Health Article

နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းသည် ထိုင်းနိုင်ငံတွင် နာမည်ကြီးသော ခွဲစိတ်မှုတစ်ခုဖြစ်သည်။

Share:

Rhinoplasty in Thailand can rid your nose of a bump

မကြာသေးမီက နှာခေါင်းကို ခွဲစိတ်ပြုပြင်ပေးရသောအလုပ်သည် လူကြိုက်များသောကုထုံးတစ်ခုအဖြစ် ထင်ရှားကျော်ကြားပြီး လူချမ်းသာများ အဓိကအားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ခေတ်နှင့် အတွေးအမြင်များ ပြောင်းလဲလာသည်နှင့်အမျှ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်းဟူသော ဆေးဘက်ဆိုင်ရာအသုံးအနှုန်းသည် ယနေ့ခေတ် ထိုင်းနိုင်ငံတွင် ရေပန်းအစားဆုံး လုပ်ထုံးလုပ်နည်းများထဲမှ တစ်ခုဖြစ်လာသည်။

ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းတိုင်းသည် အလှအပဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်သည်မဟုတ်သေးပါ။ အချို့သော လုပ်ထုံးလုပ်နည်းများသည် နှာခေါင်းထိခိုက်ဒဏ်ရာရမှုကို ခံစားရသော လူနာများအတွက် သို့မဟုတ် အိပ်ပျော်နေချိန်တွင် နှာခေါင်းမှတစ်ဆင့် အသက်ရှူရခက်ခဲသော လူနာများအတွက် အသက်ရှူရလွယ်ကူစေရန်အတွက် ရှာဖွေထားကြသော ပြုပြင်ကုသနည်းများဖြစ်ပါသည်။

ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းအားလုံးကို အဖွင့်နှင့်အပိတ်ပြုလုပ်ခြင်းဟူသော နည်းလမ်းနှစ်မျိုးရှိသည်။ ခွဲစိတ်မှု၏ ရည်ရွယ်ချက်မှာ နှာခေါင်း ပြုပြင်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ ပြဿနာများကြားပေါ်မူတည်ပြီး ခွဲစိတ်မှုကို ရွေးချယ်သွားကြခြင်းဖြစ်သည်။ လူနာသည် ယေဘူယျအားဖြင့် မေ့ဆေးပေးပြီး မေ့မြောနေချိန် သို့မဟုတ် အိပ်ပျော်နေချိန်တွင် ရိုးရိုးခွဲစိတ်ခြင်း နှစ်မျိုးလုံးကို ယေဘုယျအားဖြင့် လုပ်ဆောင်းဖြစ်သည်။

Open Rhinoplasty နှာခေါင်းအစားထိုးခွဲစိတ်ပြုပြင်ခြင်း

အချို့သော ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းများသည် columella (နှာခေါင်း၏ အရိုးနုအစိတ်အပိုင်း) တွင် ခွဲစိတ်မှုပါဝင်သည့် အဖွင့်နည်းလမ်းကို နှစ်သက်ကြသည်။ ထိုအခါ ခွဲစိတ်ဆရာဝန်သည် ခွဲစိတ်နေချိန်အတွင်း နှာခေါင်းတည်ဆောက်ပုံတစ်ခုလုံးကို ပိုမိုကောင်းမွန်စွာ ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။

ကွဲနေသော သို့မဟုတ် ကောက်ကွေးသော နှာခေါင်း သို့မဟုတ် နှာတံပုံသဏ္ဍာန်မမှန်ဖြစ်သော လူနာများကို ရိုးရိုးခွဲစိတ်ကုသရန် အကြံပြုထားသည်။ ၎င်းသည် ချို့ယွင်းချက်များအား ဖယ်ရှားရန်အတွက် ပိုမိုကောင်းမွန်သောနည်းလမ်းဖြစ်ပြီး နှာခေါင်းမညီခြင်း ဖြစ်နိုင်ခြေနည်းပါသည်။

အဖွင့်ခွဲစိတ်ကုသခြင်းတွင် ပြန်လည်နာလန်ထရန်အချိန်အပါအဝင်၊ အမာရွတ်များနှင့် ရောင်ရမ်းခြင်းများကို အပြည့်အဝပျောက်ကင်းစေရန် 4 ပတ်မှ 6 ပတ်အထိကြာနိုင်ပြီး အပိတ်ခွဲစိတ်ကုသခြင်းသည် 1 ပတ်မှ 2 ပတ်အထိသာလိုအပ်သည်။ သို့သော်လည်း အပိတ်နည်းသည် အားနည်းချက်အချို့ရှိသည်။ အဖွင့်ခွဲစိတ်ကုသခြင်းတွင် ခွဲစိတ်မှုကြာချိန်သည် ပုံမှန်အားဖြင့် 1.5 နာရီမှ 2 နာရီအတွင်း ပိုမြန်သည့် အပိတ်နည်းလမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက 2 နာရီမှ 3 နာရီအထိကြာမြင့်နိုင်ပါသည်။ ထို့အပြင် ခွဲစိတ်ပြုပြင်ခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ခွဲစိတ်သည့်နေရာ၌ အမာရွတ်များ ဖြစ်ပေါ်နိုင်သည်။

