Health Article

ဆီးကျိတ်ကင်ဆာ

Share:

ဆီးကျိတ်သည် ဆီးအိမ်နှင့် လိင်တံကြားတွင်ရှိသော ဂလင်းတစ်ခုဖြစ်သည်။ ၎င်းသည် စအို၏ရှေ့တွင် တည်ရှိပြီး ဆီးလမ်းကြောင်းသည် ၎င်းကိုဖြတ်၍ ခန္ဓာကိုယ်တွင်းမှ ဆီးများကို စီးဆင်းစေပါသည်။ အရေးကြီးသည်မှာ ဆီးကျိတ်သည် သုတ်ပိုးကို အာဟာရဖြည့်ပေးပြီး ကာကွယ်ပေးသော အရည်တစ်မျိုးကိုလည်း ထုတ်ပေးပါသည်။ ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် အဖြစ်များဆုံးကင်ဆာများထဲမှ တစ်ခုဖြစ်သည်။

အများအားဖြင့်၊ ဆီးကျိတ်ကင်ဆာသည် အစပိုင်းတွင် ဆီးကျိတ်ဂလင်းကို သိသိသာသာ ထိခိုက်မှုမရှိစေဘဲ နှေးကွေးစွာ ကြီးထွားလာခြင်းဖြစ်ပါသည်။ အချို့သော ဆီးကျိတ်ကင်ဆာ အမျိုးအစားများသည် ကုသမှုတစ်ခု သို့မဟုတ် အနည်းငယ်မျှသာ လိုအပ်သော်လည်း အခြားအမျိုးအစားများမှာ ပြင်းထန်ပြီး လျင်မြန်စွာ ပျံ့နှံ့တတ်သောကြောင့် အထူးကုသစောင့်ရှောက်မှု လိုအပ်ပါသည်။ ကင်ဆာသည် ဆီးကျိတ်ဂလင်းတွင် ရှိနေဆဲအချိန် (ဆိုလိုသည်မှာ metastasis မဖြစ်ပေါ်မီ) လူနာများသည် ကုသမှုအောင်မြင်ရန် အကောင်းဆုံးအခြေအနေဖြစ်ပါသည်။

ရောဂါလက္ခဏာများ

ယေဘူယျအားဖြင့် ဆီးကျိတ်ကင်ဆာ ရောဂါလက္ခဏာများသည် ရောဂါ၏အစောပိုင်းအဆင့်တွင် မသိသာပေ။ ထို့အတွက်ကြောင့်၊ ဆီးကျိတ်အတွက် (PSA) ဟုခေါ်သည့် သွေးမှတစ်ဆင့် စစ်ဆေးမှုများနှင့် စအိုလမ်းကြောင်းမှတစ်ဆင့် ပုံမှန်စစ်ဆေးခြင်းများသည် အခြေခံလိုအပ်ချက်များဖြစ်ပါသည်။ ပိုမိုအဆင့်မြင့်သော ဆီးကျိတ်ကင်ဆာသည် အောက်ပါ ရောဂါလက္ခဏာများကို ဖြစ်စေနိုင်သည်၊

  • မကြာခဏ ဆီးသွားခြင်း။
  • အထူးသဖြင့် ညဘက်တွင် မကြာခဏ ဆီးသွားခြင်း။
  • ဆီးစီးဆင်းမှု ပြတ်တောက်ခြင်း သို့မဟုတ် ဆီးထွက်ရန်အားထည့်ရခြင်း 
  • ဆီးသွားစဉ် ပူလောင်ခြင်း သို့မဟုတ် နာကျင်ခြင်း။
  • ဆီးထဲတွင် သွေးပါခြင်း။
  • သုတ်ရည်တွင်သွေးပါခြင်း
  • လိင်အင်္ဂါထောင်မတ်မှုချို့ယွင်းလာခြင်း
  • ထိုင်နေစဉ် မသက်မသာဖြစ်ခြင်း (သို့) နာကျင်ခြင်း (ဆီးကျိတ်ကြီးခြင်းကြောင့် ဖြစ်စေနိုင်ပါသည်)

