အကြောထုံးခြင်းပြဿနာကိုဖြေရှင်းပေးမည့် Laser Precision
လေဆာကုသမှုသည် varicose veins ကိုကုသရန်အတွက် ဘေးကင်းပြီး ထိရောက်သောရွေးချယ်စရာများ

Table of Contents
Benign Prostatic Hyperplasia (ဆီးကျိတ်ကြီးခြင်း) သည် ဆီးသွားလျှင်နာကျင်ခြင်း ၊ ညဘက် မကြာခဏ ဆီးသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်း ကဲ့သို့သော ဆီးပြဿနာ လက္ခဏာများကို ဖြစ်စေပါသည်။ ထိုသို့ခံစားရပါက အမျိုးသားတိုင်း၏ နေ့စဉ်ဘ၀ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
လက်ရှိတွင်၊ Rezum water vapor therapy ဟုခေါ်သော ရေနွေးရေငွေ့အခြေခံနည်းပညာကို အသုံးပြုကာ ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ကို ကုသရန် အသုံးပြုလာကြပြီဖြစ်ပါသည်။ ၎င်းသည် ဆီးကျိတ်ဂလင်းတစ်ဝိုက်ရှိ ပုံမှန်ပိုကြီးနေသော တစ်ရှူးများကို ဖျက်ဆီးရန် ရေနွေးငွေ့ကို အသုံးပြု၍ ကုသခြင်းဖြစ်သည်။ ခွဲစိတ်ခြင်းနည်းပညာမဟုတ်ပါ။
Rezum water vapor therapy ကုထုံးက ဘယ်လိုမျိုးလဲ??
Rezum စက်မှတစ်ဆင့် ရေနွေးရေငွေ့ကို ဆီးကျိတ်ဂလင်းထဲသို့ အလွန်သေးငယ်သော ဆေးထိုးအပ်ကို အသုံးပြုကာ ဆီးလမ်းကြောင်းမှတစ်ဆင့် ထည့်သွင်းခြင်းဖြစ်ပါသည်။ ထို့နောက် ဆရာဝန်သည် ၁၀၆ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိရေနွေးငွေ့ကို ဂလင်းထဲသို့ ၆-၁၀ ကြိမ်၊ တစ်ကြိမ်လျှင် ၉ စက္ကန့်ခန့် ထုတ်ပေးမည်ဖြစ်သည်။ ထိုအခါ ထည့်သွင်းလိုက်သော ရေနွေးငွေ့သည် ဆီးလမ်းကြောင်းကို ပိတ်ဆို့စေသော ကြီးထွားနေသည့်ဆီးကျိတ်ဂလင်း၏ ဆဲလ်များကို ဖျက်ဆီးရန် ပျံ့နှံ့သွားလိမ့်မည်။ အဲဒီနောက်မှာတော့ ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ကုသတဲ့ လုပ်ငန်းစဉ်က ဆဲလ်သေတွေကို စုပ်ယူသွားပါလိမ့်မယ်။ ဤလုပ်ထုံးလုပ်နည်းပြုလုပ်ပြီး နောက်ထပ် 4-6 ပတ်အတွင်း လက္ခဏာများကို သိသိသာသာတိုးတက်စေသည်။
ပိုမိုသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်
ဝေ့ဌာနီဆေးရုံကြီး ဆီးနှင့်ကျောက်ကပ်ဌာန
+66(0)2-7234-0000 လိုင်းခွဲ 4500
မြန်မာဗိုင်ဘာဟော့လိုင်း +66(0)81-984-5111