Close Rhinoplasty နှာခေါင်းအစားထိုးခွဲစိတ်ပြုပြင်ခြင်း

အပိတ်ခွဲစိတ်မှုတွင် ခွဲစိတ်မှုများကို နှာခေါင်းနံရံအတွင်း၌ ပြုလုပ်ထားပြီး အရေပြားကို ခွဲစိတ်ကိရိယာဖြင့် ဖယ်ရှားခြင်းဖြစ်သည်။ ခွဲစိတ်ဆရာဝန်သည် နှာတံဖျားနောက်တွင် ခွဲစိတ်ပြုပြင်မှုကို လုပ်ရသောကြောင့်  ထိပ်ဖျားကို ပြုပြင်ရန်ခက်ခဲသည့်အတွက် ဤနည်းလမ်းကို ထိပ်ဖျားပြောင်းလဲမှုကို နှစ်သက်သော လူနာများအတွက် အကြံပြုထားခြင်းမရှိပါ။

ပြောင်းလဲမှုအရမ်းမလိုသောအခြေအနေများတွင် ကြီးကြီးမားမား ခွဲစိတ်စရာ မလိုသောကြောင့် အပိတ်ခွဲစိတ်ကုသခြင်းကို အသုံးပြုသည်။ ခွဲစိတ်မှုကို တိုတောင်းစေပြီး ယေဘုယျအားဖြင့် မိနစ် 20 မှ 90 အတွင်း ပြန်လည်နာလန်ထချိန်ကို လျှင်မြန်စေသည်။ အပြင်ပိုင်းတွင် ခွဲစိတ်မှု မရှိသောကြောင့် မြင်နိုင်သော အမာရွတ်များ နည်းပါးပါသည်။

ပုံမှန်အားဖြင့် လူနာသည် ခွဲစိတ်ပြီး တစ်ပတ်အတွင်း ၎င်းတို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်နိုင်ပြီး တစ်ရှူးဒဏ်ရာများ ပိုများလာတတ်သည့် နောက်ဆက်တွဲဖြစ်နိုင်ခြေကို နည်းပါးစေသည်။

အပိတ်ခွဲစိတ်ကုသခြင်း၏ အားနည်းချက်မှာ လုပ်ထုံးလုပ်နည်း၏ အနည်းငယ်အကန့်အသတ်ရှိခြင်းပင်ဖြစ်သည်။ ယင်းကြောင့် ခွဲစိတ်ဆရာဝန်များစွာသည် အသေးစားလုပ်ထုံးလုပ်နည်းများအတွက်သာ ၎င်းကိုရွေးချယ်ကြသည်။ တစ်ခါတစ်ရံ လူနာသည် ပထမရက်နှစ်ရက်အတွင်း အသက်ရှူရအဆင်မပြေသောအခြေအနေများရှိတတ်သည်။

Vejthani Hospital performs rhinoplasty in Thailand

Rhinoplasty လုပ်ထုံးလုပ်နည်းအမျိုးမျိုး

Rhinoplasty လူနာများသည် ၎င်းတို့လိုချင်ဖြစ်ချင်သော နှာခေါင်းဖွဲ့စည်းပုံကို ရရှိရန် ရွေးချယ်စရာများစွာရှိသည်။ နောက်ဆုံးလုပ်ထုံးလုပ်နည်းများအနေဖြင့်-

  • နှာခေါင်းကို ပိုမိုဟန်ချက်ညီစေရန် နှင့်နှာခေါင်း နှစ်ဖက်မညီခြင်းကို ချိန်ညှိခြင်း။
  • နှာခေါင်းထိပ်ကို ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း
  • နှာတံကို ကျဉ်းစေခြင်း။
  • နှာခေါင်းအရွယ်အစားကို လျှော့ချခြင်း။
  • နှာခေါင်းပေါက် သို့မဟုတ် နှာဘေးနံရံများ၏ အရွယ်အစားကို လျှော့ချခြင်း။
  • နှာတံရှိ အဖုအထစ်များများကို ဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်း။
  • ကောက်ကွေးနေသော နှာတံကို ဖြောင့်တန်းခြင်း။

Rhinoplasty လုပ်ထုံးလုပ်နည်း မစခင်နဲ့ ခွဲစိတ်အပြီးတွင် ဘာတွေ မျှော်လင့်ထားသင့်လဲ?