ကင်ဆာသည် ဆီးကျိတ်ဂလင်း၏ အပြင်ဘက်သို့ ပျံ့နှံ့သွားပါက လူနာတွင် အောက်ပါ လက္ခဏာများ ရှိနိုင်ပါသည်။

  • ကျော၊ တင်ပါး၊ ပေါင် သို့မဟုတ် အခြားအရိုးများတွင် နာကျင်ခြင်း။
  • ခြေထောက်တစ်ခုလုံး သို့မဟုတ် ခြေဖ၀◌ါးများတွင် ရောင်ရမ်းခြင်း။
  • တိတိကျကျမပြောနိုင်သော ကိုယ်အလေးချိန်ကျခြင်း။
  • ပင်ပန်းနွမ်းနယ်ခြင်း။
  • ဝမ်းသွားသည့်အလေ့အထကို ပြောင်းလဲလာခြင်း

Prostate-specific antigen (PSA) သည် ဆီးကျိတ်ဂလင်းမှ ထုတ်ပေးသည့် အရာတစ်ခုဖြစ်သည်။ ယင်းသည် သွေးထဲတွင် ပုံမှန်နှင့်အထက် သို့မဟုတ် ပုံမှန်ထက် လျော့နည်းခြင်း ရှိ၊ မရှိ တိုင်းတာခြင်းဖြစ်သည်။ မြင့်မားသောအဖြေထွက်လာခြင်းသည် ဆီးကျိတ်ကင်ဆာရှိနေကြောင်း ခိုင်မာသောညွှန်ပြချက်ဖြစ်နိုင်သော်လည်း၊ ၎င်းသည် အတိအကျဖြစ်ကြောင်းဟုတ်မဟုတ်အတွက် အတည်ပြုရန် လိုအပ်သော နောက်ထပ်စုံစမ်းစစ်ဆေးမှုမှာ အသားစစစ်ဆေးခြင်း သို့မဟုတ် circulating tumor cell (CTC) ဟုခေါ်သော စမ်းသပ်မှုများထပ်လုပ်ရမည် ဖြစ်သည်။ မြင့်မားသော PSA ဖြစ်ခြင်းသည် ဆီးကျိတ်ကြီးခြင်း (benign prostate hyperplasia) နှင့် ဆီးကျိတ်ရောင်ခြင်း (prostatitis) ကဲ့သို့သော အခြား၊ ကင်ဆာမဟုတ်သော အခြေအနေများတွင်လည်း PSA တက်နေခြင်းများဖြစ်စေနိုင်ပါသေးသည်

အသက် 50 ကျော် အမျိုးသားများနှင့် အောက်ဖော်ပြပါ အန္တရာယ်ရှိသောအခြေအနေများဖြစ်သည့် အမျိုးသားများသည် ဆီးကျိတ်စစ်ဆေးခြင်းကို ပုံမှန်လုပ်ဆောင်သင့်သည်။

ဖြစ်စေသောအခြေအနေများ

သုတေသနများစွာပြုလုပ်နေသော်လည်း ဆီးကျိတ်ကင်ဆာဖြစ်စေသည့်အရာကို အတိအကျရှင်းရှင်းလင်းလင်းမပြောနိုင်သေးပါ၊

အစပိုင်းတွင်၊ ယခင်ကျန်းမာသောဆဲလ်များသည် ပြောင်းလဲလာပြီး ပုံမမှန်ဖြစ်လာကာ ကြီးထွားလာမှုပေါ်မူတည်ပြီး ခွဲခြားသိနိုင်သည်။ ပုံမှန်မဟုတ်သောဆဲလ်များ၏အစုလိုက်အပြုံလိုက် ဖြစ်လာပြီး အနီးအနားတစ်သျှူးများအထိပျံ့နှံ့သွားသောအကျိတ်များလည်း ဖြစ်စေနိုင်သည်။

