Health Article

မျိုးရိုးဗီဇဆိုင်ရာ ကင်ဆာ စစ်ဆေးခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း

Share:

မျိုးရိုးဗီဇသည် ကင်ဆာအမျိုးအစားများစွာကို ဖြစ်ပွားစေသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လက်ရှိတွင် မျိုးရိုးဗီဇစစ်ဆေးမှုသည် ကင်ဆာဖြစ်နိုင်ခြေကို စတင်တွေ့ရှိစေနိုင်ပြီး ကင်ဆာပိုမိုမဆိုးလာစေရန် နေထိုင်မှုပုံစံကို ပြန်လည်ထိန်းညှိပေးနိုင်ပါသည်။ ထို့အပြင် ကင်ဆာလူနာများတွင် မျိုးရိုးဗီဇစစ်ဆေးမှုကြောင့် ဖြစ်လာသော ကင်ဆာရောဂါအတွက်လည်း တိကျသောကုသမှုလမ်းညွှန်ချက်တစ်ခုဖြစ်စေခြင်းဖြင့် ကင်ဆာကုထုံးများစတင်ရာတွင် ပုံမှန်ဆဲလ်များကို ထိခိုက်မှုမရှိစေပါ။

Vejthani ဆေးရုံမှ ကင်ဆာရောဂါ ပညာရှင် ဒေါက်တာ Natchadol Kittiwararat က ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် ဗီဇပေါင်း 20,000 ထဲမှ ကင်ဆာနှင့် ဆက်နွှယ်နေသည့်ဗီဇမှာ 500 နီးပါးရှိကြောင်း ရှင်းပြခဲ့သည်။ ၎င်းတို့ကို အုပ်စုနှစ်စု ခွဲထားသည်။ ပထမတစ်မျိုးမှာ ဆဲလ်များ၏ ကြီးထွားမှုနှင့် ပွားခြင်းကို လှုံ့ဆော်ပေးသည့် Oncogenes ဖြစ်သည်။ ဒုတိယအုပ်စုမှာ ပျက်စီးနေသော DNA များကို ပြန်လည်ပြုပြင်ပေးပြီး ဆဲလ်များပွားခြင်းကို နှေးကွေးစေသော ပုံမှန်မျိုးဗီဇများဖြစ်သည့် ကင်ဆာကျိတ်ကို နှိမ်နင်းပေးသည့် ဗီဇများဖြစ်သည်။ အဆိုပါ ဗီဇများ ကောင်းမွန်စွာ မလုပ်ဆောင်ပါက ဆဲလ်များ အလွန်အကျွံ များပြားလာပြီး နောက်ဆုံးတွင် ကင်ဆာဖြစ်စေသည်။

လူအများစုသည် မွေးဖွားလာသည်နှင့်အတူ ကင်ဆာဖြစ်စေသော မျိုးဗီဇများပါလာတတ်သော်လည်း ကင်ဆာအခြေအနေကို ကူးပြောင်းနိုင်ခြင်းမရှိနိုင်ပါ။ သို့သော် ယင်းဗီဇများ ပြောင်းလဲသွားသောအခါမှာသာ ကင်ဆာအခြေအနေသို့ ကူးပြောင်းသွားခြင်းဖြစ်ပါသည်။ ကင်ဆာဖြစ်စေသော ဗီဇပြောင်းလဲမှု နှစ်မျိုးရှိသည်။

