Health Article

ထိုင်းနိုင်ငံရှိ ICSI IVF ကုန်ကျစရိတ်ကို ဝေ့ဌာနီဆေးရုံကြီး၌ နှိုင်းယှဥ◌်ချက်

Share:

Vejthani ဆေးရုံရှိ IVF စင်တာသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မျိုးမပွားနိုင်သော လူနာရှင်များ၏ အခက်အခဲကို ကုသမှုပေးနိုင်ပြီး ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးသည့် ICSI IVF အတွက် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။

မျိုးပွားခြင်းဆိုင်ရာ ကုသမှုနှင့် မျိုးမပွားနိုင်ခြင်းဆိုင်ရာ ကုသမှု- အထောက်အကူပြု မျိုးပွားမှုနည်းပညာအသစ်များ (ART) IVF, ICSI, Gift, PGD, IUI, ZIFT, Biopsy, Blastocyst စသည်နည်းပညာအသစ်များဖြင့် ကုသမှုပေးနေပါသည်။

Vejthani ဆေးရုံရှိ IVF ဆေးခန်းသည် အဆင့်မြင့် မျိုးပွားမှုဆိုင်ရာ နည်းပညာအားလုံးကို ပံ့ပိုးပေးနိုင်ပါသည်။ ကျွန်ုပ်တို့ဆေးရုံမှ မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးနှင့် ပက်သက်သော အထူးကုသမားတော်များသည် ပုံမှန်မဟုတ်သော မျိုးပွားခြင်းအခြေအနေများ၊ မျိုးမပွားနိုင်မှုနှင့် ကိုယ်ဝန်ပြဿနာများကို အပြည့်အဝအကဲဖြတ်ပြီး ကုသမှုပေးနိုင်ပါသည်။ ထို့်ပြင် ထိုင်းနိုင်ငံတွင် ကုသနိုင်သော် ICSI IVF မျိုးပွားခြင်းဆိုင်ရာ ကုသမှုများ၏ ထိပ်တန်းကုသမှုကုန်ကျစရိတ်သည် အနောက်နိုင်ငံများတွင် ပေးဆောင်ရမည့်ငွေပမာဏနှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာရှိသည်။

ထိုင်းနိုင်ငံမှ ICSI IVF သည် ပရီမီယံအဆင့်နီးပါးရှိသော ၀◌န်ဆောင်မှုများနှင့်အတူ ကုန်ကျမည့်ပမာဏနှင့် ထိုက်တန်သော ရလာဒ်ကောင်းများကို Vejthani ၏ အကောင်းဆုံး ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော သမားတော်များအဖွဲ့မှ အဓိကထား ကုသတိုင်ပင်ဆွေးနွေးပေးပါသည်။ ကျွန်ုပ်တို့၏ IVF စင်တာမှ ဝန်ထမ်းများကိုယ်တိုင်လည်း ယခုကဲ့သို့ သားသမီးမရရှိသော ‌ေ၀ဒနာဖြစ်သည့် မိသားစုတွင်းပြဿနာကို ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနေသည့် စုံတွဲများ၏ စိတ်ဖိစီးမှုဒဏ်နှင့် စိတ်ပိုင်းဆိုင်ရာအခက်အခဲများကိုလည်း သေချာအလေးထား ဂရုစိုက်ပေးပါသည်။ Vejthani IVF Clinic ၏ ဝန်ဆောင်မှုအားလုံးထဲတွင် လာရောက်တိုင်ပင်ဆွေးနွေးသော တစ်ဦးချင်းစီအတွက် နွေးထွေးဖော်ရွေသော ပတ်ဝန်းကျင်ဖြစ်အောင်နှင့် ကုသမှုအစီအစဥ◌်များကိုလည်း စိတ်တိုင်းကျပြီး ရလာဒ်ကောင်းထွက်လာစေရန်အတွက် အဓိက ဦးစားပေးဖြစ်ပြီး မိသားစုတိုင်း၏ သားလှရတနာ သမီးလှရတနာများဖြစ်စေရန် လိုအပ်ချက်အသေးစိတ်များကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခြင်းမှာ ကျွန်ုပ်တို့ ICSI IVF ၏အဓိကရည်မှန်းချက်များထဲမှတစ်ခုဖြစ်သည်။

ယခုအခါတွင် Vejthani Fertility Center မှ အထောက်အကူပြု မျိုးပွားမှုနည်းပညာသည် IVF ပြုလုပ်ရန်သာမက လူနာများအတွက် အသင့်တော်ဆုံးအခြေအနေပေါ်မူတည်ပြီး ရွေးချယ်စရာအမျိုးမျိုးဖြင့် ရွေးချယ်ကုသမှုခံယူနိုင်အောင် အကြံပြုပေးပါသည်။ ဤလုပ်ထုံးလုပ်နည်းများသည် အောင်မြင်မှုရလာဒ်ကို တိုးမြင့်လာစေရန်အတွက် သမရိုးကျကုထုံးများဖြစ်သည့် သားဖွားစေနိုင်သောဆေးများကဲ့သို့ သမားရိုးကျကုထုံးများနှင့် တွဲဖက်ထားသည်။ အထူးသဖြင့် ART ဆေးကို ရာသီစက်၀◌န်း ၃ကြိမ်လာပြီးတိုင်း တခါသောက်သုံးခြင်းဖြင့် ကလေးမွေးဖွားနိုင်ခြေကိုဖြစ်ပေါ်စေသည့်နည်းများဖြစ်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (1 )
  • Your Rating



Related Posts