အန္တရာယ်အချက်များ

အသက်အရွယ် – အထူးသဖြင့် အသက် 50 နှစ်အထက် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေသည် အသက်ကြီးလာသည်နှင့်အမျှ တိုးလာပါသည်။

လူမျိုး – လူမည်းအမျိုးသားများသည် အခြားလူမျိုးစုများထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုများသည်။ 

မိသားစုရာဇဝင် – မိသားစုထဲတွင် ကင်ဆာမျိုးရိုးဗီဇရှိခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များသည်လည်း မျိုးရိုးဆိုင်ရာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ တိုးလာစေရန် ပံ့ပိုးပေးပါသည်။ ထို့အပြင်၊ မိသားစုဝင်များစွာရှိပြီး  အသက် 50 နှစ်ထက်ငယ်ရွယ်စဥ◌် တူညီသော သို့မဟုတ် ဆက်စပ်ကင်ဆာအမျိုးအစားများရှိပါက ၎င်းသည်လည်း မျိုးရိုးလိုက်သော ကင်ဆာအမျိုးအစားတစ်ခုအဖြစ် ယူဆနိုင်ပြီး မျိုးဆက်တစ်ခုမှတစ်ခုသို့ အမွေဆက်ခံသော မျိုးရိုးဗီဇပြောင်းလဲမှုကြောင့်ဟုလည်းကောက်ချက်ချနိုင်ပါသည်။

မျိုးရိုးဗီဇပြောင်းလဲမှု — HPC1၊ HPC2၊ HPCX၊ CAPB၊ ATM၊ FANCA၊ HOXB13 နှင့် မကိုက်ညီသော ပြုပြင်ထားသော မျိုးဗီဇများ သည် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ တိုးမြင့်လာနိုင်သည်။

ဓာတုဗေဒ ထိတွေ့မှု — အချို့သော လေ့လာမှုများအရ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် လောင်ကျွမ်းစေသော ဓာတုပစ္စည်းများကဲ့သို့ အချို့သော ဓာတုအမျိုးအစားများနှင့် ထိတွေ့သော အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ ပိုများကြောင်း ညွှန်ပြပါသည်။ 

အဝလွန်ခြင်း – အဝလွန်ခြင်းသည် ဆီးကျိတ်ကင်ဆာအပါအဝင် ကင်ဆာများစွာနှင့် ဆက်စပ်နေသည်။ လေ့လာမှုများစွာအရ အစာစားခြင်းနဲ့ ကင်ဆာကြားတွင်လည်း ဆက်စပ်မှုရှိပါတယ်။

ဆီးကျိတ်ကင်ဆာအဆင့်များ

ဆီးကျိတ်ကင်ဆာ ကုသရေးအစီအစဥ်များသည် ရောဂါရှာဖွေတွေ့ရှိသည့်အချိန်နှင့် ကင်ဆာပြန့်ပွားမှု မည်မျှအထိ ပျံ့နှံ့နေသည်ကိုမူတည်ပြီး ကုသရခြင်းဖြစ်ပါသည်။ ပြန့်ပွားမှုအခြေအနေနှင့် သင့်ဆီးကျိတ်ပေါ်တွင် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိနေပါသည်ဆိုသောအချက်ကို ဆရာဝန်၏ ‘staging’ ဟုခေါ်သော သတ်မှတ်ချက်ဖြင့် ဆုံးဖြတ်နိုင်ပါသည်။

Gleason စနစ်ရှိ စကေး 1 မှ 5 အတွင်း တစ်သျှူးနမူနာတွင် တွေ့ရလေ့ရှိသော အခြေအနေများသည် (primary) နှင့် (secondary) ဆဲလ်ပုံစံများအဖြစ် တွေ့ရတတ်သည်။ ထို့နောက် ၄◌င်းစကေးအမှတ်များကိုပေါင်းစည်းပြီး ကင်ဆာမည်မျှပြင်းထန်ကြောင်း အတိအကျပြောပြသော သင်၏ Gleason ရမှတ်ကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ကင်ဆာအတွက် အနိမ့်ဆုံးရမှတ်မှာ 6 ဖြစ်ပြီး၊ အဆင့်နိမ့်ကင်ဆာဟုတ်သတ်မှတ်နိုင်သည်။ ရမှတ် 7 သည် အလယ်အလတ်တန်းကင်ဆာဖြစ်သည်။ အဆင့်မြင့်ကင်ဆာကို 8၊ 9 သို့မဟုတ် 10 အဖြစ်ရမှတ်များအသီးသီးခွဲခြားထားသည်။