ခွဲစိတ်ကုသခြင်းလုပ်ငန်းစဉ်ကို ယေဘုယျအားဖြင့် ပြင်ပလူနာအဖြစ်သာ လုပ်ဆောင်သည်။ ခွဲစိတ်မှုမစမီ သင့်ဆရာဝန်နှင့် လက်ရှိသောက်နေသော မည်သည့်ဆေးဝါးများကိုမဆို ဆွေးနွေးရပါသည်။ ပုံမှန် သွေးကျဲဆေးများ သို့မဟုတ် ရောင်ရမ်းမှု အတွက်သောက်ရသောဆေးဝါးများ သောက်သုံးခြင်းကို ရပထားရမည်။ သင့်ဆရာဝန်သည် ၄◌င်းဆေးများကို အချိန်ကာလတစ်ခုအထိ ရပ်ထားသင့်ကြောင်း ပြောကြားပါလိမ့်မည်။

ခွဲစိတ်နေချိန်အတွင်း လူနာသည် စိတ်အေးလက်အေး ဖြစ်နေမည်ဖြစ်ပြီး ပြီးသွားသောအခါ မိမိကိုယ်တိုင် အိမ်ပြန်မောင်းနှင်ခွင့် မပြုပါ။ အဖော်အဖြစ် သူငယ်ချင်း သို့မဟုတ် မိသားစုကို ခွဲစိတ်ပြီး ပထမတညတွင် တစုံတရာဖြစ်လာမှုရှိမရှိကို စောင့်ကြည့်ရန်လိုအပ်ပါသည်။

ခွဲစိတ်ပြီးနောက် အနည်းငယ် မူးဝေခြင်း ခံစားရနိုင်သည် ။ အပြင်ထိခိုက်ဒဏ်ရာမှကာကွယ်ရန် နှာခေါင်းပေါ်တွင် ကာထားသောအရာတစ်ခုရှိနေပါမည်။ အိမ်ပြန်ရောက်တဲ့အခါ များများအိပ်ပြီး အနားယူပါ။

ပထမရက်အနည်းငယ်အတွင်း ခေါင်းကို မြင့်တင်ထားပြီးအိပ်ပါ။ လူနာအများစုသည် ခွဲစိတ်ပြီးသည့်နေ့တွင် ပုံမှန်အစားအသောက်ကို စားသုံးနိုင်သည်။ မျက်လုံးနှင့် ပါးတစ်၀◌ိုက်တွင် ရေခဲကပ်ခြင်းများ ပြုလုပ်ပေးပါ။ ၎င်းသည် ရောင်ရမ်းခြင်းကို လျှော့ချရန် ကူညီပေးပါမည်။ သင့်နှာခေါင်းမှ သွေးထွက်ခြင်းများကို ရက်အနည်းငယ်ကြာထိ သွေးထွက်လာနိုင်တတ်ပြီး သွေးစိုနေသော ဂွမ်းကို အမြဲပြန်လဲပေးပါ။ သင့်နှာခေါင်းကို ပထမရက်အနည်းငယ်အတွင်း အ၀◌တ်ဖြင့်အကြမ်းသုတ်ခြင်း၊ ပွတ်ခြင်း သို့မဟုတ် ညှစ်ခြင်း မပြုလုပ်ရပါ။

သင့်ဆရာဝန်သည် သင့်ပတ်တီးကို ပုံမှန်လူနေထိုင်မှုအခြေအနေအဖြစ်သို့ပြန်ရောက်သည်အထိ မည်ကဲ့သို့ပြောင်းလဲပေးရမည်ကို ညွှန်ကြားပေးမည်ဖြစ်ပါသည်။

ဝေသာနီဆေးရုံတွင် နှာခေါင်းပြုပြင်ခွဲစိတ်မှုပြုလုပ်ခြင်း

Vejthani ဆေးရုံရှိ Plastic Surgery Center သည် နှာခေါင်းပြုပြင်ခွဲစိတ်မှု လုပ်ငန်းစဉ်အားလုံးကို လုပ်ဆောင်သည်။ အကယ်၍ သင်သည် နှာခေါင်းခွဲစိတ်ကုသရန် စဉ်းစားနေပါက ကျွန်ုပ်တို့၏ Plastic Surgery Center တွင် တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှုပြုလုပ်ရန် ရက်ချိန်းယူနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts