၊ ခန္ဓာကိုယ်သည် မှားယွင်းသောလှုပ်ရှားမှုနည်းလမ်းများကို မှတ်မိနေမည်ဖြစ်ပြီး၊ ၎င်းသည် နေ့စဉ်ဘဝတွင် ပုံမှန်မကျသောလှုပ်ရှားခြင်းကို ဖြစ်စေနိုင်သည်။ထို့ကြောင့် လက်မောင်းကြွက်သားများ အားနည်းခြင်း(သို့မဟုတ်)လက်များ မလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်ပေါ်လာသောအခါ လူနာသည်ပိုမိုကောင်းမွန်သောကုသမှုရလဒ်များရရှိရန်အတွက် ပြန်လည်ထူထောင်ရေးကိုအမြန်ဆုံးခံယူသင့်ပါသည်။ ယေဘုယျအားဖြင့်ကုသမှုလုပ်ရန် အကောင်းဆုံးသောကာလသည် ဖြစ်ဖြစ်ပြီးခြင်း 1-3 လအတွင်းဖြစ်သည်။ သို့သော်သုံးလကျော်သွားလျှင်ပင် ပြန်လည်ထူထောင်ရေးမှ ရရှိနိုင်သော အကျိုးကျေးဇူးများ ရှိပါသေးသည်။ သို့သော် ရလာဒ်များသည် လူနာတစ်ဦးနှင့်တစ်ဦး မတူညီနိုင်သလို ကောင်းမွန်သောရလာဒ်များရလာနိုင်မည့်အခွင့်အလမ်းများလည်းနည်းပါးသွားမည်ဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating