Health Article

အရိုးကင်ဆာ

Share:

အရိုးကင်ဆာ ၏ လက္ခဏာများကို သိရှိခြင်းက သင့်အသက်ကို ကယ်တင်နိုင်သည်။ အရိုးကင်ဆာသည် အလွန်ရှားပါးသော်လည်း အချိန်မီမသိရှိပါက ကုသမှုအောင်မြင်ခြင်းကို အနှောက်အယှက်ဖြစ်စေပါသည်။ အရိုးကင်ဆာ၏ လက္ခဏာများကို သိရှိခြင်းက သင့်အသက်ရှင်ခြင်းနှင့် ရောဂါမှ နောက်ဆုံးပြန်လည်နာလန်ထလာရန် အလားအလာပိုများစေသည်။

အရိုးကင်ဆာရောဂါလက္ခဏာများ

  • ခြေလက်များရှိ ရှည်လျားသောအရိုးများတွင် နာကျင်ခြင်း။
  • ထိခိုက်ထားသောနေရာများ သို့မဟုတ် ပုံမှန်မဟုတ်သော အရိုးပုံသဏ္ဍာန်ရှိသောနေရာများတွင် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း။
  • အလွယ်တကူ ပင်ပန်းနွမ်းနယ်သလိုခံစားနေရခြင်း။
  • အားနည်းသော အရိုးများ ကျိုးကြေလွယ်လာခြင်း။
  • ကိုယ်အလေးချိန်မကြာခဏကျလာခြင်း။
  • ညဘက်တွင် အရိုးပိုနာခြင်း။

အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ညဘက်တွင် ပိုဆိုးလာသလို အလွယ်တကူ ၀◌ယ်ယူရရှိနိုင်သောဆေးများ သောက်ခြင်းဖြင့်လည်း နာကျင်မှုကို မသက်သာစေပါက ဆရာဝန်နှင့်ပြသရန် Vejthani ဆေးရုံတွင် ရက်ချိန်းယူပါ။

အဖြစ်အများဆုံး သွေးရောဂါနှင့်မဆိုင်သော ပဏာမအရိုးကင်ဆာ ၃ မျိုး (Non-Hematologic Primary Bone Cancers)

Osteosarcoma သည် အဖြစ်အများဆုံး အရိုးကင်ဆာ အမျိုးအစားဖြစ်သည်။ ၎င်းသည် လူနာများ၏ လက် သို့မဟုတ် ခြေထောက်နှင့် တင်ပါးဆုံများတွင် ပုံမှန်မဟုတ်သော အရိုးကြီးထွားမှု

ကို ဖြစ်စေသည်။ များသောအားဖြင့် ကလေးများ၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များပါသည်။

Chondrosarcoma သည် နောက်ထပ် အဖြစ်အများဆုံး အရိုးကင်ဆာဖြစ်သည်။ အကျိတ်သည် လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများ၏ တင်ပါးဆုံတွင်း၊ လက်နှင့် ခြေထောက်တို့ရှိ အရိုးနုများတွင် ဖြစ်သော ကင်ဆာတစ်မျိုးဖြစ်ပါသည်။

Ewing Sarcoma သည် အလွန်ရှားပါးသော အရိုးကင်ဆာအမျိုးအစားဖြစ်သည်။ ၎င်းသည် ကလေးငယ်များနှင့် လူရွယ်များ၏ တင်ပါးဆုံတွင်း၊ လက်များနှင့် ခြေထောက်များတွင် ဖြစ်သော ကင်ဆာတစ်မျိုးဖြစ်ပါသည်။

အရိုးကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းကို တိတိကျကျ မပြောနိုင်သေးပါ။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တစ်ခါတစ်ရံတွင် Paget’s ဟုခေါ်သော အရိုးရောဂါသည် သက်ကြီးရွယ်အိုများတွင် အရိုးကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးစေနိုင်ခြင်းများလည်းရှိပါသည်။ ဓာတ်ရောင်ခြည်ကုထုံးကို မကြာခဏခံယူထားသည့်လူနာများသည်လည်း အချိန်ကာလတစ်ခုတွင် အရိုးကင်ဆာ ဖြစ်ပွားနိုင်ခြေရှိသော အချက်တစ်ခုအဖြစ်လည်း ညွှန်းဆိုထားသည်။

အရိုးကင်ဆာရောဂါလက္ခဏာရှိသူများသည် ယေဘူယျအားဖြင့် ၎င်းတို့တွင် ရောဂါရှိ/မရှိကို သိရှိနိုင်ရန် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ ဤပုံရိပ်စစ်ဆေးမှုများတွင်-

  • အရိုးစကင်န်ဖတ်ခြင်း
  • ဓာတ်မှန်ရိုက်ခြင်း
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT)
  • သံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ်ဖြင့် စစ်ဆေးခြင်း (MRI)
  • Positron emission tomography (PET စကန်ရိုက်ခြင်း)

ကုသမှုအနေဖြင့်

အကယ်၍ သင့်ဆရာဝန်သည် ရောဂါလက္ခဏာများ ပုံရိပ်ဖော်ခြင်း၊ ဓာတ်ခွဲခန်းလုပ်ဆောင်ခြင်းနှင့် အရိုးရောဂါဗေဒတို့မှ အရိုးကင်ဆာရောဂါရှာဖွေတွေ့ရှိမှုကို အတည်ပြုပြီးပါက၊ ကုသမှုရွေးချယ်ခြင်းများသည် သင့်တွင်ရှိသော အရိုးကင်ဆာအမျိုးအစား၊ အကျိတ်အရွယ်အစားမည်မျှကြီးမားပြီး ကြီးထွားနှုန်းမည်မျှမြန်ဆန်သည်ဆိုသည့်အချက်အပေါ်မူတည်ပြီး ကုသမှုကို ဆုံးဖြတ်ပါသည်။ ကင်ဆာအချို့ကို ခွဲစိတ်မှုတစ်ခုတည်းဖြင့် ကုသရနိုင်ပြီး အချို့မှာ ခွဲစိတ်ပြီး ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများပါ ထပ်မံ ပေါင်းစပ်ရသည့်အခြေအနေများလည်းရှိပါသည်။

အရိုးအကျိတ်များသည် ခန္ဓာကိုယ်ရှိ အလွန်ကြီးမားသောအစိတ်အပိုင်း သို့မဟုတ် အန္တရာယ်ရှိသောနေရာတွင် ဖြစ်ပေါ်ပါက ၄◌င်းနေရာရှိ ခြေလက်တစ်ပိုင်း သို့မဟုတ် အစိတ်အပိုင်းတစ်ခုလုံးကိုဖယ်ရှားရန် လိုအပ်နိုင်သည်။ သို့သော် ကုသမှုအသစ်များ ရှာဖွေတွေ့ရှိလာသောကြောင့် ဤအခြေအနေသည် နည်းပါးလာပြီဖြစ်ပါသည်။ ယနေ့ခေတ်တွင် ပျက်စီးနေသောအရိုးများကို ဖယ်ရှားခြင်းဖြင့် ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများ၊ အရိုးဘဏ်မှအစားထိုးအရိုးတုများ၊ သို့မဟုတ် တိုက်တေနီယမ်နှင့် မာကျောသောပလပ်စတစ်များဖြင့် ပြုလုပ်ထားသော အစားထိုးပစ္စည်းများဖြင့် အစားထိုးခြင်းကို ပြုလုပ်နေနိုင်ပြီဖြစ်ပါသည်။

သင့်တွင် အရိုးကင်ဆာကို ညွှန်ပြသော လက္ခဏာများ ခံစားရပါက Vejthani ဆေးရုံမှ ဆရာဝန်နှင့် ရက်ချိန်းတင်နိုင်ပါသည်။ ကင်ဆာကို စောစီးစွာ စစ်ဆေးတွေ့ရှိခြင်းသည် ရောဂါမှ ပြန်လည်ကောင်းမွန်ရန် အခွင့်အလမ်းကို တိုးပွားစေသည်။

  • Readers Rating
  • Rated 3 stars
    3 / 5 (2 )
  • Your Rating



Related Posts