Germline ဗီဇပြောင်းလဲခြင်း- ဤမျိုးဗီဇမူမမှန်မှုကို မျိုးအောင်ခြင်းမပြုမီ ဆဲလ်များတွင် စစ်ဆေးနိုင်သည်။ ပုံမှန်မဟုတ်သော မျိုးဗီဇများသည် မိခင်နှင့် ဖခင်တို့၏ သားဥနှင့် သုက်ပိုးများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ဤမျိုးရိုးဗီဇ မူမမှန်သူသည် မျိုးရိုးဗီဇကို သူ/သူမ၏ သားစဉ်မြေးဆက်များသို့ ပေးပို့နိုင်သည်။ BRCA ဗီဇပြောင်းလဲမှုများသည် ရင်သားကင်ဆာဖြစ်နိုင်ချေ 60% နှင့် သားအိမ်ကင်ဆာ 50% တိုးစေသည်။ သို့သော်၊ BRCA ဗီဇတွင် ဗီဇပြောင်းလဲမှုများကို တရုတ်မျိုးနွယ်တွင် တွေ့ရခဲပြီး တွေ့ရှိနိုင်ခြေမှာ ၅ ရာခိုင်နှုန်းအောက်သာရှိသည်။ အခြားတစ်ဖက်တွင်၊ ဂျူးလူမျိုးများ၏ 80% ကျော်တွင် BRCA မျိုးဗီဇပြောင်းလဲမှုများရှိသည်။ Germline ဗီဇပြောင်းလဲခြင်း ရှိသူတွေဟာ ငယ်ရွယ်စဉ်ကတည်းက ကင်ဆာဖြစ်တတ်ပါတယ် ။ ဥပမာအားဖြင့်၊ ရင်သားကင်ဆာသည် အသက် ၄၅ နှစ်ကျော်သူများတွင် အများအားဖြင့်တွေ့ရှိရသော်လည်း၊ Germline ဗီဇပြောင်းလဲခြင်းရှိသူများသည် အသက် 20 နှစ် သို့မဟုတ် 30 နှစ်များတွင် တူညီသောကင်ဆာဖြစ်နိုင်ချေရှိသည်။ ကင်ဆာသည် ရင်သားနှစ်ဖက်စလုံးတွင် ဖြစ်ပွားလေ့ရှိပြီး အခြားကင်ဆာအမျိုးအစားများ ဖြစ်ပေါ်လာနိုင်သည့်အပြင် မိသားစုဝင်များတွင်လည်း ဖြစ်နိုင်ခြေရှိပါသည်။

Somatic ဗီဇပြောင်းလဲမှု- ဤမျိုးဗီဇပြောင်းလဲမှုမျိုးသည် မျိုးအောင်ပြီးနောက် ဖြစ်ပေါ်သည်။ ဓာတ်မှန်ရိုက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အချို့သော ဓာတုပစ္စည်းများကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းများကြောင့် ဗီဇပြောင်းလဲခြင်းများ ဖြစ်နိုင်သည်။ ဤအချက်များအားလုံးသည် မျိုးဗီဇများကို ပျက်စီးစေပြီး ၎င်းတို့ကို မျိုးပွားစေခြင်း သို့မဟုတ် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် ပွားများလာခြင်း၊ ထိန်းချုပ်မှုမရှိတော့သော ကင်ဆာမျိုးဗီဇများအဖြစ် တိုးပွားလာစေနိုင်သည်။ Somatic mutation ကို လူများစွာတွင် တွေ့ရှိရပြီး အသက်ကြီးလာသောအခါတွင် ပေါ်လာတတ်သည်။ သို့သော် ယင်းဗီဇများသည် ၎င်းတို့၏ သားစဉ်မြေးဆက်သို့ သယ်ယူသွားမည်မဟုတ်ပါ။

မျိုးရိုးဗီဇ ကင်ဆာစစ်ဆေးခြင်းဆိုသည်မှာ မွေးစမှစပြီး မျိုးရိုးအလိုက် အမွေဆက်ခံသော ဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြစ်ပြီး ခန္ဓာကိုယ်အတွင်း ဗီဇကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေကို ခန့်မှန်းပေးသည့် စစ်ဆေးမှု