ဆရာဝန်များသည် ဆီးကျိတ်ကင်ဆာအဆင့်သို့ ပိုမိုသိရှိစေရန် TNM စနစ်ကို အသုံးပြုကြသည်။ TNM စနစ်သည် အကျိတ်ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို မတူညီသော ရှုထောင့်မှ ထပ်မံဖော်ပြခြင်းဖြစ်သည်။

T = အကျိတ်- ဆီးကျိတ်ကင်ဆာရဲ့ အဓိက ဧရိယာ အရွယ်အစားက ကိုကြည့်ရှုခြင်း

N = nodes- မည်သည့် lymph node များသို့ ပျံ့နှံ့သွားသနည်း။ ပျံ့နှံသွားသောကင်ဆာအကျိတ်သည်လည်း မည်သည့်အကွာအ‌ေ၀◌းတွင်ရှိသလဲကို ဖော်ပြခြင်း 

M = metastasis – ဆီးကျိတ်ကင်ဆာ ဘယ်လောက်အထိ ပြန့်နှံ့နေပြီလဲ။

ဆရာဝန်များသည် အဆင့်အုပ်စုဖွဲ့ခြင်းကို ဆုံးဖြတ်ရန် Gleason ရမှတ်နှင့် PSA အဆင့်စစ်ဆေးမှုနှင့် TNM စနစ်ရလဒ်များကို ပေါင်းစပ်ထားသည်။ ဤစနစ်သည် ရောမဂဏန်းများဖြစ်သည့် I (အဆင့်အနိမ့်ဆုံး) မှ IV (အဆင့်မြင့်ဆုံး) ဆိုပြီး သတ်မှတ်ထားပါသည်။ စစ်ဆေးမှုအဆင့်အဆင့်သည် သင့်ဆရာဝန်သည် သင့်အတွက် အကောင်းဆုံးကုသမှုကို ရွေးချယ်ရန် ကူညီပေးနိုင်သည်။

ကုသမှု

ဆီးကျိတ်ကင်ဆာရှိနေသည့် လူနာများအတွက်၊ Vejthani ဆေးရုံ၏ ကင်ဆာစင်တာရှိ ကင်ဆာကုသရေးအဖွဲ့သည် သင့်အတွက်သင့်တော်သော ကုသမှုများကို ဆွေးနွေးပေးပါမည်။ ကုသမှုမှ ဘေးထွက်ဆိုးကျိုးအနည်းဆုံးနှင့် ကုသမှုရလာဒ်ကောင်းများရစေဖို့ ကုသမှုအစီအစဥ◌်တိုင်းကိုလည်း ဆရာ၀◌န်မှ သေချာစွာလူနာနှင့်အတူ ပူးပေါင်းပေးမည်ဖြစ်ပါသည်။

ဆီးကျိတ်ကင်ဆာအတွက် အသုံးအများဆုံး ကုသမှုရွေးချယ်စရာ လေးခုရှိပါသည်။ – ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည် ပေးခြင်း၊ ဓာတုကုထုံး၊ ဟော်မုန်းကုထုံး တို့အကြောင်းကို‌အောက်တွင်ဖော်ပြပေးလိုက်ရပါသည်။