တစ်ခုဖြစ်သည်။ စစ်ဆေးခြင်းအား သွေးစစ်ခြင်း၊ တံတွေး သို့မဟုတ် ပါးစောင်ဆဲလ်များမှတစ်ဆင့် စစ်ဆေးနိုင်သည်။ သို့သော်၊ သွေးစစ်ဆေးမှုသည် အတိကျဆုံးနှင့် ယုံကြည်စိတ်ချရဆုံးဖြစ်သည်။ သင့်တွင် မျိုးရိုးဗီဇ ကင်ဆာဖြစ်နိုင်ချေမရှိပါက သင့်ကျန်းမာရေးကို လက်ရှိအသက်အရွယ်ပေါ်မူတည်၍ ဂရုစိုက်သင့်သော်လည်း နေထိုင်မှုကြောင့် ကင်ဆာပြောင်းလဲစေနိုင်သည့် ကြာရှည်ခံပစ္စည်းများပါသော အစားအစာများ အမြဲစားခြင်း၊ ကင်ထားသောအစာများ သို့မဟုတ် ဆေးလိပ်သောက်ခြင်း၊ မကြာခဏ အရက်သောက်ခြင်း ကဲ့သို့သော အခြားသော ကင်ဆာဖြစ်စေသော အကြောင်းရင်းများကို သတိပြုသင့်သည်။ ထိုအချက်များအားလုံးသည် မျိုးရိုးဗီဇထက် ကင်ဆာဖြစ်နိုင်ချေပိုများပါသည်။

မိမိကိုယ်ကို ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားနေလျှင် ဗီဇစစ်ဆေးမှုရလာဒ်အရ လူနေမှုပုံစံပြောင်းလဲခြင်းနေထိုင်နိုင်ခြင်းကြောင့် ကင်ဆာမဖြစ်ပွားမီ ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်မှုကို ကာကွယ်ပေးပါသည်။ အချို့သော ကင်ဆာအမျိုးအစားများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန် ဆေးဝါးများသုံးစွဲခြင်း၊ ပတ်ဝန်းကျင်မှ ကင်ဆာဖြစ်ပွားစေသော အခြေအနေများမှရှောင်ရှားခြင်းနှင့် အလေ့အထများ ပြောင်းလဲခြင်းတို့မှလည်း ကင်ဆာဖြစ်ပွားမှုကို တားဆီးပေးပါသည်။ ဥပမာအားဖြင့်၊ BRCA ဗီဇပြောင်းလဲမှုများတွေ့ရှိပြီး ခွဲစိတ်ရမည့် အခြေအနေဖြစ်ပါက ရင်သားနှစ်ဖက်လုံးကို ခွဲစိတ်ပြီး ရင်သားအစားထိုးခြင်းဖြင့် နောင်တချိန်တွင် မလိုလားအပ်သော ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချပေးမည်ဖြစ်သည်။

မျိုးရိုးဗီဇဆိုင်ရာ ကင်ဆာရောဂါကို စစ်ဆေးခြင်းအား အောက်ပါလူအုပ်စုများအတွက် အကြံပြုထားပါသည်။

  • ကင်ဆာရောဂါရှာဖွေတွေ့ရှိခြင်း သို့မဟုတ် အသက် 50 နှစ်မတိုင်မီ မိသားစုဝင်တစ်ဦးတွင် ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခြင်း
  • မျိုးရိုးလိုက်သော ကင်ဆာမျိုးဗီဇ၏ မိသားစုရာဇဝင်ရခြင်း
  • အမျိုးသားလူနာများတွင် ရင်သားကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိခြင်း
  • ကင်ဆာအမျိုးအစားများစွာရှိသူဖြစ်ခြင်း
  • မျိုးရိုးလိုက်သောကင်ဆာဖြစ်နိုင်ခြေကို သိလိုသူများ
  • အနာဂတ်မိသားစုအရေးအတွက် ကလေးယူရန် ပြင်ဆင်လိုသူများ

ကင်ဆာရောဂါရှိပြီးသား လူနာများအတွက် မျိုးရိုးဗီဇစစ်ဆေးခြင်းအား အသားစကို တစ်ရှူ သို့မဟုတ် ကိုယ်တွင်းအရည်မှ ယူပြီး စစ်ဆေးပါသည်။ Liquid biopsy သည် ကိုယ်တွင်းအင်္ဂါတစ်ခုမှထွက်လာသော သွေးအတွင်းရှိ ကင်ဆာဆဲလ်များကို စစ်ဆေးရန်ဖြစ်ပါသည်။ ယခုအခါ မျိုးရိုးဗီဇစမ်းသပ်မှုနည်းပညာများ တိုးတက်လာသဖြင့် ကိုယ်ခန္ဓာမှ မျိုးဗီဇတစ်မျိုးတည်းကိုသာသုံးရန် မလိုအပ်တော့ပါ။ ပုံမှန်မဟုတ်သော ဗီဇကို တွေ့ရှိသည်အထိ တစ်ကြိမ်လျှင် မတူညီသောမျိုးဗီဇတစ်ခုစီကို စမ်းသပ်ခြင်းနိုင်သလို တစ်ခါတစ်ရံတွင် လိုအပ်သောတစ်ရှူးများ မလုံလောက်မှုကြောင့်အခြားနေရာမှတစ်ရှူးများကိုလည်း ယူရခြင်းမျိုးရှိပါသည်။ ထိုသို့စုဆောင်းခြင်းသည် ကုသမှုအစီအစဉ်တစ်ခုအတွက် အချက်လက်သေချာရရှိရန် အချိန်များစွာကြာတတ်သည်။

လောလောဆယ်တွင် ကျွန်ုပ်တို့တွင် Multigene Panel Testing (NGS) ဟုခေါ်တဲ့ မျိုးဗီဇ 500 ကျော်ကို တစ်ကြိမ်တည်းစမ်းသပ်နိုင်သည့် နည်းပညာရှိနေပါပြီ။ ၎င်းသည် တစ်ရှူးများကို အစိတ်အပိုင်းများစွာခွဲ၍ ဖယ်ရှားပြီး စမ်းသပ်မှုကြာချိန်ကို လျှော့ချပေးသည်။ Multigene Panel Testing သည် ဆရာ၀◌န်မှ ကုသမှုဆုံးဖြတ်ရန်နှင့် ပစ်မှတ်ထားသောကုထုံးတွင်အသုံးပြုသောဆေးဝါးများ၏တုံ့ပြန်မှုများကို လေ့လာသိရှိနိုင်ရန် အကူအညီပေးပါသည်။ ယေဘုယျအားဖြင့် multigene panel testing သည် မွေးဖွားစဉ် သို့မဟုတ် မွေးပြီးနောက်ပိုင်း မျိုးရိုး

လိုက်သော မျိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်သည့် ကင်ဆာအပါအဝင် မည်သည့်ကင်ဆာအမျိုးအစားတိုင်းကိုမဆို စမ်းသပ်ရန် အသုံးပြုနိုင်သည်။

“ဤနည်းပညာမှာ ကင်ဆာရောဂါကာကွယ်ခြင်းနှင့် ကုသခြင်း၏ တိုးတက်မှုဖြစ်ပြီး၊ လူနာများကို ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ဆဲလ်များကို မထိခိုက်စေခြင်း၊ ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများမဖြစ်စေခြင်းဖြင့် အထိရောက်ဆုံးနှင့် တိကျသောကုသမှုကို ရရှိနိုင်စေရန် ကူညီပေးသည်။ မိသားစုရာဇဝင်ရှိသူများနှင့် ၎င်းတို့တွင် မျိုးရိုးလိုက်ကင်ဆာဖြစ်နိုင်ခြေရှိမရှိကို သိရှိလိုသူများအတွက် မျိုးရိုးဗီဇစစ်ဆေးမှုပြီးနောက် မိမိတို့၏ စိုးရိမ်ပူပန်မှုကို လျော့ကျစေနိုင်သည်။ သို့သော်လည်း ကင်ဆာဖြစ်နိုင်ခြေရှိခဲ့ပါကလည်း စောလျင်စွာသိရှိနိုင်ခြင်းကြောင့် မဆိုး၀◌ါးအောင် ကာကွယ်ပေးဖို့ များစွာအထောက်အကူဖြစ်စေပါသည်။” ဟု ဒေါက်တာ Natchadol က ပြောသည်။

ဆက်သွယ်စုံစမ်းရန်

မြန်မာ စင်တာ ဗိုင်ဘာ +66819845111 ကိုလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • Readers Rating
  • Rated 5 stars
    5 / 5 (3 )
  • Your Rating