1] ခွဲစိတ်မှု – ခွဲစိတ်မှုသည် ဆီးကျိတ်နှင့် အနီးတစ်ဝိုက်ရှိ ကျန်းမာသောတစ်သျှူးအချို့ကို ဖယ်ရှားခြင်းဖြစ်ပြီး အတွေ့အကြုံရင့်သော ခွဲစိတ်အထူးကုဆရာ၀◌န်မှ တာ၀◌န်ယူခွဲစိတ်ကုသမှုပေးခြင်းဖြစ်ပါသည်။ ခွဲစိတ်မှုအခြေအနေသည်လည်း ရောဂါ၏အဆင့်၊ လူနာ၏အခြေခံကျန်းမာရေးအခြေအနေနှင့် အခြားအန္တရာယ်အချက်များပေါ်တွင်မူတည်သည်။ ပုံမှန်ရွေးချယ်မှုများတွင် radical prostatectomy၊ open radical prostatectomy နှင့် laparoscopic (robotically assisted) radical prostatectomy တို့ ပါဝင်သည်။

2] ဓာတ်ရောင်ကြည်ကုထုံး— ကင်ဆာဆဲလ်များကိုသတ်ရန် အိုင်ယွန်ဓာတ်ရောင်ခြည် သို့မဟုတ် ဖိုတွန်ကို အသုံးပြုခြင်းဖြစ်ပါသည်။ ၎င်းသည် ကင်ဆာဆဲလ်များ၏ DNA (ကင်ဆာဆဲလ်များ၏ မျိုးရိုးဗီဇ အသေးစိတ်ပုံစံ) ကို ပျက်စီးစေခြင်းဖြင့် လုပ်ဆောင်သည်။ ထိုအခါ ပစ်မှတ်ထားသောဆဲလ်များသည် ၎င်းတို့ကိုယ်တိုင်ကြီးထွားခြင်း သို့မဟုတ် ပုံတူထပ်ပွားခြင်းမရှိဘဲ သေဆုံးကြသည်။ ကင်ဆာရောဂါကို ကုသရန် ဓာတ်ရောင်ခြည်ကုထုံးကို အထူးပြုကျွမ်းကျင်သည့် ဓာတ်ရောင်ခြည် အထူးကု ဆရာဝန်ကသာ အဓိကတာ၀◌န်ယူ ကုသပေးမည်ဖြစ်သည်။ ဆီးကျိတ်ကင်ဆာကို ကုသရာတွင် အသုံးပြုသည့် ဓာတ်ရောင်ခြည်ကုထုံး၏ အဓိက အမျိုးအစားများမှာ အောက်ပါတို့ ပါဝင်သည်။

  • External-beam ဓာတ်ရောင်ခြည်ကုထုံး
  • Brachytherapy
  • Intensity-modulated radiation therapy (IMRT)
  • ပရိုတွန်ကုထုံး

3] ဓာတုကုထုံး — ၎င်းသည် ကင်ဆာဆဲလ်များကို ကြီးထွားခြင်းကိုတားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။ Chemotherapy သည် ယေဘုယျအားဖြင့် ကင်ဆာရောဂါကို ကုသရာတွင် အထူးပြုသော ကင်ဆာရောဂါကု ဆရာဝန်မှ ကုသပေးခြင်းဖြစ်သည်။ ဓာတုကုထုံးသည် သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ ကင်ဆာဆဲလ်များထံ ရောက်ရှိသည်။ ဓာတုကုထုံးကို ရရှိရန် သွေးပြန်ကြောထဲမှ တစ်ဆင့်ဆေးကို ထိုးသွင်းပြီး ကုသခြင်းဖြစ်သည်။ အထူးသဖြင့်၊ ဆီးကျိတ်ကင်ဆာနှင့် metastatic ဆီးကျိတ်ကင်ဆာပြန်ဖြစ်နိုင်ခြေမြင့်မားသောလူနာများကိုကူညီရန် ပိုမိုအသုံးပြုကြသည်။ ဓာတုကုထုံးတစ်ခုတွင် ပုံမှန်အားဖြင့် သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း ပေးသော အကြိမ်အရေအတွက်များသည် ကင်ဆာအခြေအနေပေါ်မူတည်ပြီး ကွဲပြားပါသည်။ 

4] ဟော်မုန်းကုထုံး – Testosterone သည် ဆီးကျိတ်ကင်ဆာဆဲလ်ကြီးထွားမှုအတွက် အဓိကလောင်စာအဖြစ် ဆောင်ရွက်သောကြောင့် ကုသမှုအတွက် ဘုံပစ်မှတ်တစ်ခုဖြစ်သည်။ မူလဟော်မုန်းကုထုံး (အန်ဒရိုဂျင်ချို့တဲ့ခြင်းကို ကုသည့် ကုထုံး [ADT] ဟုလူသိများသည်) သည် အဆင့်မြင့်အခြေအနေဖြစ်သည့် ဆီးကျိတ်ကင်ဆာအတွက် ကုသမှုစံနှုန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ADT သည် Testosterone ကိုတိုက်ရိုက်ပိတ်ပင်တားဆီးစေခြင်း သို့မဟုတ် ဆီးကျိတ်ကင်ဆာဖြစ်စေသော ပထမနေရာမှ Testosterone ထုတ်လုပ်ခြင်းမှ တိုက်ရိုက်တားဆီးစေခြင်းဖြစ်သည်။ ဆီးကျိတ်ကင်ဆာကြီးထွားမှုကို နှေးကွေးစေသည့်အတွက် အလွန်ထိရောက်မှုရှိပါသည်။ ADT ကုထုံး၏ အားနည်းချက်မှာ လူနာအားလုံးနီးပါးတွင် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည်။ အရိုးသိပ်သည်းဆ ဆုံးရှုံးခြင်း၊ ရင်ပူခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လိင်အင်္ဂါ ချို့ယွင်းခြင်း နှင့် ကိုယ်အလေးချိန် တိုးခြင်းတို့ဖြစ်နိုင်သည်။

ဆိုးကျိုးများ

Metastasis – ဆီးကျိတ်ကင်ဆာသည် အနီးနားရှိ အင်္ဂါများ သို့မဟုတ် အရိုးများသို့ ပျံ့နှံ့သွားနိုင်သည်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ရောဂါက ကုသပြီး ထိန်းချုပ်လို့ရနိုင်ပေမယ့် ပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။

ဆီးမထိန်းနိုင်ခြင်း – ဆီးကျိတ်ကင်ဆာနှင့် ၎င်း၏ကုသမှုနှစ်ခုလုံးသည် ဆီးပြဿနာများကို ဖြစ်စေနိုင်သည်။ ကုသမှုသည် ပြင်းထန်မှု ရောဂါအမျိုးအစားပေါ်တွင်မူတည်သည့်အတွက် ဆေးဝါးများသောက်သုံးရခြင်းနှင့် ခွဲစိတ်မှုတို့ပါ ပေါင်းစပ် ပါဝင်မည်ဖြစ်သည်။

လိင်အင်္ဂါတောင့်တင်းမှုမရှိခြင်း – ကင်ဆာကိုယ်တိုင်ကြောင့်သော်လည်းကောင်း သို့မဟုတ် ၎င်း၏ဆက်စပ်ကုသမှုများ (ခွဲစိတ်မှု၊ ဓာတ်ရောင်ခြည်၊ ဟော်မုန်းကုထုံး) ကြောင့်သော်လည်းကောင်း ဆေးဝါးများနှင့် ခွဲစိတ်ကုသမှုများကြောင့်သော်လည်းကောင်း ဖြစ်တတ်သောအခြေအနေတစ်ခုလည်းဖြစ်ပါသည်။
စမ်းသပ်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ပြန်လည်ကောင်းမွန်လာရေးအတွက် Vejthani ဆေးရုံရှိ ကင်ဆာစင်တာသို့ သွားရောကပြီး ကျွန်ုပ်တို့၏ ခေတ်မီသော ကုသမှုများ ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာ ပညာရှင်များအဖွဲ့သည် သင့်အား ဘန်ကောက်ရှိ အကောင်းဆုံး ဆီးကျိတ်ကင်ဆာ ကုသမှုကို ပေးဆောင်ရန် အသင့်ရှိနေပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating


Tags:

Related Posts